Attending #HaveYouFoundYourTrueMatch Event

ပျိုမေတို့ရေ Happy Weekend လေးပါနော်။ ဖြိုးပဒီအပတ်တွင်း ပျက်ကွက်ခဲ့တာလေးများ ရှိတဲ့အတွက် အရင်ဆုံးခွင့်လွှတ်ပေးပါလို့ တောင်းဆိုပါရစေနော်။


ပြီးခဲ့တဲ့ 23rd, November Monday က မြန်မာနိုင်ငံမှာရှိတဲ့ အလှအပစိတ်ဝင်စားသူ အမျိုးသမီးထုအတွက် Makeup ပညာနဲ့ ပတ်သတ်ပြီး ပိုမိုအသိကြွယ်စေဖို့ကို Loreal Paris ကနေပြီး ချစ်တို့အားလုံးဆီ အသိတွေ ပိုပိုတိုးစေဖို့ ဖြန့်ဝေရေးသား ဖော်ပြနေတဲ့ Beauty Blogger, Internet & Online Influencers တွေကို ဖိတ်ခေါ်ခဲ့ပြီး ပွဲလေးတပွဲ ကျင်းပခဲ့ပါတယ်။ အားလုံးလဲ သိပြီးသား ဖြစ်မယ်လို့ ထင်ပါတယ်။

Event လေးရဲ့ Title & Purpose ကို #HaveYouFoundYourTrueMatch ဆိုပြီး အမည်လေးပေးထားပါတယ်။ ဘာလို့လဲ လို့မေးကြည့်တော့ မြန်မာနိုင်ငံက အမျိုးသမီးတိုင်းလိုလိုက အခုနောက်ပိုင်း မိတ်ကပ် အခြေခံဖြစ်တဲ့ Foundation ကိုမရှိမဖြစ် ရွေးချယ်အသုံးပြုလာကြရာ မိမိအသားရေနှင့် အကိုက်ညီဆုံး အမှန်ကန်ဆုံး အရောင်အသွေး၊ အမျိုးအစားလေးတွေ ရွှေးတက်စေဖို့ ဖြစ်ပါတယ်။
 
ပွဲလေးမှာ Loreal Paris မှနာမည်ကြီး World's No1 Liquid Foundation ဖြစ်တဲ့ True Match Foundation အကြောင်းနဲ့ တကမ္ဘာလုံးက အသားရောင်တိုင်းနဲ့ ကိုက်ညီမှုရှိတဲ့ အရောင်ပေါင်းများစွာ ထုတ်လုပ်ထားမှု၊ ပြုလုပ်ထားတဲ့ Formula နဲ့ Packaging အကြောင်းအရာတွေကို ဖြိုးပတို့ကို သေချာရှင်းပြ စမ်းသပ်သုံးကြည့်စေခဲ့ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မြန်မာမိန်းကလေးတွေမှာ Common ပြဿနာတစ်ခုဖြစ်တဲ့ Foundation ၀ယ်ယူတဲ့ အခါကျရင် တွေ့ကြုံနေကျ အသားရောင်နဲ့ မကိုက်ပဲ မျက်နှာပေါ်မှာ ဖြူနေတာမျိုး မဲနေတာမျိုးမဖြစ်အောင် အသိပညာပေးခဲ့ပါတယ်။
Loreal True Match အကြောင်းကို ဖြိုးပနောက်မှ သေသေချာချာ ရှင်းပြပြီး Blog သပ်သပ်လေး ရေးပေးမယ်နော်။

ဒီပွဲလေးကို အရမ်းသဘောကောင်း Communication ကောင်းတဲ့ Loreal Paris Myanmar မှတာဝန်ရှိသူ ညီအမများ၊ ဖြိုးပကိုယ်တိုင် အရမ်းအားကျ လေးစားရတဲ့ Beauty Blogger ညီအမတွေဖြစ်တဲ့ Yangon in my Heart, Phyodaybyday, Glammakeup by Myat Su, Sweety's Makeup Looks, Ma Su Hlaing Win နဲ့Ma Su Lei Win (Ma Zone Zone) တို့ကလည်း လာရောက် အားဖြည့်ပေးခဲ့ပါတယ်။ အရမ်းလည်း ပျော်စရာ ကောင်းသလို။ ပညာလည်း အများကြီး ရခဲ့ပါတယ်။ Loreal Paris Myanmar ကိုလည်း ကျေးဇူးတင်ပါတယ်။

"အဓိက ကျေးဇူးတင်ချင်တာကတော့ အခုလက်ရှိ ဖြိုးပရေးထားတဲ့ စာကိုဖတ်နေတဲ့ LIKE & Share တွေလုပ်ပေးနေတဲ့ စာဖတ်သူ ချစ်တို့ပဲ ဖြစ်ပါတယ်။ ချစ်စစ်တို့သာ ဖြိုးပရေးသား ဝေမျှတာလေးတွေကို မဖတ်ခဲ့ဖူးဆိုရင် အခုလက်ရှိ Blogger ဖြိုးပပအောင် ဆိုတာ ၇ှိမှာတောင်မဟုတ်ပါဘူး" "ဒီလိုမျိုးပွဲတွေ အားလုံးအတွက် ဆွေးနွေးတိုင်ပင်တယ် ဆိုတာတွေတောင် ရှိမှာမဟုတ်ပါဘူး။" ဒီနေ့ ဒီအခြေအနေထိ ရောက်လာအောင် ချစ်တို့ကပဲ လုပ်ပေးခဲ့တာမို့ အားလုံးက ဖြိုးပလုပ်သမျှရဲ့ အဓိကလူတွေဆိုတာလဲ သိစေချင်ပါတယ်နော်။"

"ဖြိုးပရေးထားတာလေးတွေကို LIKE & SHARE လုပ်မယ့်သူ မရှိဘူးဆိုခဲရင်တောင် အခုလက်ရှိဖတ်နေသူတွေအတက် အစဉ်အပြတ် ကြိုးစားလေ့လာ သိရှိသမျှ ပြန်လည်ဝေမျှပေးမယ်လို့ ကတိပေးပါရစေ။ <3 <3

(ဖြိုးပတို့ ဘာတွေလုပ်ခဲ့တယ်ဆိုတာလေးကို ပုံလေးတွေကြည့်လိုက် ပါအုန်းနော်) #phyopapablogs




With Blogger Phyodaybyday and Loreal Team

Testing Some Loreal & Maybelline Products

With Loreal Team Member MaThi Thi OO

Testing Loreal Foundation on Peach with Yangon in my Heart Blogger

Pretty Decor

Everyone is Testing Loreal Foundation

Introduction ourselves (ice breaking)

Comments

Popular Posts