Taeyoen "I" inspired makeup


ဒီတခေါက်တော့ တကယ်ကို ချစ်တို့တောင်းဆိုထားတဲ့ Taeyeon ရဲ့ mtv ထဲက မိတ်ကပ်ပုံစံလေးတွေကို မျက်လုံးမှေးတဲ့ ဖြိုးပညမလေး အိမ်လာလည်တုန်း ပြင်ပလိုက်တယ်။ သူပုံစံက အားလုံးအတွက် အစမ်းပြရင် လှတာရယ် Taeyeon makeup look ကိုက Asian eyes တွေနဲ့မှ အဆင်ပြေတာရယ် ကြောင့် မျက်လုံး pictorial လေးတင်ပေးဖြစ်တာပါ။
အားလုံးသဘောကျမယ်ထင်ပါတယ်။ 

Products I used
Foundation - elf bb cream
Powder - Mille Beaute rose pact powder no2
Eyebrows - elf brow kit (medium)
Eyeliner - Mille Beaute Pen liner
Eye shadow - catwalk cosmetics 60 colors pallette
Highlighter - Physician Formula Shimmer Strips
Mascara - Maybelline Pump up mascara
Lip tint - etude house

Foundation လိမ်းတာလေးတွေ ကိုတော့ ဖြိုးပထွေထွေ ထူးထူးရှင်းမပြတော့ ဘူးနေ၂ာ်။ ဒါပေမယ့် ဒီ Korean makeup look လေးကတော့ Dewy look ဖြစ်တယ်။ ခပ်ပြောင်ပြောင်လေး ပေါ့နော်။ Flawless ဖြစ်နေပေမယ့် ထူးပိန်းနေအောင် သုံးမထားဘူး။ ဖြိုးပကတော့ ညမလေးကို ပုံမှန် BB Cream လေးပဲ သုံးထားပေးတာပါ။
Korean BB Cushion လေးသုံးပေးမယ်ဆိုရင် တော့သဘာဝကျကျ Dewy makeup look ကိုဖန်တီးနိုင်မှာပါ။
Eye makeup look ကိုအဆင့်ဆင့် ရှင်းပြပါ့မယ်နော်။

Step-1 မျက်လုံးတပြင်လုံးကို ချယ်ဖို့မလိုဘု။ အလွယ်ကူဆုံး ပြင်ဆင်ချင်တယ်ဆိုရင်တော့ Taeyeon makeup လေးမှာ ချယ်ထားတဲ့ အရောင်လေးကတော့ ပန်းရောင်ဘတ်သန်းတဲ့ ဇီးရောင်လေးပါ။ pinkish plum color လေးပါ။ တမျက်နှာလုံးကို အဲ့အရောင်လေးပဲ သုံးထားတာပါ။ ပါးနီကိုတော့ Taeyeon ကိုယ်တိုင် ပါတယ် ဆိုရုံလေးဆိုတော့ shadow လေးတွေကိုပဲ လက်လေးနဲ့ ဖြန့်ပေးထားပါတယ်။ အပေါ်ကနေ Fan brush လေးနဲ့ နာရိုးပါရိုးကို highlight ပါးပါးလေး လုပ်ပေးထားတယ် 

Step-2 မျက်ခွံပေါ်ကို Eye shadow blending brush ကိုသုံးပြီး ဖြန့်လိုက်တော့ သဘာဝဆန်ပြီး အဆင်ပိုပြေသွားပါတယ်။

Step 3 အရောင်တူကိုပဲ ဖြိုးပ အောက်မျက်ခမ်းကို ချယ်ပြီး Blend ထပ်လုပ်ပေးထားပါတယ်။

Step-4 ကတော့ Eyeliner, mascara အဆင့်ပါ။ ဖြိုးပကတော့ လိုင်နာကို ခပ်ထင်းထင်းကြီး မဟုတ်ပဲ သဘာဝကျအောင် အပေါ် lash line နဲ့ အောက်မျက်ခမ်း Lash line တွေမှာပဲ ဖျော့ဖျော့လေး ဆွဲပေးလိုက်ပါတယ်။
 ပုံထဲမှာ မြင်တဲ့တိုင်း သဘာဝဆန်နေမှာပါ။ 
နောက်ဆုံး mascara ချယ်ပေးလိုက်ပါတယ်။ နှုတ်ခမ်းနီကိုတော့ radiant lips လေးဖြစ်အောင်လိုစ် အောက်ကနေ spout lip balm လေးခံ အပေါ်ကနေ etude house lip tint လေးကို နှုတ်ခမ်း အတွင်းသားလေးကိုပဲ အသားပေးဆိုလိုက်တော့ Korean Natural Ombre lips လေးရသွားပြီပေါ့

ဒီလောက်ဆိုရင်တော့ #‎celebratyinspired မိတ်ကပ်လေးကို မပြင်သွားဘာသွား အရမ်းလှသွားမှာ သေချာပါတယ်ရှင့်

အစဉ်ကြိုးစားလျက်
#‎phyopapablogs

Comments

Popular Posts