"4 ways to find the right Foundation colour"

Follow my blog with Bloglovin
ပျိုမေတို့ အားလုံးမင်္ဂလာပါနော်
ဖြိုးပဒီညတော့ မိမိအသားရောင်အတွက် ကွက်တိကျ အဆင်ပြေဆုံးဖြစ်မယ့် အောက်ခံ Foundation ရွေးချယ်နည်းလေး ထပ်ပြောပြမယ်နော။ (requested များလို့ပါ)
Foundation ကောင်းဆိုတာ မိမိနဲ့ ကိုက်တဲ့ Foundation ဆိုတာ လိမ်းထားချိန်မှာတောင် လိမ်းထားမှန်းမသိသာပဲ မိမိအသားရောင်နဲ့ တပြေးညီဖြစ်နေတာမျိုးပါ။ (ကိုယ်ကတော့ အခုထိကွက်စတိကို ရှာဆဲ)

နည်းတွေကတော့ အများကြီးပဲ အရင်ကလည်း တင်ပေးဖူးပါတယ်။ မဖတ်ရသေးသူတွေ ဒီပေ့ခ်ျကို အသစ်ရောက်လာသူတွေ အတွက်ကိုတော့ ဖြိုးပကိုယ်တိုင် စမ်းသပ်ထိရောက်တဲ့ အချက်လေး ၄ ချက်ပဲပြောပြမယ်နော်။

ဒီအချက်အတိုင်းသာ လိုက်လုပ်အဆင်ပြေစေရမယ် အာမခံတယ် သိလား ....

Tip 1

အားလုံးကတော့ မျက်နှာဖွေးချင် ဖြူချင်ကြပေမယ့် အဆင်ပြေမယ်ထင်ပြီး အသားထက် ပိုဖြူတာမျိုးကို ယူတဲ့အခါ ထုံးသုတ်ထားသလို Results မျိုးရတက်ပါတယ်။ (ကိုယ်တွေ့ပြောနေတာပါ)
ဒါကြောင့် foundation shade ရွေးချိန်မှာ မိမိနဲ့ ကွက်တိကျတာတော့ မရှိဘု။ ပိုဖြူတာနဲ့ ပိုရင့်ဲတာပဲ ရှိမယ်ဆိုရင်တော့ အရောင်ရင့်တာကိုသာ ရွှေးချယ်ပါ။ နောင်တမရစေရဘူး။ face powder
ပုတ်ပြီးချိန်မှာ အသားနဲ့ တပြေးညီ လှပသွားပါလေ့မယ်။

Tip 2

နောက်တခုကတော့ ဖြိုးပလည်း ခနခနပြောဖြစ်ပါတယ်။ အဲ့ဒါက foundation shade စမ်းတဲ့အခါ tester ကိုလက်ဖမိုးပေါ် လုံးဝလုံးဝ မစမ်းနဲ့ အရောင်လုံးဝ ကွက်တိကျမှာမဟုတ်သလို
လက်ပေါ်လိမ်းဖို့ ၀ယ်တာမဟုတ်ဘုလေ။

Tip 3

လက်ပေါ်မလိမ်းရရင် ဘယ်မှာလိမ်းစမ်းရမလဲ?
ဒါကတော့ လွယ်ပါတယ်။ မိမိ လည်ပင်းပေါ် (Yangon in my heart blogger ပြောပြတာ) သို့ မေးရိုးသို့ နားထင်ပေါ် (phyodaybyday blogger ပြောပြတာ) စမ်းပေးပါ တကယ်အမှန်ရောင်ကို
ရပါလေ့မယ်။ ကိုယ်ကစမ်းမှာကို ဆိုင်က သဘောမကျတာဆိုရင် မ၀ယ်နဲ့ နောက်တဆိုင်ပြောင်း

Tip 4

နောက်ဆုံးကတော့ ၀ယ်မယ်သွားပြီး အရောင်ရွေးပြီး ကိုက်တာတခုမှမတွေ့ အရောင်ဘာယူရမှန်း မသိဖြစ်နေပြီဆိုရင် လုံးဝ တခုမှမ၀ယ်ပဲ ပြန်လာခဲ့ပါ။ ကိုယ်ကလည်း တွေဝေနေချိန် ဆိုင်ကလည်း
ထိုးရောင်းနေချိန် ၀ယ်လာမိတယ်ဆိုတာမျိုးက ဘယ်တော့အဆင်ပြေမှာ မဟုတ်ပါဘူး။ နောက်တချိန် မျက်နှပြောင်နဲ့ တခေါက်ထပ်သွားစမ်းပါ။ ကောင်းကောင်းလိုချင်တယ်ဆိုရင် အချိန်တော့ပေးပေါ့။

Ok ဒါတွေကတော့ ဒေါ်ဖြိုးပကိုယ်ပိုင် ဘယ်တော့မှ မမှားတဲ့ Foundation shade ရွေးချယ်နည်း ၄ နည်းပါ။
အားလုံးနားလည်မယ်လို့ မျှော်လင့်မိပါတယ်။

Love u #‎phyopapablogs
Plz make sure to like & share

Comments

  1. I love all these tips for finding the right colour, thanks for sharing. By the way love your blog, I'm following you now! :)

    astadek.blogspot.com

    ReplyDelete
    Replies
    1. HA ha thank you ....
      I am following back :)

      xoxo
      phyopapa

      Delete

Post a Comment

Popular Posts