DIY Brow Shapers

Follow my blog with Bloglovin
မိမိနဲ့ လိုက်ဖတ်တဲ့ မျက်ခုံးမွေး မဖော်တက်လို့ စိတ်ညစ်နေသူ၊ မျက်ခုံး ညီညီညာညာ မဆွဲတက်၊ အချိန်ကြာနေသူတွေအတွက် DIY Brow Shaper လုပ်နည်းလေး တင်ပေးမယ်နော်။ 

ဒီ Brow shapers လေးတွေက အခုနောက်ပိုင်း online shopping တွေမှာတွေ့နေပေမယ့် ပုံစံတမျိုးတည်း လာတာရယ် ဈေးများတာရယ်ကြောင့် သုံးဖို့ အဆင်မပြေတဲ့ စစ်တွေအတွက် ဒီနည်းလေးက အဆင်ပြေမှာပါ။ 

How to do -

အရင်ဆုံး Brow Shapes တွေပုံတွေ ပြထားတဲ့ ထဲက မိမိလက်ရှိ မျက်ခုံးနဲ့ ပုံနီးပါးတူတာလေးကို အရွယ်စားတူ ပုံဆွဲကျပါ။
ပုံတူအောင် ဆွဲတက်စရာမလိုပါဘူး။ မိမိမျက်ခုံးလေးပေါ်တင် အရာလေးယူပြီး သေသပ်အောင် နောက်မှ ပြန်ပြင်လို့ရပါတယ်။ 

ဖြိုးပကတော့ စမ်းလုပ်တာမိုလို့ စက္ကူနဲ့ပဲ လုပ်လိုက်တယ်။ 
တကယ်ကောင်းတာကတော့ ကော်ပြား သို့ စာအုပ်ဖုံး ဖလင်ပြားလေးတွေနဲ့ လုပ်မယ်ဆို ကြာကြာခံပြီး မပျက်စီးနိုင်ပါဘူး။
နောက် အသုံးပြုမယ်ဆိုရင်တော့ မိမိမျက်ခုံးပေါ် အသေချာ အသာအယာလေးတက်ပြီး Brow Powder သို့ brow pencil နဲ့ ပုံစံခွက်ထဲ ဖြည့်ဆွဲပေးရုံပဲ။
ပြီးတော့မှ သဘာဝကျအောင် ပြန်ဖြန်ပေးလိုက်ပါတယ်။
 ဒါလေးသုံး Brows line ဖော်ပြီး မျက်ခုံးရိပ်လည်း ကောင်းတာမို့ စိတ်ဝင်စားသူ ညီအမများ အိမ်မှာတင် လိုက်လုပ်လို့ ရတယ်။ 



လုပ်ပုံလေးကို ပုံမှာလည်း ပြထားတော့ နားလည်ရလွယ်မှာပါ။


#‎phyopapablogs
 

Comments

Popular Posts