L'oreal UV Perfect [Aqua Essence] Review


Follow my blog with Bloglovin
 
Hola ပျိုမေတို့ရေ
"Loreal UV Perfect Aqua Essence Review" လာပါပြီရှင် 



ဖြိုးပအများကြီး နားမလည်ပေမယ့် ဒီ product လေးကို သုံးထားပြီး ကိုယ်တွေ့လေး ပြန်ဝေမျှဖပေးတာနော်.
အရင်ဆုံး Loreal UV perfect product လေးကို ပြောပြမယ်နော်။

Loreal UV perfect က 4 မျိုးထုတ်ထားပါတယ်။
UV perfect Aqua Essence
UV perfect Even Complexsion
UV perfect Transparent
UV perfect Instant white တို့ပါပဲ။ ဖြိုးပတို့ Blogger Phyodaybydayအမတော့ ၄ မျိုးစလုံးကြောင်း product information ပေးထားပါတယ် ဝင်လေ့လာလိုက်အုန်းနော် ။

အခုဖြိုးပပြောပြမှာကတော့ Aqua Essence အမျိုးအစားပါ။ products အားလုံးက SPF 50++++ PA Long UVrays တွေထိ ကာကွယ်နိုင်ပါတယ်။ 


Ingredients


- Mexoryl SX/XL Filters ဒီ filters တွေကတော့ Loreal Laboratory ကပဲ ရှာဖွေဖော်ထုတ်ထားတဲ့ အရမ်းကို ထိရောက်တဲ့ UVrays အကုန်လုံးကို ကာကွယ်နိုင်တယ်လို့ သိရပါတယ်။
- Detoxyl အသားရေပေါ် ညစ်ညမ်းမှုတွေက ကာကွယ်ပေးနိုင်ပါတယ်။
- Active-Cell & Powderful Anti Oxidant Complex လဲပါဝင်တယ်။
- Powderful skincare effect တွေလည်း ပါဝင်လို့ အသားရေကို စိုပြေနေစေပြီး နူးညံချော့မွေစေပါတယ်။
- Color Equalizer technology သုံးထုတ်ထားလို့ မိမိအသားရောင်နဲ့ လိမ်းလိုက်တာနဲ့ တပြေးညီတည်း ဖြစ်အောင် ညှိပေးနိုင်စွမ်း ရှိပါတယ်။
ကဲ ဒီလောက်ဆို UV perfect လေးရဲ့ အခြေခံ အကြောင်းအရာလေးတွေတော့ သိလောက်ပြီပေါ့။ 



📌📌 My Review


Packaging ကနေစပြောမယ်ဆို Aqua Essence ရဲ့ အရောင်လေးက အစသဘောကျတယ်။ အပြာကြိုက်သူမို့ပါ။ သေချာလေး ထောင်ထားလို့ရအောင်နဲ့ အိတ်ထဲဆောင်သွားလို့ ရအောင်ထိ Design ထုတ်ထားပုံရတယ်။
ဗူးအပြင်မှာလည်း product information ကိုဖော်ပြထားပြီး ဘယ်လို လိမ်းသင့်တယ်ကအစ ပြောပြထားတာ ပါတယ်ဆိုတော့ မသိတဲ့ သူတွေကော သေလ
ချာကြည့် လိမ်းနိုင်ပါတယ်။ 


