Victoria Sweden Egg Soap Pack Review




Follow my blog with Bloglovin ကဲ အလှအပချစ်သူ ပျိုမေတို့ရေ ဖြိုးပဒီည နာမည်ကြီး Bar Soap Brand လေးကို Review ရေးပေးပါရစေ။
Product information အတွက် official page link လေးပေးလိုက်ပါတယ်။
⬇⬇⬇

"VictoriaSweden Team" ကိုလည်း အခုလို လက်ဆောငပေးလို့ ကျေးဇူးအများကြီး တင်ရှိပါတယ်ရှင့်

ဖြိုးပလက်ဆောင်ရတော့ အများကြီးဆိုတော့ Review လည်း ကောင်းကောင်းလေး ရေးရအောင် ဖြိုးပရဲ့ ညမလေးရော မောင်လေးရောကို ပါပေးသုံးပြီး Feedback ရလာတာလေးတွေကို့ ဖြိုးပပြန်ပြောပြပေးမယ်နော်။

ဒီ Egg Soap လေးတွေက အရောင် ၂ မျိုး၂ စားလာတယ်။ 
ပန်းရောင် - oily to combination skin
အဖြူရောင် - dry skin
ဖြိုးပနဲ့ ညမလေးကတော့ ပန်းရောင်လေး သုံးတယ် မောင်လေးကတော့ အဖြူလေး သုံးတယ်။
ပန်းရောင် နှင့် အဖြူရောင် ၂မျိုးလုံး၏အဓိက လုပ်ဆောင်ချက်ကတော့ မျက်နာပေါ်က အဆီပိုများကို ဖယ်ရှား သန့်စင်ပေးခြင်း ဖြစ်ပါတယ်။ အဖြူရောင်ကတော့ အစိုဓာတ်ပိုထည့်ထားပြီး အခုလို ရာသီဥတုမျိုးမှာ ဖြစ်တက်တဲ့ အသားပတ် အသားကွဲ ခြောက်ကပ်မှုနဲ့ ကြမ်းတမ်းတာတွေကို လျော့စေတယ်။ ပန်းရောင်ကတော့ ဖြိုးပတို့လို Super Oily skin တွေတွက် ချေးကျွတ် ချွေးပေါက်ကျဉ်းစေပြီး အသားကို လုံးဝခြောက်သွားစေတာ မဟုတ်ပဲ Moisture သိသိသာသာ ထိန်းပေးထားတယ်။

စမ်းသုံးရင်းနဲ့မှ အရမ်းထိရောက်တဲ့ သုံးနည်းလေး ပြန် Share ပေးချင်ပါတယ်။ K beauty guru တယောက်နည်းလေးပါ။ 

အဲ့ဒါကတော့ ဆပ်ပြာခဲကို အမှုတ်တေများများ ထွက်အောင်သေချာ လက်ထဲတင်ပွတ် များလာပြီဆိုတော့မှ မျက်နာအနှံကို Face mask တင်သလိုတင်ထား ၅ လောက်နေတော့ ခြောက်သွားမှ ရေနွေးသုံး ပြန်သစ်ချတာ ချွေးပေါက်တွေကျဉ်းပြီး အသားကို ခြောက်သွေ့မသွားပဲ တင်းတင်းရင်းရင်း ဖြစ်နေစေပါတယ်။

ပုံမှန်တော့ ဖြိုးပ မျက်နာသစ်အနေနဲ့ သုံးပါတယ်။
- အနံ့အသက် တော်တော်လေး မွှေးတယ်။ နှင်းဆီနံ့လေးလည်း ရတယ်။
- အတုံးကလည်း လက်ကိုင်က အဆင်ပြေတဲ့ Size လေးပါ။ ဆပ်ပြာဘူးလေးတေပါ ထည့်ပေးလိုက်တော့ အရမ်းအဆင်ပြေပါတယ်။ 


Good Points - ပန်းရောင်ကတော့ ကိုယ်တိုင် သုံးတယ်ဆိုတော့ အဆီထိန်းတာသိသာတယ်။ မနက်ကော ညကော သစ်ပြီးတာနဲ့ အသားရေ တင်းနေတာကို သဘောကျတယ်။ အဆီချေးတွေ ကုန်တော့ ၀က်ခြံဘုသစ် မထွက်ဘူး။
အဖြူကတော့ မောင်လေး သုံးတာ။ သူက မျက်နာသုံးတာ သိပ်မသိသာပေးမယ့် ရေချိုးတော့ ကိုယ်လုံးတိုက် ပလိုက်တာ အသားရေ စိုပြေတာ သိသာတယ်။ သူ lotion လိမ်းစရာမလိုဘူး။ အသားလည်း အပတ်တော့ဘူး။ ထူးဆန်းထာ 


Weak Points - တော်တော်စေးတယ်။ ရေရွေးတယ်။ ဆပ်ပြာတေကို သေချာအချိန်ပေး ပြန်သစ်ချရတယ်။ အာ့ကလည်း အသားရေကို ထိခိုက်တာလည်း မဟုတ်တော့ အဆင်ပြေပါတယ်။



Product information နဲ့ History ကိုသေချာ လေ့လာဖို့ Official page ကိုဝင်ကြည့်နော်။ 

ပျိုမေတို့အားလုံးအတွက် ၀ယ်ယူဖို့ အတွက် အထောက်အကူလေး ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ 

#‎phyopapablogs

Comments

Popular Posts