Crazy Rumors Lip Balms Review [Fresh Squeezed]

Follow my blog with Bloglovin

အားလုံး မင်္ဂလာပါရှင့်
ကျွန်မဒီနေ့ ဆောင်းတွင်းအအေးတွက် တကယ်ကို ထိရောက်အဆင်ပြေနိုင်တဲ့ Product လေးတစ်ခုကြောင်း Review လုပ်ပေးပါရစေ။
အဲ့ဒါကတော့ Crazy Rumors lip balm လေးတွေဖြစ်ပြီး ဖြိုးပတို့ကို လက်ဆောင်ပေးပို့ပေးတဲ့ Vivo Beauty Myanmar မှ မခိုင်သဉ္ဇာအောင် ကိုလည်းကျးဇူးတင်ပါတယ Vivo Beauty Myanmar 
အရင်ဆုံး Lip Balm လေးတွေကောင်းကျိုးပြောပြပါ့မယ်။

Lip balm သုံးသင့်တဲ့အချက်လေး တေကတော့ -

၁။ နှုတ်ခမ်းသားလေးတွေက မျက်နာသားထက် ပိုမိုပါးလွှာပြီး ခြောက်သွေ့လွယ်တဲ့ အတွက်ကြောင့် lip balm လေးတွေ သုံးပေးခြင်းဖြင့် နှုတ်ခမ်းသားကို Hydrate ဖြစ်စေနိုင်ပြီး ခြောက်သွေ့နေတာတွေ ကွဲအက်နေတာတွေကို တခနလေးအတွင်း ပြုပြင်ပေးနိုင်ပါတယ်။ 

၂။ ဖြိုးပတို့ရဲ့ နှုတ်ခမ်း အပေါ်လွှာလေးတွေ Chapped ဖြစ်နေတာမျိုး အဖတ်တွေကွာတာမျိုးလေး တွေကို Lip balm ဆိုးပေးခြင်းကသာ side effect မရှိ သက်သာနိုင်ပါတယ်။ 

၃။ နှုတ်ခမ်းသားတွေကို ပျော့ပျောင်းအောင် လုပ်ပေးနိုင်ပြီး အခုနောက်ပိုင်း Matte lipstick & liquid lipstick တွေဆိုးမယ်ဆိုရင်တော့ မဆိုးခင် Lip balm လေးဆိုပေးပါက နှုတ်ခမ်းသားမပျက်စီးပဲ ဖူးဖူးလေး ဖြစ်နေနိုင်စေပါတယ်။ 

၎။ lips balm လေးတွေကတော့ SPF လည်းပါဝင်လို့ ဖြိုးပတို့ ဘာမှဆိုးမထားရင်တောင် lip balm လေးကြောင့် နှုတ်ခမ်းသား နေရောင်ကြောင့် ခြောက်သွေ့ပြီး နေလောင်တာမျိုး မဖြစ်နိုင်ပါဘူး။
ဒီ lip balm လေးကို ထုတ်လုပ်တဲ့ ပျော်စရာ မိသားစုလေး အကြောင်းကို www.crazyrumors.com မှာဝင်လေ့လာစေချင်တယ်။


တမိသားစုလုံးက Vegan သတ်သတ်လွတ် သမားတေဖြစ်ပြီး Animal lovers တွေလည်း ဖြစ်လို့ ဒီ Products လေးတွေကိုလည်း Cruelty Free & Vegan ဖြစ်အောင်လုပ်ထားလို့ သဘာဝ product ဖြစ်ပြီး Animal lovers တွေတွက် သိသင့်တဲ့ Brand လေးပါ။ 

ဖြိုးပကိုယ်တိုင်လည်း Vegan လမ်းကြောင်း လျှောက်နေတော့ အခုလို product လေးတွေ့တော့ တကယ်ကို သဘောကျမိပါတယ်။ 


