Allen & Jimmy Facial Masks Review


Hello …. အားလုံးပဲ မင်္ဂလာပါရှင့်
ဖြိုးပအားလုံးကို Product review လေးတွေမပြောတာကြာတာကြောင့် လက်တလော သဘောကျနေတဲ့ Skincare Products လေးတမျိုးကို Review လေးပေးချင်လို့ပါ။ အခုပြန်ပြီးဖောက်သည်ချပြောပြမယ့် Product လေးကတော့ www.kc.com.mm ကနေ မြန်မာနိုင်ငံကို တင်သွင်းတဲ့ Allen & Jimmy “Magic Mirror” ဆိုတဲ့ Facial Sheet Mask လေးတွေပဲ ဖြစ်ပါတယ်။
www.kc.com.mm က ဖြိုးပရဲ ထိုင်ဝမ်က အသိတစ်ယောက်ကနေ ထောင်ထားတဲ့ online shopping website တစ်ခုပါ။ သူ့ဆီမှာ ရောင်းတာလေးတွေ ပြတော့ ဖြိုးပအတင်းကို တောင်းယူထားတဲ့ Sheet Mask လေးတွေပေါ့နော် ။

*** ဒီ Sheet Mask လေးတွေက ဖြိုးပလက်ထဲကို March လကုန်ထဲက ရောက်နေတာပါ. Review ပေးမယ် ပေးမယ်နဲ့ (ပျင်းနေတာကြောင့်) မရေးဖြစ်ပဲ အခုမှ တင်ပေးလိုက်ရတာပါ။ ** not a sponsored review **


What’s Allen & Jimmy Sheet Mask?

ဒီ Brand ကို မြန်မာပြည်ကသူတွေကတော့ ကြားဖူးမှာ မဟုတ်ပါဘူး။ နောက်တော့ ကြားဖူးလာမှာပါလို့ Supermarket တွေမှာ တင်တော့မယ်ကြားတယ်။
သူက Taiwan based Skin Company ကထုတ်တဲ့ Sheet Mask လေးတွေပါ။ Taiwan, Philippine နဲ့ Thailand တွေမှာတော့ လူသုံးများတာကို ဖြိုးပ Research တွေအရသိရပါတယ်။ Allen & Jimmy က FDA Approved ဖြစ်ပြီး သူ့ကို Taiwan Skin Expert & Dermatologist တွေကနေ ထုတ်လုပ်ထားတယ်လို့ ဖတ်ရပါတယ် ။

ဖြိုးပကျန်တာတော့ သေချာမသိပေမယ့် ဒီ mask တွေကတော့ သာမန် Asian Skincare Sheet Mask တွေထက် ဈေးမြောက်ပါတယ်။ အကုန်လုံး ၁သောင်းကျော်ဈေးတွေပဲ ဖြစ်ပြီး တစ်ဗူးမှာ ၂ ထုတ်ပဲပါပါတယ်။ သူက SKII တို့လို luxury တော့ မဟုတ်ပေမယ့် လုံးဝ Skin Clinic တွေကထုတ်ထားတာဖြစ်လို့ အာမခံချက်တွေနဲ့ အတူဈေးမြောက်နေတာပါ။ ပုံတွေထဲမှာ Product ဖောက်ပြထားပြီး ဖြိုးပတို့ ညီအမတွေသုံးထားတဲ့ ပုံလေးတွေ ပြထားပါတယ်။
ပြီးတဲ့အခါကျတော့ price range တွေကလဲ တစ်မျိုးနဲ့တစ်မျိုး မတူကြပါဘူး။ ဖြိုးပသိရသ​လောက်​ သူတို့ရဲ့ ပါဝင်​တဲ့ Ingredients ​တွေ​ကြောင့်​ ​ဈေးကွာသွားတယ်​သိရပါတယ်​။

အို​ခေ ဖြိုးပ Products အမျိုးအစား​လေး​တွေနဲ့လဲ မိတ်​ဆက်​​ပေးပါမယ်​။
Allen & Jimmy က sheet mask ကိုပဲ ၄ မျိုးလာပါတယ်​။
1. Algae Chamomile Oil-balance Clear Facial Mask (အစိမ်း​ရောင်​)
2. Shea Butter Collagen Facial Mask (အဝါ​ရောင်​)
3. Shiconix sodt Revive Nourishing Facia Mask (ခရမ်း​​ရောင်​)
4. Snail-squalane Extreme Collagen Facial Mask (အပြာ​ရောင်​)

