How to Make your Scents Last All Day

Follow my blog with Bloglovin

Perfume!

ပျိုပျိုမေကြီးငယ်မရွေး စွဲလမ်းပြီး မြတ်နိုးရတဲ့ အလှကုန်တခု ... မိမိစိတ်ကြိုက် Personal favorite scents လေးကို စွတ်ထားရုံနဲ့ တနေကုန်လန်းဆန်းပြီး အခက်အခဲတွေ အားလုံးကျော်လွှားနိုင်ပြီး လန်းလန်းဆန်းဆန်း ဖြစ်အောင် Perfume ကလုပ်ဆောင်ပေးနိုင်တယ်ဆိုတာ မဟုတ်ပါလားရှင် (_)
ပျိုမေတို့ရေ ဖြိုးပဒီညနေတော့ မိန်းကလေးတိုင်း စွဲလမ်းပြီး နှစ်ခြိုက်ရတဲ့ ရေမွှေးလေးတွေကို သုံးစွဲတဲ့အခါ ရေမွှေးအနံ့လေးတွေ စွဲမြဲစွာ ကိုယ်ပေါ်မှာ ကျန်ရှိနေစေဖို့ ဖြိုးပသိထားတဲ့ နည်းအလွယ်လေးတွေကို ပြန်ပြောပြပေးမယ်နော်။ 

တခုသတိပေးချင်တာက ဘယ်ရေမွှေးကိုမှ အဝတ်အစားပေါ် စွတ်မပေးနဲ့နော်။ အဲ့ဒါကမှားယွင်းတဲ့ နားလည်မှုတခုဖြစ်ပါတယ်။ 

ဖြိုးပကိုယ်တိုင် အကြောင်း ပြောပြရမယ်ဆိုရင် ဖြိုးပက Perfume Crazy တော့မဟုတ်ပါဘူး။ Daily life အတွက် မိမိစိတိကြိုက် ထပ်တူကျတဲ့ အနံ့မျိုးကိုသာ စွဲသုံးလေ့ရှိသူပါ။


ပုံထဲမှာ ပြထားပေးတာတွေကတော့
1. Essence Perfume (like a JUMP in the pool)
2. Victoria Secret Fragrance Mist (pure seduction bloom limited edition)
3. Elizabeth Arden Perfume (green tea scent)


Essence Perfume (like a JUMP in the pool)
Victoria Secret Fragrance Mist (pure seduction bloom limited edition)
Elizabeth Arden Perfume (green tea scent)
လွယ်ကူသက်သာပြီး တကယ်ထိရောက်တာလေးတွေမို့လို့ ဆက်ဖတ်ပြီး လိုက်လုပ်စေချင်ပါတယ်။ 

၁. Vaseline/ Moisturizer
အခုနောက်ပို်င်း ပျိုမေတိုင်းလိုလို Vaseline ဂျယ်လီအလှဆီ အသုံးဝင်ပုံတွေ သိကြမယ်ထင်ပါတယ်။ ဟုတ်ပါတယ်။ ရေမွှေးစွတ်တဲ့အခါလဲ အနံပိုစွဲစေဖို့ လုပ်ဆောင်ပေးနိုင်ပါသေးတယ်။ မိမိရဲ့ Pressure Points တွေဖြစ်တဲ့ လက်ကောက်ဝတ် နားရင်း လည်ပင်း တဒေါင်ကွေးနဲ့ ခြေသလုံးအကွေးနေရာ (ကြား) နေရာမျိုးတွေမှာ Vaseline ကိုအနည်းငယ် ပွတ်လိမ်းပေးထားပါ။ ပြီးမှ Perfume စွတ်ပေးမယ်ဆို အချိန်ကြာကြာခံပြီး အနံ့အသက် ကိုယ်ပေါ်ရောက်လိုစ့် ပြောင်းသွားတာ ပျယ်သွားတာ မရှိပါဘူး။ အနံ့ အသက်မရှိတဲ့ body lotion သို့ moisturizer တမျိုးမျိုး သုံးလည်းရပါတယ်နော်။ 


