Sun Rays & Early Aging [knowledge]

Follow my blog with Bloglovin
☀☀☀☀
ပျိုမေတို့ရေ ဖြိုးပ အရွယ်မတိုင်ခင် ရင့်ရော်မှုနဲ့ ပတ်သက်ပြီး World of beauty book ထဲကဖတ်မိသမျှလေးနဲ့ ကိုယ်တိုင်သိတာ သေးသေးလေး ပေါင်းပြီး ပြန်ပြောပြလိုက်ပါတယ်။
အခုနောက်ပိုင်းကလည်း ရာသီဥတုက မတရားပူလာတာရော ပျိုမေတို့က အသားရေ ထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး သိထားတာလေးတွေ လွဲနေတာလေးတွေကို သတိပေးလိုပါတယ်ရှင် 


အားလုံး ဆက်ဖတ်ပြီး မသိတာလေးတွေ မေးခဲ့နော်။

အရွယ်တင် နုပျိုဖို့ဆိုတာ အချက်နှစ်ချက်ပေါ မူတည်ပါတယ်။ နေထိုင်မှုပုံစံ life style နှင် မျိုးရိုးဗီဇ ဖြစ်ပါတယ်။ မိဘတွေဟာ အသက်ကြီးပိုင်းမှာ အရွယ်တင်သူများဖြစ်ရင် သင်လည်း မျိုးရိုးဗီဇ အရ အရွယ်တင်နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လို ဘဝနေထိုင်မှုပုံစံမျိုးကို ကျင့်သုံးသလဲ၊ ဘယ်မှာနေသလဲဆိုတဲ့ အချက်ကလည်း အရေးပါလှပါတယ်။


ဒါကြောင့် ဘဝနေထိုင်မှုပုံစံ မမှန်ကန်ခဲ့ရင် ရှိရင်စွဲ အသက်ကို ပိုပြီး ရင့်ရော်စေပါတယ်။


- နေပူစာလှုံခြင်း၊ နေရောင်ခြည်နဲ့ အထိအတွေ့များခြင်းဟာ ပုံမှန်လို ဖြစ်နေခဲ့ရင် ရှိရင်းစွဲ အသက်ကို အနှစ် ၂၀ ထည့်ပေါင်းပါ။
နေပူစာလှုံတဲ့ ပက်လက်ကုလားထိုင် Sun Beds များကလည်း UVA ခရမ်းလွန် ရောင်ခြည် စုပ်ယူထားပြီ ပြန်လည်ထုတ်လွှတ်နေတဲ့အတွက် သဘာဝ နေရောင်ခြည်နဲ့ တိုက်ရိုက် ထိတွေ့ခြင်းထက်တောင် ဆိုးဝါးတယ်လို့ အရေးပြားအထူးကုများ ပြောကြားချက်အရ သိရလို့ လုံးလုံးလျားလျား ရှောင်ရှားသင့်ပါတယ်။

- စိတ်ဖိစီးမှုဒဏ် ခံစားနေရလျှင် သုံးနှစ် ထည့်ပေါင်းပါ။ အရက်၊ ကဖိန်းဓာတ်များကို အလွန်အကျွံ မှီဝဲခဲ့ရင်လည်းလူကို ဆိုးဆိုးရွားရွား အရွယ်ကျစေပါတယ်။
အအိပ်ပျက်ခြင်းနဲ့ အစာမစားဘဲ နေခြင်းတို့နဲ့ ပေါင်းစပ်လိုက်ရင် ပိုမိုဆိုးဝါးမှာ ဖြစ်လို့ စိတ်ဖိစီးမှုကို လျော့ချပေးနိုင်မယ့် နည်းလမ်းများကို ရှာဖွေသင့်ပါတယ်။

- ရက်တိုဓာတ်စာ စားခြင်း (Crash dieting) မကြာခဏ ပြုလုပ်ပါက ၁၀ နှစ်ထည့်ပေါင်းပါ။ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြတ်တောက်လိုက်သလို ဖြစ်စေပါတယ်။ အသားအရေတွေ ပျော့အိတွဲကျ စေတတ်ပါတယ်။