ဒီ Sheet Mask ​တွေအကုန်​လုံးက​တော့ အသား​ရေကို ဖြူ​ဖွေး​စေတယ်​၊ ​ပျောင်း​ပျောင်းနူးညံ​အောင်​ လုပ်​​ပေးတာပါ။ ပြီး​တော့မှ မိမိအသား​ရေအလိုက်​ ကြိုက်​နှစ်​သက်​ရာ အမျိုးအစား​လေးကို ​ရွေးသုံးလို့ရပါတယ်​။ ဖြိုးပအကြိုက်​ဆုံးက​တော့ Shea Butter Collagen အမျိုးအစားဟာ​လေးဖြစ်​ပါတယ် ။

ဖြိုးပ Products အမျိုးမျိုးကို ​ပြောပြပါဦးမယ်​။ အရင်​ဆုံး အာ့မရှင်းခင်​ ဖြိုးပရဲ့ review ​လေးကို အရင်​​ပြောပြချင်​ပါတယ်​။
➽➽➽ Packaging - ဗူး​လေးနဲ့လာပြီး အထဲမှာက ၅ ခုပါပါတယ်​။ (ဖြိုးပကို​တော့ ၂ ခုဆီပဲ သူငယ်​ချင်းက ထည့်​​ပေးလိုက်​ပါတယ်​ 😜😜)

➽➽➽ Sheet Mask Quality - sheet mask ​လေးကို အိတ်​ထဲကထုတ်​လိုက်​ရင်​ အစိမ်းဖက်​​လေးရယ်​ ပလပ်​စတစ်​ဖက်​​လေးရယ်​ ၂ ခုထုတ်​ပြီး ​ခေါက်​ထည့်​ထားတာပါ။ တကယ့်​ sheet mask ​လေးက အဲ့ ၂ ခုကို ဖယ်​လိုက်​ရင်​ ထွက်​လာပါတယ်​. Japan ပိုးချည်​မျှင်​နဲ့ လုပ်​ထားပြီး အရမ်းကို ပါးလွှာပါတယ်​။

➽➽➽ အဲ့​တော့ ​မေးစရာတစ်​ခုရှိပါတယ်​. ။ sheet mask မှာပါတဲ့ Skincare Serum နဲ့ essence ​တွေကို စုတ်​ယူထားနိုင်​ပါ့မလားဆိုတာ​ပေါ့​နော်​.။ ဖြိုးပကြည့်​လိုက်​တာ​တော့ သူကကြည်​လင်​ ပါးလွှာ​နေတာက Serum နဲ့ essence ​တွေကို အပြည့်​စုတ်​ထားလို့ ​ဖြစ်​​နေတာပါ။ အဝတ်​​ခြောက်​သွားတဲ့အခါ ချည်​ထည်​​လေးအတိုင်း ကျန်​ခဲ့ပါတယ်​။

➽➽➽ပြီး​တော့ မျက်​နှာ​ပေါ်ကပ်​တဲ့ အခါ အချိုးကျ​ပြေပြစ်​ပါတယ်​။ မျက်​လုံး​ပေါက်​နဲ့ ပါးစပ်​​ပေါက်​အတွက်​ ​သေချာ​ဖောက်​ထား​ပေးပြီး လွယ်​လွယ်​နဲ့ ကွာကျမှာမဟုတ်​ပါဘူး။ ပြီး​တော့ Sheet ရဲ့ Quality က​ကောင်းလွန်းလို့ ကပ်​ထားမှန်း မသိသာပါဘူး (ဒီအချက်​က အပို​ပြောတာမဟုတ်​ပါ) အခြား Sheet mask ​တွေလို့ ထူထူထဲထဲ ဖြစ်​​နေတာမဟုတ်​ပဲ ပုံထဲပြထားသလို အသားနဲ့ တစ်​​ပြေးထဲ ဖြစ်​​နေ​တော့ ​နေလို့​ကောင်းပါတယ်​​။

