All about Body Lotion {basic knowledge}


Body Lotion လိမ်းခြင်းအကြောင်း သိကောင်းစရာများ
what are body Lotion and Cream?
 
ဒီ Product အမျိုးစားကိုတော့ အားလုံး သိပြီးသားဖြစ်တယ်။ မသိသေးသူတွေတွက် ထပ်ပြောပြပေးမယ်နော်။ ထို Product တွေကဖြိုးပတို့ရဲ့ အကြီးဆုံး body part အရေပြားအပြင်ပိုင်း တပြင်လုံးလိမ်းပေးလို့ရတဲ့ body skin care products တွေထဲ အခြေခံကျပြီး အရေးကြီးတဲ့ product ဖြစ်ပါတယ်။
Body Lotion တွေကို Expectations တယောက်တမျိုးနဲ့ မိမိအသားရေ လိုအပ်ချက်ပေါ် လိုက်ပြီး ရွေးချယ် အသုံးပြုကျပေမယ့် ဖြိုးပကတော့ အသားရေ ညီညာစိုပြေပြီး မွှေးနံ့သင်းချင်လို့ပါ။
အခုတော့ ပုံမှန် body cream, or lotion တခုက လုပ်ပေးနိုင်တာလေးတွေ ဖြိုးပတို့ အသားတွက် ကောင်းစေတာလေးတွေ ပြောပြပေးမယ်နော်။

၁. Re-hydrate dried skin.
အသားရေ ခြောက်သွေ့မှုမှ ပြန်လည်စိုပြေစေနိုင်တယ်။
တကယ်တော့ ဖြိုးပတို့လို မြန်မာနိုင်ငံမှာ နေထိုင်သူတွေက နေ့စဉ်လိုလိုကို body treatment တခုအနေနဲ့ body lotion, body butter & body cream တွေကို သုံးစွဲသင့်တယ်လို့ကို ထင်ပါတယ်။ အပြင်သွားသူတွေ နေ၊လေထိသူတွေက body အသားရေကို အရမ်းသတိမထားမိပေမယ့် အသားရေ ခြောက်ခမ်းနှုန်း ပိုများတယ်ဆိုတာ သိထားပါတယ်။ အဓိကအားဖြင့် Sensitive Skin တွေကပိုဆိုးနိုင်ပါတယ်။ ဒါကြောင့် Quality စိတ်ချရတဲ့ Body lotion မျိုးကို ရေချိုးပြီးချိန် အစဉ်လိမ်းပေးခြင်းဖြင့် အသားရေထဲကို သေချာစိမ့်ဝင်နိုင်ပြီး အာနိသင် တကယ်ထိရောက်နိုင်ပါတယ်။ ဒါကြောင့် မိမိနဲ့ အဆင်ပြေဆုံး အကြိုက်ဆုံး Body Lotion ကို ရေချိုးပြီး လိမ်းမိအောင် မြင်သာတဲ့ နေရာမှာ ထားတက်ဖို့လည်း လိုပါသေးတယ်။

၂။ Replenish extra dry or rough spots on the skin.
ခြောက်သွေ့ ကြမ်းတမ်းနေတဲ့ အသားရေကို ပြန်လည်ပြုပြင်ပေးခြင်း။
လူသားတိုင်း နေ့တိုင်းစွဲမြဲပြီး Body Treatment အနေနဲ့ Moisturizing Body Lotion or Cream လေးလိမ်းပေးသင့်ပါတယ်။ ဖြူတာတွေဘာတွေထက် အသားရေ အစိုဓာတ်ကို သေချာထိန်းထားပေးနိုင်မှသာ အသားရေလည်း စိုပြေကျန်းမာလာမှာပါ။ ဒါကြောင့် Chemical များတဲ့ တခနတွင်း ဖြူစေတာမျိုးကို တက်နိုင်သလောက် ရှောင်ပြီး Moisturizer များများပါတဲ့ Body Lotion မျိုးကိုသာ မိမိလက်တံတောင်ဆစ်၊ ဒူးနေရာတို့ကို အဓိကထားပြီး အမြဲတစေ လိမ်းပေးပါ။ ပုံမှန်လိမ်းပေးပါက အသားရေ ကြမ်းတမ်းခြောက်နေတာမျိုးကနေ သိသိသာသာကို လျော့ပါးစိုပြေလာနိုင်ပါတယ်။