Products Quality အနေနဲ့ ဖြိုးပသုံးတဲ့ Aqua Essence ကတော့ water base ထုတ်ထားပြီး gel ဆန်ဆန် အရည်ကျဲပုံလေးလာပါတယ်။ အရောင်ကတော့ အဖြူညစ်ညစ် အရောင်လေးပါ။ အနံနည်းနည်းပါတယ်။ Aqua Essence ကတော့ combination and oily skin သမားတွေအတွက် အသင့်တော်ဆုံးပါ။
လိမ်းတဲ့အခါ အဆင်ပြေ အသားပေါ် ပျော်ဝင်လွယ်တယ်။ ပုံ ၂ မှာ ဖြိုးပအဆင့်ဆင့်လေး ပြထားတယ်နော်။ gel အရည်လေးတွေက အသားပေါ် ဖြန့်လိမ်းရလည်း အဆင်ပြေပြီး အခြား sunblock တွေလို စေးစေးကပ်ကပ်နဲ့ အကွက်လိုက်ကြီး လိမ်ထားမှန်း မသိသာပါဘူး။ အသားထဲ သေချာစိပ့်ဝင်ပြီး အဆီပြန်ခြင်း ကင်းပါတယ်။ 


Product Decription မှာပြောပြထားတာကတော့ 12 hours UV protector ဆိုပေမယ့် တကယ်ဆိုရင်တော့ 3 နာရီလောက်ဆို ဘယ် sunblock ဖြစ်ဖြစ် အာနိသင် ပျယ်တာကြောင့် ဒီအချက်ကတော့ ပြောပြထားသလို ဖြစ်နိုင်မယ် မထင်ပါဘူး။ 

📝📝 My Experience


ဖြိုးပကတော့ Loreal UV perfect လိမ်းတာက weekdays တွေမှာ မသိသာဘူး indoor နေတာများတယ်လေ။ ကိုယ်ကအပြင် မသွားဘူးဆိုပြီး မလိုဘူးမထင်ပါနဲ့နော်ာ်။ မီးရောင်တေကလာတဲ့ Rays တွေကလည်း နေရောင်နီးပါး လူကို ဒုက္ခ ပေးလို့ sunblock လိမ်းပေးသင့်ပါတယ်။ 

Weekends မှာတော့ ဖြိုးပက နေ့ဝက်လောက်ကို ရေကူးဖြစ်တယ်လေ။ မကူးခင် မျက်နာပြင်အနံ့ လိမ်းပြီး ရေထဲဆင်းတယ်။ 3 နာရီခြား တခါထပ်ထပ်လိမ်းတယ်။ သိသာတာက ဖြိုးပမျက်နာကလေ အကွက်လိုက် မဲနေတာ ယားနေတာ လုံးဝမဖြစ်ပဲ ညီညီညာညာလေး tan ဖြစ်နေတာပါပဲ။ သူထဲမှာတော့ ရေစိုခံမခံပြောမထားပေးမယ့်လေ ဖြိုးပကတော့ ရေထဲမှာ မျက်နာကို ပွတ်မပစ်သရွေ့ အသားပေါ်မှာ တင်ရှိနေတယ်ဆိုတာ ခံစားမိပါတယ် ။ ဒါကြောင့် Water Festival ဆိုရင်လည်း အဆင်ပြေမယ်ဆိုတာ သိနေတယ်လေ။ 

လိမ်းပြီးနောက်ပိုင်း အသားရေ Breakout မပြောနဲ့ ယားတာကအစ မဖြစ်ဘူး။ totally no side effect for my skin 👍👍
Product Quality နဲ့ ပတ်သက်ပြီး weak points ကမရှိသလောက်ပါပဲ။


ပျိုမေတို့ကို အခုနွေမှာမှ မဟုတ်ပဲ အမြဲသုံးနိုင်အောင် review လေးပေးလိုက်တယ်နော်။
စမ်းသုံးချင်တယ် လေ့လာချင်တယ်ဆိုရင်လည်း Loreal Counter တိုင်းမှာ tester 4. မျိုးလုံးလည်း ရှိလိုစ့် မိမိနဲ့ ကိုက်တာလေးကို ရွေးချယ်သုံးစေချင်ပါတယ်။

အားလုံး ပျော်ရွှင်ပါစေ။ 

#‎phyopapablogs

 
Declaimer: this product is sponsored by Loreal Myanmar and thank you so much for the amazing gift.

Comments

Popular Posts