➽➽➽ Actual Sheet Mask Quality - ဒီ mask ​လေးကို ဖြိုးပ တစ်​ပတ်​တခါသုံးပါတယ်​။ တစ်​လကို ၃ ကြိမ်​​လောက်​ လုပ်​ပါတယ်​။ ဒီ​မေလထဲမှာ သိသိသာသာ အပတ်​တိုင်းသုံးဖြစ်​ပါတယ်​။ တစ်​ခါကပ်​ရင်​ ၁၅ မိနစ်​က​နေ မိနစ်​ ၂၀ အထိပဲ ထားပါတယ်​။
ပိုမထားဖြစ်​​အောင်​😢 သတိထားပါတယ်​။ ဘာလို့လဲဆို​တော့ အရင်​က Sheet mask ကို လှချင်​​ဇောနဲ့ နာရီဝက်​​ကျော်​ထိထားတာ တမျက်​နှာလုံး နီရဲ့ပြီး allergic ထဖူးလို့ပါ။

➽➽➽ Effect - သုံး​နေတဲ့ အချိန်​မှာလဲ ... ဖြိုးပမျက်​နှာမှာ Sheet Mask ကပ်​ထားလို့ ပူ​လောင်​​နေတဲ့ ခံစားချက်​မျိုး မရပါဘူး ။ Serum နဲ့ Essence ​တွေက အရည်​ပုံစံထက်​ပိုပြီး ပစ်​တယ်​ အဲ့​တော့ လည်​ပင်း​တွေကို စီးကျတာမျိုးလဲ မဖြစ်​ပါဘူး။ (အတည်​​ပြောတာပါ) ဖြိုးပက​တော့ သုံးပြီးချိန်​ကို သ​ဘောကျပါတယ်​။ ခွာချလိုက်​တာနဲ့ ဖြိုးပမျက်​နှာ နဂိုထက်​ ပိုပြီး သိသိသာသာ ဖြူ​နေ​စေတယ်​​လေ။

➽➽➽ ဖြိုးပအရင်​လတုန်းက မျက်​နှာ​ရော ကိုယ်​ခန္ဓာ တစ်​ခုလုံး ညိုမဲညစ်​ညမ်း​နေတာ​တွေကို ဒါ​လေးသုံးလို့ ပြန်​ဖြူလာတာလဲ ပါပါတယ်​. ဖြိုးပအခြား Whitening products ​တွေလဲ သုံးတယ်​ဆို​ပေမယ့်​ ဒီ Sheet mask ​လေးဟာလဲ ​တော်​​တော်​ကို ထိ​ရောက်​တဲ့ Skin treatments ​လေးပါ။
ဖြိုးပသုံးဖြစ်​တာ​လေးက​တော့ shea butter colleagen ဟာရယ်​ Algae Chamomile Oil-balance အဓိကသုံးဖြစ်​ပါတယ်​။
★★★★ Rating ​ပေးရမယ်​ဆိုရင်​​တော့ 4 stars ​ပေးပါတယ်​ရှင့်



Products တစ်​ခုချင်းစီအ​ကြောင်း​လေး​တွေ ​အောက်​မှာ ​ရေး​ပေးထားပါတယ်​။

၁. Algae Chamomile Oil-balance Clear Facial Mask (အစိမ်း​ရောင်​)
One box price - 13050 kyats
သူက​တော့ အဆီပြန်​တက်​တဲ့ အသား​ရေ​တွေအတွက်​ အသင့်​​တော်​ဆုံးပါ။ အဆီ​တွေကို ဖယ်​ရှားထိန်းသိမ်းနိုင်​ပြီး Chamomile ​ကြောင့်​ အသား​ရေကြည်​လင်​ပြီး ​ချွေး​ပေါက်​ကျဉ်း​စေပါတယ်​။ အနံ့​လေးက​တော့ ပန်းနံ့မ​ရောက်​ တ​ရောက်​​လေးပါ။

၂. Shea Butter Collagen Facial Mask (အဝါ​ရောင်​)
One box price - 11250 kyats
ဒီအဝါ​လေးက​တော့ ဖြိုးပအကြိုက်​ဆုံးပါ။ သူကို သုံးပြီးတာနဲ့ အသား​ရေတင်းရင်​တာနဲ့ ဖြူတာကို ခံစားရပါတယ်​။ Sheet Mask က​နေ့ အသား​ရေ ကြည်​လင်​ဖြူလာတာ မ​တွေ့တာ​တော်​​တော်​ကြာပြီ​လေ။ အဝါ​ရောင်​​လေးက Shea Butter က ရတဲ့ Collagen ဓာတ်​အဓိကပါဝင်​တာပါ။ အသား​ရေကို တင်းရင်​​စေဖို့ အဓိကပါ။ ပြီး​တော့ သခွားသီးအရည်​ပါတယ်​ hydrating gel ​တွေလဲပါဝင်​တဲ့အတွက်​ အသား​ရေကို အစိုဓာတ်​လဲ ​ပေးနိုင်​ပါတယ်​။ အနံ့ေ​လးသင်းသင်း​လေးပါတယ်​။ ဘာနံ့လဲ​တော့ မ​ပြောတက်​ဘူးရှင့်
📝 သူ့ကို အသက်​၂၀​ကျော်​အရွယ်​ အသား​ရေအ​ပြောင်းအလဲနဲ့ ​ခြောက်​ခမ်းလာတာ .. အသား​ရေ​လျော့တွဲလာသူတို့ အသုံးပြုသင့်​ပါတယ်​။

