My Summer Skincare Steps [Tips] 2016


အသားရေ ထိန်းသိမ်းရေး အဆင့်ဆင့်လေးကို ဖြိုးပလုပ်ဖြစ်နေတာလေးကို ပြန်ပြောပြမေးမယ်နော်။
အခုထိ ဘယ် skincare products ကို ဘယ်လို အဆင့်ဆင့် လိမ်းရမယ် မသိသေးသူတွေ အတွက်ပါ ...



ပျိုမေတို့ရေ မင်္ဂလာပါနော်
☀☀☀☀☀
အခုတလော ရန်ကုန်မြို့  ရာသီဥတုကလဲ ပူအိုက်စိုစွတ်တဲ့ အချိန်ကျ ရောက်လာပြီနော်။
ဖြိုးပကတော့ အရင်တည်းက oily skinned person ဆိုတော့ မျက်နာပြင်တခုလုံး အဆီပြင်ဖြစ်ပြီး ချွေးထွက်နေတာတော့ အချိန်လုံးပါ။ အဲ့ဒါကြောင့် ဟောဒီက ပျိုမေတို့ကို ဖြိုးပအခု လက်ရှိလုပ်ဖြစ်နေတဲ့ summer skincare routine လေးကို အဆင့်ဆင့် ဘယ်လိုလုပ်ရလဲဆိုတာလေး ပြန်လည်မျှဝေပေးမယ်နော်။ 


မနက်ပိုင်း အသားရေ ထိန်းသိမ်းမှု
Summer မှာက ညဖတ်ပိုင်းလည်း ပူလောင်ပြင်းပြမှုတွေကြောင့် နိုးထလာချိန်မာလည်း ဖြိုးပကတော့ အဆီတွေပြန်ပြီး နိုးလာတာပါပဲရှင် ။ 

ဒါကြောင့် တနေကုန် လန်းဆန်းဖို့နဲ့ Makeup လိမ်းလိုက်တိုင်း အချိန်ကြာကြာခံဖို့ အသားရေကို first thing အနေနဲ့ မိမိအသားရေနဲ့ ကိုက်ညီတဲ့ မျက်နာသစ်ဆေး တခုခုနဲ့ သေချာလေး သန့်ရှင်းရေး လုပ်ပေးပါ။
ထို့နောက် toner လေးသုံးပေးပါ နောက်မှ အသားရေကို hydrate ဖြစ်နေဖို့ moisturizer လေးတမျိုးလိမ်းပါ။ ချန်ထားခဲ့လို့ မရဘူးနော်။ ကိုယ်က oily skin type ဆိုရင်တော့ Waterbase Moisturizer လေးမျိုကို သေချာရွေးစေချင်ပါတယ်။ ပျိုမေတို့က အခြား skincare treatments (serum, essence, face lotion, spot treatment, ance treatment) စတာတွေ သုံးသူဆို ဒီကြားအဆင့်မှာ သုံးပေးပါ။ ပြီးမှ sunblock ဖြစ်တဲ့ SPF +++ ပါဝင်တဲ့ UV protector တခုခုကို မမေ့မရော့ သေချာသုံးပေးပါ။ 


နောက်ဆုံးမှ makeup အဆင့်ဆင့် လိမ်းချယ် သင့်ပါတယ်။
အဆင့်ဆင့် ပြန်ရေးပေးမယ်နော်

Morning Skincare steps
1. Cleaning
2. Toner
3. Moisturizer
4. Other skincare steps
5. UV protector 

ညပိုင်း အသားရေ ထိန်းသိမ်းရေး အဆင့်လေးတွေ ကိုဆက်ပြောပြပေးမယ်နော်။

ဖြိုးပကတော့ တနေကုန်ရုံးတက်ရသူဆိုတော့ ညနေ ၆ နာရီလောက်ပြန်ရောက်ပြီ ဆိုတာနဲ့ အရင်ဆုံး မနက်က လိမ်းထားသမျှ မိတ်ကပ်တွေက ချေးဖြစ်နေတော့ သန့်စင်အောင် မိတ်ကပ်ဖျက်ဆေး တမျိုးမျိုးသုံးပြီး အကုန်ပြောင်အောင် ဖျက်ထားသင့်တယ်လေ။ နေပူထဲ သွားလာတဲ့ outdoor အနေများသူတွေက ပိုပြီးလိုပါတယ်။ လေ နေ ဖုန် ချွေးတေကြောင့် မျက်နာက ပိုပြီးချေးဖြစ်လို့ ဒီလိုမှ သန့်စင်မပေးရင် အဆီဖုတွေ ဝက်ခြံတွေ တခနအတွင်း ထွက်လာနိုင်တယ်လေ။
ထို့နောက် Exfoliation လုပ်ပေးဖို့အချိန်ပါ။ scrub တခုခုကို သုံးပြီး အသားပေါ်က dead cell နဲ့ ချေးတွေကို ချွေးပောက်ထဲကန ထိထိရောက်ရောက် ဖယ်ရှားပြီး အသားကို နူးညံ့ဖြူဖွေးအောင်ပါ။ ပြီးတော့ ဖြိုးပကတော့ face steaming လုပ်တယ် လုပ်နည်းလေးကို တင်ပေးထားပြီးသားနော် ကောင်းကျိုးတွေလဲ သေချာပြောပြထားလို့ သေချာဖတ်ကြည့်အုန်းနော်။ အဓိကတော့ ချွေးပေါက်သန့်ပြီး ဆားဝက်ခြံကော ဝက်ခြံကော သိသိသာသာ သက်သာတယ်လေ နောက်လိမ်းမယ့် skincare တွေအသားထဲ စိပ့်ဝင်နှုန်းမြန်တယ်။ facemask လေးလည်း လုပ်ချင်လုပ်နိုင်တယ် တပတ်ကို ၂ ကြိမ်ဆိုရပြီ။ ။ နောက်ပိုင်း ဆက်လိမ်သင့်တဲ့ night time skincare steps လေးတွေ ဆက်ပြောပြပါမယ်နော်။ 


Night time skincare steps
1. Makeup Removers
2. Exfoliating
3. Face steaming
4. Face mask (2 times weekly)
5. Moisturizer
6. Other skin treatments (serum, essence, treatment,night cream, face oils, spot treatemnts, ance cream) မိမိလိုသလို သုံးသမျှကို သုံးပါ။
7. Eye cream

8. Lip balm ကိုတော့ ဖြိုးပ personal faves ပါ။ နေ့ခင်းပိုင်းကော spf ပါတဲ့ lip balm သုံးဖို့ မမေ့နဲ့နော်။ 

အခုပြောပြသွားတဲ့ အဆင့်ဆင့်ကတော့ ဖြိုးပကိုယ်တိုင်လည်း လိုက်လုပ်ဖြစ်ပြီး နွေရာသီမှာ ပျိုမေတို့ကို အထောက်အကူပြုနိုင်မှာပါ။ ဖြိုးပက brands recommend မပေးတော့ဘုနော်။ ဘာလို့လည်း သိမယ်ထင်ပါတယ်။ 

အားလုံး အမြဲလှနိုင်ပါစေရှင့် 

Like and share လုပ်ရင်းနဲ့ မျှဝေပေးအုန်းနော် 

#‎phyopapablogs Follow my blog with Bloglovin

Comments

Popular Posts