Loreal Ture Match Foundation Review

အားလုံး မင်္ဂလာပါရှင့်
ဖြိုးပဒီနေ့တော့ Loreal Paris ရဲ့ နာမည်ကြီး Foundation တခုဖြစ်တဲ့ Loreal Ture match Liquid Foundation လေးကို ဖြိုးပသုံးစွဲ ကြည့်ပြီး Review လေးရေးပေးမယ်နော်။
What is Loreal True Match?
Loreal turematch liquid foundation က ကမ္ဘာပေါ်မှာ အကောင်းဆုံး အရောင်အစုံစုံး Liquid Foundation ဖြစ်ပါတယ်။ ဖြိုးပတို့ ငယ်ငယ်ကတည်းက သိခဲ့တဲ့ နာမည်ကြီး Strong brand တခုဖြစ်တဲ့ loreal makeup designer group ကနေပြီး အသားရောင် အစုံဆုံး India နိုင်ငံမှာ အသားရောင်အစုံနဲ့ ကိုက်ညီဆုံး ဖြစ်အောင် true match ထုတ်လုပ်ထားတယ် ဆိုတာလို့ သိခဲ့ရပါတယ်။
အခုတော့ မြန်မာနိုင်ငံ Loreal Team ကနေ ဒီနိုင်ငံက မိန်းကလေးတိုင်းနဲ့ အဆင်ပြေနိုင်မယ့် အရောင် ၆ မျိုးကိုတော့ ကောင်တာတွေမှာ တင်သွင်း ရောင်းချပေးနေပါတယ်။
အရောင်တွေကတော့ (အနုမှ အရင့်အတိုင်း စီထားသည်)
N1 - nude ivory
G1 - vanilla ivory
N4 - nude beige
G3 - golden beige
N7 - nude amber
R2 - apricot ivory
ဖြိုးပလက်ရှိ သုံးနေတဲ့ အရောင်ကတော့ N7-nude amber ပဲဖြစ်ပါတယ်။ ပုံထဲမှာလည်း ဖြိုးပ before and after ပုံလေးပြထားပါတယ်။ primer လေးတော့ ခံထားတယ်။ ပြီးတော့ 1 pump (ဘူး၁ညစ်စာ)လေးပဲ လိမ်းထားတာပါ။ ဖြိုးပအသားနဲ့ တော်တော်လေး တူတဲ့အပြင် ကိုယ်ခန္ဓာအသားနဲ့ အပြေးတဲဖြစ်သွားလို့ အရမ်းကြိုက်နေတယ်။
Texture လေးနည်းနည်း ပြောပြမယ်နော်။
Liquid Foundation ဖြစ်တော့ အခြား matte foundation တွေထက် ပိုပြီးအရည်ကျဲပြီး ကောင်းတာလေးက မျက်နာပေါ်လိမ်းရ Blend လုပ်ရလွယ်တယ်။ Medium to Full Coverage ပေးနိုင်ပါတယ်။ ဖြိုးပပုံထဲမှာ တထပ်ပဲ လိမ်းထားပြီး Face powder တောင်သုံးမထားပါဘူး။ လိမ်းလိမ်းချင်း ခြောက်တော့ မသွားပဲ အချိန်တော်တော်ကြာ moisture ရှိနေတယ်။ 
တကယ်လို့ ခြောက်သွားချိန်မှာ မိတ်ကပ်သားလည်း တော်တော်တက်လာလို့ အရမ်းသဘောကျရပါတယ်။
ကြာကြာလည်း ခံတယ်။ ဖြိုးပမနေ့ကဆို တနေကုန် activities အပြည့်ပဲ ၁၁ နာရီကနေ ည ၇ နာရီလောက်ထိ အပြင်သွားလိုက် ၀င်လိုက် လုပ်နေတာကို လုံးဝကွက်တာမရှိလို့ သဘောအရမ်းကျပါတယ်။
အခုထိလည်း skin breakout တွေမတည့်တာတွေလည်း မရှိလို့ အခုလို တကယ်ကောင်းတဲ့ Loreal Ture match foundation ကို loreal counter တိုင်းမှာ ၀င်ရောက်လေ့လာ စမ်းလိမ်းလို့ရပါတယ်နော်။
Tips - မိမိနဲ့ အလိုက်ဖတ်ဆုံး Foundation အရောင်ကို ပါးရိုး မေးရိုးမှာ သေးသေးလေးလိမ်းပြီး စမ်းပါ။ လက်ပေါ်မှာ စမ်းတာက အရောင်မှန်မရနိုင်ပါဘူးနော်။ 

I love u all #‎phyopapablogs


Comments

Popular Posts