My Go to Summer Makeup 2016

Follow my blog with Bloglovin


ပျိုမေတို့ရေ ဖြိုးပဒီညနေတော့ Summer Look လေးတောင်းတာများတော့ နွေရဲ့အရောင်အသွေးနဲ့ ပူလောင်မှုတွေကြားထဲ ရွှေအိုရောင်အညိုဆန်ဆန်လေး ပြင်ချင်သူတွေအတွက် ဒီ Makeup look လေးက အဆင်ပြေမယ် မျှော်လင့်ပါတယ်။

လန်းလန်းဆန်းဆန်း ဖြစ်စေမယ့် Makeup look လေးမျိုးလည်း လုပ်ပေးချင်ပါတယ်။ ဒါပေမယ့် ဘာလုပ်ရမှန်း မသိလို့ အကြံပေးခဲ့ပါအုန်း။

အခုလို Rose Gold ရောင်လေး နည်းနည်းနဲ့ Red lips လေးကိုတော့ ဖြိုးပကိုယ်တိုင် ကိုယ့်လက်ရှိ အသားရောင်နဲ့ လိုက်ဖတ်မယ်ထင်လို့ လိမ်းကြည့်မိတာပါ။ ဖြိုးပက အရမ်းရေကူးတော့ အသားကလည်း အရင်ထက်ကို ၃ဆ လောက်မည်းသွားတော့ Bronze ဖြစ်ပြီး Summer Glow လိုမျိုးလေးနဲ့ပဲ လိုက်ဖတ်တော့တယ်။ ခပ်နုနုအပြင်အဆင်လေးတွေဆို မဲသွားတာ အရမ်းသိသာတယ်။

ဒီတော့ ဖြိုးပအကြံပေးချင်တာကလေ ဖြိုးပလက်ရှိ အသားလို ခပ်ညိုညိုအသားရောင်ရှိတဲ့ ပျိုမေတို့တွေ ဒီလို Makeup look လေးနဲ့ဆို မိမိရဲ့ ညိုတဲ့အသားကို ပိုပြီးကြည့်ကောင်းဆွဲဆောင်မှု ရှိအောင်ပြင်ဆင်နိုင်မှာပါ။ အသားလတ်သူ ဖြူသူတွေကော ချယ်သလို့ကောင်းပါတယ်နော်။ ပိုလန်းသွားမှာပေါ့။ :-)

Product lists ပုံ ၂ မှာကြည့်နော်။
ပထမဆုံး UV protector လေးကို ခပ်ပါးပါးလိမ်းပေးပါ။ နွေရောက်ပြီဆိုတော့ ကြောက်စရာ UV rays တွေကနေ ဝေးဝေးနေသင့်တယ်လေ။ Loreal UV perfect ရဲ့ Aqua Essence အပြာဗူးလေးက oily skin သမားတွေအတွက် အဆင်ပြေပြီး အပေါ်က မိတ်ကပ် Foundation လိမ်းလည်း အဆီပြန်ခြင်းမရှိဘဲ အသားထဲ စိတ်ဝင်လွယ်တယ်လေ။

ဖြိုးပက Catrice ရဲ့ Velvet Finished လေးကို essence က all about matte foundation လေးနဲ့ ရောလိမ်းထားတယ်။ Catrice အရောင်က ဖြိုးပလက်ရှိအသားရောင်နဲ့ ယှဉ်ရင် နုနေလို့ Essence ကတော့ တရောင်ထဲကျတာလေးနဲ့ ရောသမမွှေလိုက်တယ်။ foundation ၂ မျိုးလုံးက  oily skin နဲ့အရမ်းအဆင်ပြေလို့ သဘောကျနေပါတယ်ရှင်။ :-)

Step 3 ကိုတော့ Face powder သုံးတယ်တို့ ဘာတို့ပေါ့နော်။ အခုလောလောဆယ် ဖြိုးပရဲ့ personal fave ကလေးသုံး ၀ိုင်အိုလက်ပေါင်ဒါနေရာကို အစားထိုးဝင်လိုက် တာကတော့ Essence ရဲ့ all about matte pressed powder လေးပါ။ Translucent powder တွေလို အရောင်အဆင်း ပေးနိုင်တာကြောင့် ဘယ်လိုအသားရောင် ဖြစ်ဖြစ် သုံးနိုင်ပါတယ်။

နောက်ထပ်ပြီး Brows ကို elf eyebrow kit (medium) အရောင်လေးနဲ့ ပုံဖော်တယ်။ ပြီးမှ မျက်လုံးချယ်ပါတယ်။ ဖြိုးပ Eye shadow colors ၃ မျိုးသုံးထားပါတယ်။ အကုန်လုံး Urban Decay Naked 3 pallette ကပါ။
ပထမဆုံး  Naked 3 ထဲက Nooner+limit အရော အရောင်လေးကို transition colors အနေနဲ့ crease မှာပြေပြေလေးချယ်တယ်။
မျက်ခွံတခုလုံးကို trick  ရွှေအိုရောင်လေး ချယ်ပေးလိုက်တယ်။
Inner corner မျက်အိမ်ထောင့်လေးကို  Dust+burnout အရော  လေးချယ်ပြီး အောက်မျက်ခမ်းကိုလည်း Crease ကိုချယ်တဲ့   အရောင်ကိုပဲ သုံးထားလိုက်ပါတယ်။
ဖြိုးပက Falsie လေးနဲ့ဆို ပိုပေါ်မယ်ထင်လို့ Meilinda Falsie no. 2 လေးတပ်ထားပါတယ်။ သိတဲ့အတိုင်း မညီဘူးပေါ့နော်။

Step by step ကို ပုံလေးပြထားတယ်နော်။

ပြီးမှ Jordana Powder Blush (stardust) ဆိုတာလေးကို Soft contour လေးလုပ်လိုက်တယ်။ အသားက ညိုပြီးသားဆိုတော့ အရမ်းညိုတာတေ သုံးစရာမလိုတော့ဘူးလေ။
Hightlight အနေနဲ့က Naked 3 ထဲက shimmer shadows လေး၂ခုကို ရောပြီး နှာခေါင်းထိပ်နဲ့ ပါးရိုးတလျှောက် ပြေပြေလေး ချယ်လိုက်ပါတယ်။

နောက်ဆုံးမှာတော့ Lipstick ကို nude မဆိုးပဲ NYX matte lipstick က Alabama ဆိုတဲ့ အနီရောင်လေးကို ဆိုးလိုက်တော့ အဆင်ပြေသွားတယ်လို့ ကိုယ့်ဘာသာကိုယ်ထင်တယ်။
ပျိုမေတို့က Red lips မကြိုက်ရင် အခြားအရောင်လေးတွေ အစားထိုးဆိုးလည်း အဆင်ပြေမယ့် Makeup အပြင်အဆင်လေးပါရှင့်။

ဖြိုးပကတော့ ကိုယ်တိုင်ပြင်ဖြစ်နေတဲ့ Summer makeup လေးပြောပြပြီးပြီနော်။ စိတ်တစား လိုက်ဖတ်ပြီး Like & share လုပ်ပေးမယ်ဆို တကယ်ပျော်မိမှာပါ။
အဆင်မပြေ နားမလည်တာရှိရင် မေးခဲ့ပါနော်။

Be a summer goddess everyone!

#phyopapablogs 






Comments

Popular Posts