Internet Popularsity doesn't mean ANYTHING !! #notetoself

Follow my blog with Bloglovin
ချစ်တို့အားလုံးမင်္ဂလာပါ။

ဒီညတော့ ဖြိုးပအရင်နဲ့ မတူဘဲ အခုတလော တွေ့နေတာတွေ ဖြစ်နေတာတွေကို မြင်မိတွေမိပြီး Michelle Phan ရဲ့ Pillow Talk လေးကိုလည်း ခနခနပြန်နားထောင်ဖြစ်ရင်ကနေ ဒီအကြောင်းအရာလေးကို ပြောပြဖို့ စာလေးရေးလိုက်တာပါ။

ဒီစာကို ဖတ်ပြီးရင် အချို့ကတော့ ဖြိုးပနဲ့ အတွေးတူနိုင်သလို၊ online blogger လုပ်နေပြီး ရူးများရူးသွားပြီလား ထင်မယ့်သူတွေလည်း ရှိနိုင်ပါတယ်။ 

ပြောမယ့်အကြောင်းအရာလေးကတော့ "Defining Success" ပါ။

ပြဿနာကတော့ အခုခေတ် လူငယ်တွေမှ မဟုတ်ပါဘူး။ လူကြီးပိုင်းတွေကအစ (ဖြိုးပက ထိပ်ဆုံးက) ဖုန်းကိုလက်ကမချ တချိန်လုံးပွတ် တမ်းတမ်းစွဲ ict ခေတ်ကြီးမှာ လူတိုင်းက မိမိရဲ့ တကယ့်အပြင်လောကထက် Internet ပေါ် လူသိများ ကျော်ကြားခြင်းကို အရမ်းကို အရေးထား လာတာကို ချစ်တို့လည်း သိကြမှာပါ။ သူတို့တွေ ပြသနာက Internet Popularity ကိုတကယ်ထင်နေကြခြင်းပါ။ အခုနောက်ပိုင်း သတိထားမိတာက Popular ဖြစ်ဖို့ကို လုပ်သင့်မလုပ်သင့် မစဉ်းစား ငယ်ရွယ်တဲ့ အမျိုးသား အမျိုးသမီးလေးတွေ အားလုံးလိုလို လမ်းလွဲကနေ Like share တွေများအောင် လျှောက်လုပ်ကျတာ မြင်မကောင်းအောင်ပါပဲ။
ဒါမျိုးတွေက Internet ပေါ်မှာသာ လူသိများနိုင်ပေမယ့် အပြင်လောကမှာတော့ တော်တော်ကို အရှက်ဗြန်းဗြန်းကွဲ ရှုံချခံရနိုင်ပါတယ်။ ကိုယ်ကို လာပြောချင်မှ ပြောမယ် လူတိုင်းကတော့ စိတ်ထဲက ကဲ့ရဲ့နေမှာပဲလေ။
ချစ်တို့ကိုလည်း လမ်းလွဲကို မရောက်စေချင်ဘူး။ ဖြိုးပလည်း ကိုယ့်ကိုကိုယ် Michelle Phan video ကြည့်ပြီးထဲက နေ့တိုင်း ဖုန်းပွတ်ပြီး Selfie ရိုက်တင် Check in ၀င်တာတွေတောင် လျော့နေပါတယ်။ ဘာလိုလဲဆိုတော့ ဖြိုးပငယ်ငယ်ကတည်းက ဖြစ်ချင်ခဲ့တယ် တကယ်ပဲတော်ပြီး အောင်မြင်တဲ့ လူတယောက်ဖြစ်အောင် လုပ်ဖို့ ဒီလိုဖုန်းပွတ်နေတာတွေက အကြီးကြီး တားဆီးနေလို့ပါ။ ဘလော့စစရေးတုန်းက ဘာမှမသိဘု။ ကိုယ့်ပိုစ်ကို လူသိများပြီး Like and Share များများရချင်တာပဲ သိတယ်လေ။ တကယ်တော့ internet ပေါ်မှာ Followerတွေ likes တွေ Friends တွေဘယ်လောက်ပဲ များနေပါစေ တကယ်တမ်း လက်တွေ့ဘ၀မှာ ဘာမှမဟုတ်တဲ့ အရာတွေပါ။ ဘယ်သူကမှ ဒီကလေးမလေး likes တွေအများကြီးရတယ် လစာများများပေးမယ် ဆိုတာမျိုးမရှိဘူး။ နောက်ဆုံးကလည်း Friends တွေထောင်ချီနေတယ်ဆိုပေမယ့် ကိုယ့်မွေးနေ့ကျရင်တော့ တယောက်မှ ပေါ်မလာပါဘူး။ မိမိဘ၀အောင်မြင်မှုဆိုတာ Internet likes တွေနဲ့ သတ်မှတ်လို့ မရပါဘူး။ တကယ်တမ်းကိုယ့်ဘ၀မှာ မရှိမဖြစ်လိုအပ်တာက Facebook က Friends ၅၀၀၀ နဲ့ likes တွေမဟုတ်ပါဘူး။ 