၃။. Smooth calluses.
အသားမာတွေ အသားဒစ်ဖြစ်တာမျိုးတွေ အရမ်းကြမ်းပြီး မဲသွားတာမျိုး၊ ငါးမျက်စိဖြစ်တာတွေက နေ့တိုင်း အသားကို Moisturize လုပ်ချင်းကသာ သိသိသာသာ သက်သာစေပြီး Body Oil သုံးခြင်းက ပိုမိုထိရောက်စေပါတယ်။

၎။. Feel and smell good.
အသားရေ ပျော့ပျောင်းပြီး မွှေးကြိုင် လန်းဆန်းစေတာတော့ အမြဲမို့ ဖြိုးပကတော့ Lotion တွေကို သဘောကျစွဲလန်းမိတာပါ။ အရင်က Moisturizer Lotion တွေက အနံ့လေးတွေက အမွှေးကြီး မဟုတ်ပေမယ့် အခုနောက်ပိုင်း Scented Body Cream, body butter တွေကို Bath & Body Works, Victoria Serect တို့လို Brands တွေကနေ ဈေးသက်သက်သာသာနဲ့ ထုတ်လုပ်ရောင်းချပေးနေပြီး ဈေးတွေကလည်း အရမ်းသက်သာတာကြောင့် စိတ်ကြိုက် အနံ့လေးတွေကို ရွေးချယ်သုံးနိုင်ပါတယ်။

၅။. Help yourself relax.
အခုနောက်ပိုင်း Spa တွေမှာဆို Body oil, Herb oil, body cream တွေကို လိမ်းပြီး နှိပ်နယ်ပေးပြီး အပူငွေ့ပေး ပေါင်းခံတာမျိုးတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးလာသလို ထိုကဲ့သို့ ပြုလုပ်ခြင်းက အသားရေသာမက စိတ်လန်းဆန်းစေပြီး Relaxation ဖြစ်စေပါတယ်။

၆။. Soften the roughest parts of your body.
Body Cream & Butter တွေကို သာမာန်တိုင်း သုံးတာထက် အမျိုးသားတွေ အမွှေးအမျှင်ရိတ်ပြီးချိန်၊ Lady တွေ ချေသလုံး Shaving လုပ်ပြီးချိန်တွေမှာ အနည်းငယ်ကို after shave balm or cream အနေနဲ့ သုံးတဲ့အခါ အသားခြောက်တာမျိုး အထိအခိုက်မခံရတာမျိုးတွေ ရှောင်ရှားစေပါတယ်။ ကိုယ်က ဒေါက်ဖိနပ်အမြင့်တေ အရမ်းစီးသူဆိုရင်လည်း ခြေမနောက်ကို အမြဲလို သက်တောင့်သက်သာ ပျော့ပြောင်းနေအောင် body lotion လိမ်းပေးပါ။ တခုနောက်ပိုင်း ဖြိုးပလုပ်ဖြစ်နေတာလေးက လက်တွေဘာတွေ ဆေးပြီးလက်က ခြောက်သွေ့ပြီး ဆပ်ပြာတွေကြောင့် ကြမ်းတမ်းတက်လို့ အမြဲလိုလို လက်၂ဖတ်လုံးကို lotion လိမ်းပေးတယ်။ Hand Cream တွေဆိုပြီး သက်သက်ရှာဝယ်လို့လည်း ရသလို ဖြိုးပကတော့ အိမ်က Body lotion ကိုဘူးသေးသေးလေးနဲ့ ထည့်ပြီး အိတ်ထဲဆောင်ထားတယ်။ ကဲ သက်သာရော ဖြူဖွေးတယ်ဆိုတာမျိုး မယုံဘူး။ အဓိက အသားရေ စိုချင်တာပါ။ ညတိုင်း အိပ်ယာထဲရောက်မှ ကိုယ်တပြင်လုံး လိမ်းပေးခြင်းက ပိုမိုထိရောက်ကောင်းမွန်ပါတယ်။

ဖြိုးပအခုတော့ ဒီလောက်နဲ့ Lotion ကြောင်း General facts လေးတွေ ပြောပြပေးမယ်နော်။ နောက်ပိုစ်သစ်မှာ SPF, anti aging, anti winkle, repairing, whitening pampering, etc အစရှိတဲ့ effect တေပေးနိုင်တဲ့ အကြောင်းလေးတွေ ထပ်ပြောပြပေးမယ်နော်။

Like & share လုပ်ရင်း အားပေးခဲ့အုန်းနော်။
#phyopapablogs

Comments

Popular Posts