၂. Pulse Points
သွေးပြန်ကြော ရှိတဲ့နေရာတွေ ကိုစွတ်ပေးမယ်ဆိုရင်လည်း မိမိအသားထဲက သွေးခုန်နှုန်း နှင့်အတူ Perfume ရဲ့ရနံ့က ကြာကြာခံနိုင်တယ်ဆိုတာတော့ အားလုံး သိပြီးသားလို့ ထင်ပါတယ်။ ဘယ်နေရာတွေလဲဆိုတော့ မိမိရဲ့ လည်တိုင်၊ နားသံသီးအောက်၊ လက်ကောက်ဝတ် နေရာတွေပေါ့။ 


၃. Hairs
ဆံမျှင်တွေက တကိုယ်လုံးမှာ အနံ့ကို အချိန်အကြာဆုံး ထိန်းထားနိုင်ပြီး အကယ်လို Perfume ကိုဆံသားနဲ့ လည်ပင်းအစပ်နေရာလေး သို့ ဘီးလေးပေါ်မှာ မိမိ perfume လေးဖြန်းပြီး ခေါင်ဖီးပေးမယ်ဆိုရင်တော့ မိမိဆံသားလေးတွေ ပေါ်မှာ အနံ့သင်းသင်းလေး ကျန်ရှိနေမှာဖြစ်ပြီး လှုပ်ရှားမှုတိုင်းမှာ Perfume အနံ့ကို ခံစားနိုင်မှာပါ။ (ဆံသားပေါ် တိုင်ရိုက်ဖြန်းတာတော့ မလုပ်သင့်ပါ)


၎. Spray over shower
ဖြိုးပတို့တွေက ရေချိုးပြီးချိန်မှာ ကိုယ်ပေါ်က ချွေးပေါက်လေးတွေက သန့်စင်ပွင့်နေမှာပါ။ ဒါကြောင့် ချိုးပြီးကာစအချိန်မှာတင် Perfume oil or Body mist တွေကို အသုံးပြုမယ်ဆိုရင် အသားထဲ စိမ့်ဝင်လွယ်ပြီး အသားကနေပဲ တနေကုန်အနံ့ထိန်းထားနိုင်ပါတယ်။ 


၅. Keep it cold
ဖြိုးပတို့ Perfume Bottle လေးတွေကလည်း အရမ်းကို စွဲဆောင်မှုရှိရှိ လှပနေတော့ Vanity ပေါ်တင်ပြီး အလှထားချင်စရာလေးတွေပါ။ ဒါပေမယ့် Perfume တွေက အလင်းတိုက်ရိုက်ရ ပူတဲ့နေရာတွေမှာသာ ထိန်းသိမ်းထားမယ်ဆိုရင် သူတို့ရဲ့ အနံ့ထိန်းနိုင်စွမ်း လျောသွားတယ်လို့ သိရပါတယ်။ ဒါကြောင့် ပျိုမေတို့အသဲစွဲ perfume bottle လေးတွေကို အလင်းကာပြီး အေးတဲ့နေရာမျိုးမှာ သေချာသိမ်ပြီး သုံးစွဲပေးပါက perfume ရဲ့ လုပ်ဆောင်ချက်က ပိုမိုကောင်းမှာဖြစ်ပါတယ်ရှင့်။ 


အခုလို ပူပြင်းလှတဲ့ summer မှာ လူကြားသူကြား အနံ့အသက်မကောင်တာမျိုး ဖြစ်တက်တာကြောင့် ပျိုပျိုကိုကို အားလုံး အထက်ပါအချက်လေးတွေကို စမ်းလုပ်ရင်း မိမိ perfume အနံ့လေးကို တနေကုန်မွှေးပျံ့နေအောင် လုပ်ဆောင်နိုင်ကြပါစေနော်။ 


Like & share လေးလုပ်ရင် မိမိချင်ခင်ရသူတွေနဲ့ မျှဝေပေးပါအုန်း။ 

#phyopapablogs


Thank you so much for Essence Perfume - sponsor by Essence Myanmar

Comments

Popular Posts