မိမိဘ၀မှာ မရှိမဖြစ်နဲ့ ကိုယ်ကအပြည့်အ၀ အာရုံစိုက် အချိန်ပေးသင့်တာတွေကတော့
၁။ ကျန်းမာရေး
၂။ မိသားစု
၃။ ပျော်ရွှင်မှု
၎။ မိမိချစ်ခင်ရသူ
၅။ နေထိုင်စရာ
၆။ အစားအစာ ဆိုတဲ့အရာတွေပဲဖြစ်တယ်။ 

Internet ပေါ်ကအရာအားလုံးကို မသုံးနဲ့ မပြောဘူး မိမိဘ၀အတွက် ကောင်းသော အထောက်အပံ့လေးတွေလည်း ပေးနေတာမို့ ဖြတ်ပစ်စရာမလိုပေမယ့် တချိန်လုံး ဒီအပေါ် အချိန်မကုန်စေချင်တာပါ။ အခုနောက်ပိုင် facebook နဲ့ အခြား social media တွေပေါ်မှာ လုပ်သင့်မလုပ်သင့် မစဉ်းစားပဲ Popularity အတွက် ပြုမိတဲ့ လုပ်ရပ်တွေက Cyber Bully နဲ့ Cyber Crimes တွေဖြစ်ပေါ်နိုင်စေပါတယ်။ ဒါမျိုးတွေသာ ဖြစ်လာမယ်ဆိုရင် ဒီနိုင်ငံ Wifi တွေဖြတ်တောက်မယ်ဆိုရင်၊ အခြားနိုင်ငံတွေလိုပဲ မြန်မာမှာ Facebook သုံးစွဲခွင့် ရပ်လိုက်မယ်ဆိုရင် ဒီလို ဘ၀လို့ ထင်နေတဲ့ Like and followers number တွေက အရာမ၀င်တာ သိသွားလေ့မယ်။ သင့်ရဲ့ ကျော်ကြားတယ်ဆိုတာ လမ်းထိပ်ကတောင် သိမှာမဟုတ်ပါဘူး။ 

ဒါကြောင့် ဖြိုးပပြောပြချင်တာကတော့ Internet popularity, likes နဲ့ Followers တွေက တကယ့်ဘ၀နေထိုင်မှု အတွက် ဘာမှအရာမရောက်လို့ ဒီအပေါ်အချိန်မကုန်ပဲ ဘ၀အတွက် မိမိဝါသနာပါတဲ့ အရာတိုင်းမှာ ထူးချွန်စွာ တက်မြောက်အောင် ကြိုးစားစေချင်ပါတယ်။ 

လူတိုင်း ဒီပိုစ့်ကို သဘောကျမယ်မထင်ပေမယ့် ဖြိုးပကိုယ့်စိတ်ထဲကအတိုင်း ဝေမျှပေးရတဲ့အတွက် အားလုံးလည်း ဖတ်စေချင်ပါတယ်ရှင်

Comments

Popular Posts