Types of Mascara Wand (101)

 
အားလုံးမင်္ဂလာပါ။
အားလုံးလည်း စိတ်ဝင်စားပြီး အသုံးဝင်နိုင်မယ့် makeup knowledge လေးထပ် ရှင်းပြပေးပါမယ်နော်။
ဖြိုးပကို ဒီထဲကစစ်တယောက်က Mascara တွေကို မိမိနဲ့အဆင်ပြေအောင် ဘယ်လိုရွေးရမလဲ Brush လေးတွေကို ဘယ်လိုခွဲခြားမလဲ သိချင်တယ် ပြောလာလို့ ဒီပိုစ့်လေးကို Sharing လုပ်ပေးလိုက်တာပါ။
Types of Mascara Wands ကိုသေချာနားလည် သိပြီးသားဆိုရင်တော့ အားလုံး မိမိလိုချင်တဲ့ မျက်တောင်ပုံစံဖြစ်အောက် ဘယ်လို Brush လေးတွေပါတဲ့ Mascara လေးတွေ ရွေးဝယ်သင့်သလည်း သိနိုင်မှာပါ။

1. Oversized Brush တွေကတော့ မျက်တောင်ကို ပိုမိုထူးထဲလာနိုင်စေဖို့ ဖြစ်ပြီး မျက်တောင်ပါးပြီး ကျဲသူတွေ ရွေးချယ်သင့်ပါတယ်။

2. Cone Taper ပုံစံလေးတွေကတော့ Brush အောက်ပိုင်းမှာ အမျှင်ပိုများပြီး ရှည်တဲ့ပုံလေးပါ။ မျက်လုံးအပြင်ထောင့်စွန်း မျက်တောင်လေးတွေကို ပိုအလေးပေး ကော့ညွှန့်စေနိုင်ပါတယ်။

3. Curved ဒီဇိုင်းကတော့ မျက်တောင်လေးတွေကို သဘာဝကျကျ ကော့ပေးနိုင်ပြီး ဖြည်းဖြည်းချင်း ကော့ပေးခြင်းဖြင့် မျက်တောင်ထိပ်ပိုင်းလေးတွေ ပိုမိုကော့ညွှန့်ပြီး မျက်ဝန်းကို ကျယ်သယောင် ဖန်တီးပေးပါတယ်။ 

 
4. Balled tips ဖြစ်နေတဲ့ brush လေးတွေကတော့ လုံးနေတဲ့ ထိပ်ပိုင်းလေးကို သေချာသုံးပြီး ထောင့်စွန်းရှိ မျက်တောင်လေးတွေကို သေချာ Define လုပ်ပေးလို့ရပါတယ်။

5. Micro wand ဖြစ်ပြီး ပါးပါးသွယ်သွယ် Mascara brush လေးကတော့ မိမိနဂိုမျက်တောင်ကိုပဲ သဘာဝကျကျလေး ထင်ပေါ်နေအောက် လုပ်ပေးတာပါ။

6. Rubber သားနဲ့လုပ်ထားပြီး အမျှင်တိုတိုလေးပဲ ပါတဲ့ mascara brush လေးကတော့ မျက်တောင်ကို ပိုမိုရှည်လျားစေနိုင်ပါတယ်။

7. Flat comb ခပ်ပြားပြား ဘီးလေးအသွင် လုပ်ထားတဲ့ mascara wand လေးတွေကတော့ မျက်တောင်တွေ ညိစွန်းရှုတ်ထွေးတာတွေကို ဖယ်ရှားနိုင်ပြီး တမျှင်ချင်းစီ ကြားထဲထိ သေချာအရောင်တင် ကော့ညွှန်နိုင်စေပါတယ်။


တကယ်တော့ အပြင်မှာ ဒီထက်မက ပုံစံတွေထွက်နေတာကို တွေ့ရမှာပါ။ ဒါပေမယ့် အားလုံး သိထားသင့်တာကတော့ အခြေခံသဘောတရားကတော့ ဒီ Brush လေးတွေလိုဖြစ်ပြီး ထူးခြားအောင် ဒီဇိုင်းလုပ်ထားတာ ဖြစ်နိုင်ပါတယ်။ 
ဖြိုးပပြောသွားတဲ့ထဲက လိုအပ်နေလို့ ချစ်တို့သိထားတာလေးလည်း ပြောပြသွားအုန်းနော်။
ဒီအကြောင်းအရာလေးကို သဘောကျတယ်ဆိုရင်လည်း like & share လုပ်ပေးဖို့ မမေ့နဲ့အုန်းနော်။

Love you all #phyopapablogs

Comments

Popular Posts