How to be Cute and Fun // Hearty Heart Eyeliner Review



“Hearty Heart Eyeliner Review”

Hello … အားလုံးပဲ မင်္ဂလာပါရှင့်
လက်တလောကပဲ ဒေါ်ဖြိုးပကြီး ပန်းရောင်မိန်းကလေးလို ပြင်ဆင်ပြီး Product Launch လေးသွားတာ မှတ်မိဦးမယ်ထင်ပါတယ်။
အဲ့ဒီ Product Launch လေးကတော့ Hearty Heart Cosmetics ရဲ့ ပွဲဦးထွက် Products လေးဖြစ်တဲ့ Eyeliner Pen လေးအတွက်ပါ။ Hearty Heart ဆိုတဲ့ Brand လေးကတော့ Korea Cosmax ကနေ အသစ်ထုတ်လိုက်တဲ့ Bella Cosmetics နဲ့တစ်မိသားစုထဲဖြစ်ပြီး လူငယ်မိန်းကလေးတွေအတွက် ချစ်ဖို့လဲ ကောင်းပြီး ဈေးသက်သာမယ် Quality ကောင်းမယ် သုံးတဲ့အခါလဲ အဆင်ပြေမယ့် Cosmetics Brand လေးတစ်ခုပါ။
Hearty Heart လေးကတော့ “Cute and Fun” ဆိုသလိုပဲ သူက လူငယ်မိန်းကလေးတိုင်းနဲ့ လိုက်ဖက်တဲ့ ကာလာလေးတွေကို အဓိကထားပြီး Design ထုတ်ထားပါတယ်။ Packaging နဲ့ကို ဖြိုးပတို့ အရမ်းကို လိုချင်တာပါ။ Cute Colors လေးတွေနဲ့ လုပ်ထားတယ်။ Logo လေးကကို အရမ်းချစ်ဖို့ကောင်းတဲ့ ပုံစံလေးနဲ့ေ၇းထားပါတယ်။

ဖြိုးပကတော့ ဒီတစ်ခေါက်မှာ Eyeliner လေးကို သုံးကြည့်ပြီး ထွက်ရင်ဝယ်သုံးချင်တဲ့ မိန်းကလေးတွေအတွက် Products အကြောင်းလေး ပြောပြချင်လို့ပါ။

Packaging >> အနေနဲ့ကတော့ ဗူးခွံလေးတွေကအစ အရမ်းချစ်ဖို့ကောင်းအောင်နဲ့ ကာလာလေးတွေကို လူငယ်လေးတွေကိုယ့် Personalilty လေးနဲ့ ကိုယ်အကြိုက်ဆုံး ကာလာလေးကို ရွေးဝယ်လို့ရအောင်လို့ လုပ်ပေးထားပါတယ်. ဗူးခွံပေါ်မှာတော့ Hearty Heart ရဲ့ချစ်စရာ Logo လေးရယ် မျက်လုံးပုံလေးရယ် Product Information တွေကို သေချာစုံအောင် ဖော်ပြထားတယ်။ ပြီးတော့ ကောင်မလေးတွေ Eyeliner လေးနဲ့ ဓာတ်ပုံရိုက်တင်ရင် Caption ရေးလို့ရအောင် Caption Ideas လေးတွေတောင်ပါသေးတယ်။ “I’m not perfect but my eyeliner is” တို့ “I play with my eyes only” တို့ ဆိုတဲ့စာတန်းလေးလဲ ရေးထားတယ်။ ဗူးခွံလေးကတော့ သိမ်းထားချင်စရာလေးပါ။ အထဲက Eyeliner pen ကတောလဲ သူအရောင်နဲ့သူ ကိုင်လို့ကောင်းတဲ့ size လေးပါပဲ။ အဖုံးကလဲ ဖွင့်ပိတ်ရလွယ်ပြီး ပိတ်ထားရင်ဖွင့်ထွက်မှာမျိုး စိတ်ပူစရာမလိုပါဘူးနော်။

Quality >> ကိုပြောချင်ပါတယ်။ သူက Liquid Eyeliner pen လေးပါ. ဖြိုးပကတော့ Eyeliner pen ဆိုရင်သူတို့ရဲ့ ထိပ်လေးကို အဓိကကထားကြည့်ပါတယ်။ Hearty Heart ရဲ့ Eyeliner Pen Tip က Fiber Brush ဖြစ်ပြီး 0.05 mm ထိပ်ပါ. ပြောရရင်တော့ အမျှင်သေးသေးလေးဆိုတော့ မျက်ရစ်ရှိရှိ မရှိရှိ သေချာလေးထိန်းဆွဲနိုင်တယ်။ ဖြိုးပလဲ ပုံမှာပြထားပေးပါတယ်။ Fiber Brush လေးတွေရဲ့ ကောင်းတာက Liquid Eyeliner အရည်တွေကို သေချာထိန်းထားပြီး ကိုယ်ကထိပြီးဆွဲလိုက်တော့မှ ထုတ်ပေးတာပါ။ အာ့ကြောင့် Brush ထိပ်မှာ အရည်တွေ စုပြုံပြီး ဆိုးလိုက်ရင် ပြန့်ကုန်တယ်ဆိုတာ မဖြစ်ပါဘူး။

