"Flare is BACK as BEST"

Follow my blog with Bloglovin

#‎TrendReport
ပျိုမေတို့ရေ ဖြိုးပကလေ Fashion အကြောင်းတွေ Trend တွေတော့ သိပ်နားမလည်ပေမယ့် တခါတလေ Fashion ရေစီးကြောင်းလေးတွေ သိထားတာလေးတွေကိုတော့ ချစ်ရတဲ့ ပျိုပျိုမေတို့ကို ပြန်လည် ပြောပြပေးချင်ပါတယ်။ 


အဲ့တာကြောင့် #‎phyopatrendreport ကိုလုပ်လိုက်တာပါ။ ဒီလိုမျိုးပိုစ့်ကို ၁ ပတ်ခြားတစ်ခါစီတင်ပေးမဲ့ အကြောင်းလည်း တခါတည်း အကြောင်းကြားလိုက်ပါတယ်။
 

Flare Jeans ဆိုတာကြား ဖူးကြမယ်တော့ ထင်ပါတယ်။ ဒီမှာဆို ဒူးအောက်ပိုင်းက ပွသွားပြီး ခေါင်းလောင်းဘောင်းဘီ လို့လည်း ခေါ်ပါတယ်။ ဒီစတိုင်မျိုးကို 1970, 1980 & 1990 လောက်က မွေးတဲ့သူတွေဆို သိမှာပါ။ ၀တ်လည်း ၀တ်လိုက်ရမှာပါ။ ဖြိုးပအလယ်တန်းလောက်ထိ ခေတ်စားလို့ ၀တ်ဖူးပါတယ်။
ဝတ်ခဲ့ဖူးသူများ Feeling လေးပြောပြခဲ့အုန်း။ 


အခုလည်း 2015 နှစ်ကုန်ကနေစပြီး Europe မှာပြန်ခေတ်စားလာပါပြီ။ အရင်တုန်းကလိုတော့ Disco ပုံတေမ၀တ်တော့ပဲ Minimal ဆန်ဆန် Plain shirt, sweater, & tank top လေးတွေနဲ့ ၀တ်လာတာကို တွေ့နိုင်ပါတယ်။ ပုံထဲမှာလည်း US Fashion blogger တွေရဲ့ အမိုက်စား Street Style လေးတွေ ဝေမျှပေးလိုက်လို့ လေ့လာနိုင်ပါတယ်။ 

ဒီ Flare Jeans လေးကို ၀တ်ချင်သူတွေတွက် သတိထားသင့်တာလေး ပြောပြချင်ပါတယ်။
အရမ်းအရပ်ပုသူစစ်လေးတေကတော့ ပုံ ၁ ထဲကလောက်ပဲ ပွတာကို ရွှေးသင့်တယ်။ ဒေါက်လေးပဲ စီးသင့်တယ်။ ပုသူတေနဲ့ မလိုက်လို့ပါ။

နောက်တခုကတော့ စတိုင်ကျချင်ရင် အပေါ်က အဆင်အကွက်ပါတဲ့ အတွန့်အတက် အင်္ကျီမျိုးကို ရှောင်ပြီး ရိုးရှင်းတဲ့ ဒီဇိုင်းမျိုးနဲ့ တွဲဝတ်ပေးပါ။ အရမ်းကို ရှုပ်ထွေးကြောင်စီစီဖြစ်နိုင်လိုစ့်ပါ။
ဦးထုတ်လေးသာ ဆောင်လိုက်မယ်ဆို အရမ်းမိုက်သွားမှာ သေချာပါတယ်။ 

ဖြိုးပက 2016 မှာပြန်ခေတ်စားမှာလေးပဲ သိလို့ပါ။ ဘယ်လိုရွေး ဘယ်မှာဝယ်နိုင်လည်း ပြောမပြနိုင်တာ Sorry နော်။ 


I love u #‎phyopapablogs

Comments

Popular Posts