- မြို့ပြမှာ နေသူဖြစ်ပါက ငါးနှစ်ထည့်ပေါင်းပါ။ အင်တီအောက်ဆီးဒင့် (antioxidant) ပါတဲ့ ခရင်(မ်)များလိမ်းပေးခြင်းဖြင့် အပျက်အစီးများတဲ့ အသားအရေကို ပြန်လည် သန့်စင်ပေးပါ။

- အစာအာဟာရ မပြည့်ဝခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆပ်ပြာအပြင်းစားများ၊ ကြေးချွတ်ဆေး အခြေခံဖြင့် ပြုလုပ်သောအစိုဓာတ် ထိန်းဆေး detergent-based moisturizers အသုံးများခြင်းများ၊ အရက်သောက်ခြင်းနှင့် အိပ်ရေးပျက်ခြင်းများကလည်း လူကိုလျင်မြန်စွာ ရင့်ရော်စေပါတယ်။

နေရောင်ခြည်ဒဏ် မသင့်ရလေအောင် နေထိုင်နည်း
Get Some Sun Sense
- နေ့လယ်ခင်း ၁၁နာရီကနေ ညနေ၄ နာရီအထိ နေသာမနေသည့်တိုင် ပြင်ပသို့သွားတိုင်း အကာအကွယ်ပြု၍ သွားပါ။


- နေရောင်ကာဆေးကို လိမ်းပြီးမှသာ အပြင်ထွက်ပါ။
- ရေကူးပြီး နေမလောင်စေရန် ရေကိုခြေက်သွေ့အောင်သုတ်ပါ။
ရေစက်များမှာမှန်ဘီလူး magnifying glass ကဲ့သို့ဘအလင်းပြန်မှုရှိပြီး နေလောင်ဒဏ်ကို ပိုပြီးခံစားရစေနိုင်ပါတယ်။


- နေရောင်ကာဆေး ဝယ်ရင် နေကာအဆင့်ပြကိန်း SPF ကို အသေအချာ စစ်ဆေးကြည့်ပြီးမှ ဝယ်ယူပါ။
UVA အကာအကွယ်ပြု နေရောင်ကာဆေးကို ရွေးချယ်သုံးပေးပါ။

- UVA နေရောင်ခြည်များက ကားမှန်ကို ထိုးဖောက် ဝင်ရောက်နိုင်လို့ ကားမောင်းစဉ် UVA အကာအကွယ်ပြု နေရောင်ကာ လိမ်းဆေးကို မဖြစ်မနေ လိမ်းပေးပါ။

- မျက်ဝန်းတစ်ဝိုက်ရှိ အရေပြားကို အကာအကွယ် ပေးနိုင်ဖို့ နေကာမျက်မှန် ခပ်ကြီးကြီးကို အသုံးပြုပါ။ နေရောင်ကာဆေးပါ အလှကုန်ပစ္စည်းများရဲ့ သက်တမ်းဟာ ဖောက်သုံးပြီးနောက် တစ်နှစ် သက်တမ်းသာရှိလို့ တစ်နှစ်အတွင်း အကုန်ဘဲ ကျန်နေသေးရင် မသုံးပါနဲ့။ အသစ် ထပ်ဝယ်ပါ။

- နေရောင်ကာဆေးကိုမျက်နှာနဲ့ လက်မှာ နေ့စဉ်လိမ်းပေးတဲ့ အကျင့်ကို မွေးမြူပါ။ နေရောင်ကာဆေး (သို့မဟုတ်) SPF ၁၅ ဆပါတဲ့ ထိန်းဆေးကို မိတ်ကပ်အောက်ခံ အဖြစ်လိမ်းပေးပါ။

ဖြိုးပအခုတလော Loreal UV perfect က spf 50++++ သုံးနေပြီး UVA & UVB ကာကွယ်ပေးလိုစ့် Reivew လေးလာဖို့ ရှိတာရော ကြိုအကြောင်းကြားလိုက်ပါတယ်။

Like & share လေးလုပ်ပြီး သူငယ်ချင်းတွေကို ဆက်လက်ဝေမျှပေးပါအုန်းနော်။

#‎phyopapablogs

Comments

Popular Posts