Hearty Heart ရဲ့ Eyeliner အရောင်ကတော့ တစ်မျိုးထဲလာပါတယ်။ “Matte Black” ပါ အနက်ရောင်ဖြစ်ပြီး ဆိုးလိုက်ရင် ၀ူခုန်းမျက်ရစ်လို ပြောင်နေတာမျိုးမဖြစ်စေပဲ Matte Black ဆိုတော့ တည်ငြိမ်ပြီး လှနေမှာပါ။ ဖြိုးပဒါလေးကို ကြိုက်တာက အဲ့အချက်ကြောင့်ပါ. အချို့ Liquid Eyeliner တွေက မဆိုးခင်က အနက် ဆိုးလို့ခြောက်ရင် မဲမဲပြောင်ပြောင်ကြီးနဲ့ အရမ်းကြည့်ရဆိုးတယ်။

Hearty Heart လေးကတော့ Smudge-proof ဆိုတော့ ဆိုးထားပြီး ယောင်ပြီး ပွတ်မိရင်တောင် ပြန့်ထွက်သွားတာမျိုးမဖြစ်ပါဘူး။ တစ်ကယ်ပါနော်။ Long lasting ဖြစ်စေပါတယ်။ အရောင်မှိန်သွားတာမျိုးတော့ မရှိဘူး ၇ နာရီလောက်ကတော့ အေးအေးဆေးဆေးခံပါတယ်။ Waterproof ဖြစ်တယ်ဆိုပေမယ့် မစမ်းရသေးတော့ မပြောတက်ပါဘူး။ ချွေးထွက်တာလောက်တော့ ခံပါတယ်။ ဖျက်မယ်ဆိုရင်တော့ Eye Makeup Remover နဲ့ သို့ miceller water လေးသုံးပါ.

တစ်ချို့မိန်းကလေးတွေက ဘယ်လိုတွေ ဆွဲလဲတော့ မသိဘူး Eyeliner တွေက မဲတယ် ပြန့်တယ် ဆိုတာမျိုးတွေကိုတော့ Heart Heart လေးက ကူညီနိုင်မှာပါ. ဆွဲပြီးပြီးချင်း ၁၀ စက္ကန့် လောက်ဆို ခြောက်ပြီဆိုတော့ မျက်တောင်ခပ်ရင် ပျက်မှာစိတ်ပူစရာ မလိုတော့ဘူးလေ။

Weak Point  - လေးတစ်ခုရှိတယ်။ Eyeliner pen လေးထဲမှာ အရည်တွေကို Shake လုပ်တဲ့ အစေ့လေးပါပြီး ဖြိုးပတို့မဆိုးခင် Pen လေးကို ခလောက်လို့ရပါတယ်။ သတိထားစေချင်တာကတော့ အဖုံးပိတ်ပြီးမှ Shake လုပ်ပါ။ အဖုံးဖွင့်ထားရင်တော့ shake တဲ့အခါ အရည်တွေထွက်လာလို့ပါ. သတိထားပြီး အဖုံးပိတ်ထားစေချင်ပါတယ်။

Rating – 4.5 stars ပေးပါရစေ။
Hearty Heart Eyeliner လေးရဲ့ ပေးရတဲ့ဈေး၊ အရည်အသွေး၊ ထုတ်ပိုးမှုလေးတွေက မိန်းကလေးတိုင်းနဲ့ မိတ်ကပ်လိမ်းရတာ ကြိုက်သူတွေအတွက် အရမ်းကိုကိုက်ညီပြီး Professional Makeup Artist တွေရော လက်တုန်တက်တဲ့ Beginner Makeup လိမ်းသူလေးတွေရောနဲ့ အဆင်ပြေမှာမို့ ပြေးဝယ်ထားစေချင်ပါတယ်။

ABC ဆိုင်တိုင်းနဲ့ Cosmetics shop တွေမှာ October 30 ရက်နေ့ကစပြီး ၂၉၉၅ (၃၀၀၀) ကျပ်နဲ့ ရောင်းချပေးမယ့်တဲ့ .. Halloween Day အပြင်သွားရင်း ပြေးဝယ်ထားဖို့ သတိပေးလိုက်တယ်နော်။





Be Cute and Fun my loves <3

#PhyopapaBlogs 

Comments

Popular Posts