၃. Shiconix sodt Revive Nourishing Facia Mask (ခရမ်း​​ရောင်​)
One box price - 12600 kyats
ဒီအမျိုးအစား​လေးက​တော့ Shiconix ဆိုတဲ့ ပန်းတမျိုးရယ်​ Chamomile ပန်း​လေးရယ်​ အဓိကပါဝင်​ပါတယ်​။ ပြီး​တော့ ​ထောပတ်​သီးအဆီ၊ သခွားသီး​ရေနဲ့ အသား​ရေ ကြည်​လင်​ဖို့အတွက်​ လိုအပ်​တဲ့ essential oil ​တွေလဲ ပါဝင်​ပါတယ်​။ Shiconix အဆီက အသား​ရေရဲ့ Cell ​တွေကို အား​ဖြည့်​​ပေးပြီး မျက်​နှာအသား​ရေ​ပေါ်က အမာရွတ်​​တွေအတွက်​ အရမ်း​ကောင်းပါတယ်​ ။ Chamomile နဲ့​ပေါင်းပြီး အသား​ရေကို ပြန်​လည်​အား​ဖြည့်​​ပေးတဲ့ Mask အမျိုးအစားဖြစ်​တာ​ကြောင့်​ အနာအစာများတဲ့ အသား​ရေအတွက်​ သင့်​​တော်​ပါတယ်​။

၎. Snail-squalane Extreme Collagen Facial Mask (အပြာ​ရောင်​)
One box price - 12150 kyats
ဖြိုးပဒီအမျိုးအစားကို မစမ်းရ​သေးပါဘူး။ ဒါ​ပေမယ့်​ သူ့ရဲ့ Products information ​လေးကို ပြန်​​ပြောပြ​ပေးပါမယ်​။ Snail products ​တွေက ဖြိုးပတို့ ​ဈေးကွက်​ထဲမှာလဲ နာမည်​ကြီးပါပဲ . သူက အသား​ရေအစိုဓာတ်​ကို ဖြည့်​​ပေးပြီး နုပျို​စေတယ်​။ အသား​ရေတင်း​စေတယ်​​လေ။ ဒီ Sheet Mask ထဲမှာလဲ Snail Collegen ပါဝင်​လို့ အသား​ရေအစိုဓာတ်​ကို မဟားတရား ​ပေးနိုင်​ပါတယ်​ အဲ့တာအပြင်​ ငါးမန်းအဆီဖြစ်​တဲ့ Squalane ပါဝင်​​သေးတယ်​တဲ့။ (ဖြိုးပအာ့ကြီး မကြားဖူးပါဘူး) ပြီး​တော့ Vitamin B5 နဲ့အခြား အဆီ​တွေပါဝင်​ပါ​သေးတယ်​။ သူက နဲနဲပိုပြင်း​ပေမယ့်​ Sensitive skin သမား​တွေပါ သုံးလို့ရ​အောင်​ ထုတ်​ထားတယ်​လို့လဲ သိရပါတယ်​။ ဖြိုးပက​တော့ မသုံးရ​သေးလို့ စမ်းပြီးပြန်​​ပြောမယ်​​နော်​.
အကယ်​လို့ စိတ်​ဝင်​စားလို့ ဝယ်​ယူချင်​တယ်​ဆိုရင်​​တော့ ဖြိုးပဝယ်​လို့ရမယ့်​ online shopping link ​လေးထည့်​​ပေးထားလို့ အားလုံး သ​ဘောကျမယ်​လို့ ​မျှော်​လင့်​ပါတယ်​။

👇👇👇
http://www.kc.com.mm/index.php…
 
Thank you so much for reading my long review 😘 #PhyopapaBlogs
Follow my blog with Bloglovin

Comments

Popular Posts