ဒီ Lip Balm လေးမှာ အဓိက ပါဝင်တာတွေက
Macadamia Seed Oil,Extra Virgin Olive Oil, Jojoba oil, Shea Butter တို့နဲ့ Vitamin-E တွေအဓိကပါဝင်ပြီး အခြားသော ingredients ကောင်းတွေပါပါတာကြောင့် နှုတ်ခမ်းကွဲတာ နှုတ်ခမ်းခြောက်တာတွေကိုကောင်းကောင်း ကာကွယ်ပေးနိုင်ပါတယ်။ ချက်ချင်းသက်သာစေတယ်။ 


ဖြိုးပရထားတဲ့ အမျိုးအစားလေးတွေကတော့ Citrus အချဉ်ဖောက်အနံ့အရသာလေးတွေပါ။ Vivo ကနေ ဖြိုးပတို့ Blogger တွေကို ယောက်တမျိုး မတူအောင် ပေးထားတာဆိုတော့ အခြား Blogger ညီအမတွေ Share ထားတာလေးတွေလည်း တချက်လောက် သွားလေ့လာစေချင်ပါတယ်။
ဖြိုးပရထားလေးတွေက ပုံ ၂ ထဲကအတိုင်း ပဲဖြစ်ပြီး အရောင်မပါတာနဲ့ နောက်တခုကတော့ Tinted Balm လေးလုပ်ထားတာပါ။


Packaging ကတော့ ပုံမှန် lip balm လေးတွေတိုင်းပဲဆိုပေမယ့် ဒါလေးက Design အရောင်လေးတွေကို Product Quality နဲ့အညီ လုပ်ထားလို့ Higher Quality ဖြစ်တာ USA made ဖြစ်တာ သိသာပါတယ်။
အထဲက Product ကတော့ ထင်မထားလောက်အောင်ကို ကောင်းတယ်။ ဖြိုးပသုံးဖူးသမျှ Lip balm တွေထက် ကောင်းမွန်ပြီး ဆိုးလိုက်ရင် စိုရွှဲနေတာမျိုး မဟုတ်ပဲ ခပ်ပါးပါးလေးဖြစ်ပြီး Protection layer လေးဖြစ်တာတော့ သိသာပါတယ်။ Allergic လဲမဖြစ်စေတဲ့ သဘာဝLip Balm လေးပါ။ လူတိုင်းမိမိနှစ်သက်တဲ့ အနံ့ ရသာကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ 

အသက်အရွယ်မရွေး ကျားမမရွေးသုံးနိုင်တယ်။ ပြီးတော့ ဆောင်းရာသီမှမဟုတ်ဘူးMatte Lipstick တွေအမြဲ ဆိုးတတ်သူတွေအတွက် မရှိမဖြစ်ဆောင်ထားသင့်တဲ့ Lip Balm လေးဖြစ်ပါတယ်ရှင်။
rating 5 stars ပေးပါတယ်။

စမ်းကြည့်ဖို့ အကြံပြုချင်ပါတယ်ရှင့်။ 


ရရှိနိုင်တဲ့နေရာတွေကတော့...


ရန်ကုန်မှာဆို -
1. Luscious Counter, ရွှေဘုံသာ Superone(ဗိုလ်ချုပ်ဈေးရှေ့)
2. NUXE Counter,တော်ဝင်Centre, Cosmetic Zone, First Floor, Yangon.

မန္တလေ: မှာဆို
3. NUXE Counter, ဦးဘိုအေး 1st Floor, မန်းမြန်မာပလာဇာ၊ ဈေးချို မန္တလေး
4. NUXE Counter, ပတ္တမြားစတိုး 74လမ်းနှင့် 34လမ်းထောင့်, မန္တလေး တို့ဖြစ်ပါတယ်။

သူ့ရဲ့ Facebook Page လေးမှာလဲသွားရောက်လေ့လာနိုင်ပါတယ်။ ဈေးနှုန်းကလည်း သက်သာလို့ မေးချင်လည်း official page မှာ စုံစမ်းနိုင်ပါတယ်။

#‎phyopapablogs


Comments

Popular Posts