Real Deal Tips For Skin Whitening


အချိန်တိုတွင်း အသားရေကြည်လင်ဖြူဝင်း လာစေရန် 

Hello .... အလှအပချစ်သူတွေအတွက် သဘာဝဖြစ် ပစ္စည်းလေးတွေနဲ့ အသားဖြူအောင် လုပ်တဲ့နည်းတွေအများကြီး ရှိပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်ပိုစ်လေးမှာ ပျိုမေတို့အတွက် ဖြိုးနဲ့ရှိုးကနေ အချိန်ပေးပြီးလုပ်ရုံနဲ့ အန္တရာယ်မရှိ၊ ဈေးလည်းမကြီး၊ အလွယ်တကူ လက်လှမ်းမှီ သုံးလို့ရတဲ့ အိမ်တွင်းလုပ် အသားလှ ပစ္စည်းတွေကို အဓိကထား ဖော်ပြပေးလိုက်ပါတယ်။ ဖြိုးနဲ့ရှိုးက ဒီအချက်လေးတွေကို www.homeremedies.com ကနေ ကိုးကားပြီး ပြောပြလိုက်ပါတယ်။

(၁) အိမ်တွင်းဖြစ် Whitening lotion

သခွားသီးကိုအရည်ထွက်အောင် လုပ်ပါ။ သခွားရည်ကို သံပုရာရည် နှစ်စက်ခန့် ရောစပ်ပြီး သမအောင်ပြုလုပ်ပါ။ မျက်နှာနှင့် လည်ပင်းတွင် နာရီဝက်ခန့် လိမ်းထားပါ။ပြီးရင် မပူမအေး ရေနွေးလေးနဲ့ ဆေးကြောပါ။ အသားအရေဟာ ဝင်းလက်တောက်ပြောင် လာပါလိမ့်မယ်။

(၂) အိမ်တွင်းဖြစ် Facial Mask

ပျားရည်တစ်ဇွန်း(စားပွဲတင်ဇွန်း) နဲ သင်္ဘောသီးရည် တစ်ဇွန်း ရောလိမ်းပါ။ ၁၅ မိနစ်ခန့် ကြာလျှင် ရေနဲ့ပြန်ဆေးပါ။ ဒါက Facial mask အိမ်တွင်းဖြစ် ပြုလုပ်တဲ့ နည်းပါ။

(၃) နေလောင်ဒဏ်အတွက်

နနွင်းမှုန့် လဖ္ဘက်ရည်ဇွန်း ၁-၂ ဇွန်းခန့်ကို သံပုရာရည်နဲ့ သမအောင် ရောပြီး လိမ်းပေးပါ။ နနွင်းက အရေပြားကို ပြန်လည်ပြုပြင်ပေးပါတယ်။ ဒီနည်းဟာ နေလောင်တဲ့ အသားအရေအတွက် အထိရောက်ဆုံး ဆေးနည်းပဲ ဖြစ်ပါတယ်။

(၄) အသားဖြူဝင်းချင်တယ် ဆိုရင်

နနွင်းမှုန့် လဖ္ဘက်ရည်ဇွန်းတစ်ဝက်ခန့်ကို နွားနို့နွေးနွေးတစ်ခွက်တွင်ထည့်ပါ။ သကြားနည်းငယ်သာရောစပ်ပြီး မအိပ်မီတစ်နာရီခန့်အလိုတွင်သောက်သုံးပြီး အိပ်စက်ပါ။ သိသာထင်ရှားလာပါလိမ့်မယ်။ ဒီနည်းကို ပူပြင်းတဲ့နွေရာသီမှာ အသုံမပြုပါနဲ့။ နနွင်းက ခန္ဓာကိုယ်တွင်း အပူချိန်ကို မြှင့်တင်ပါတယ်။

(၅) မျက်နှာဖြူဖွေးချင်တာလား

ခရမ်းချဉ်သီး၂-၃လုံးလောက်ကို အရည်ဖြစ်အောင်လုပ်ပါ။ သံပုရာသီးအရည် နှစ်စက်ခန့်ရောပြီးမွှေပါ။ မျက်နှာပြင်ပေါ်လိမ်ပြီး ၁၅-၂၀ မိနစ်ခန့်ထားပါ။ ပြီးရင် ရေအေးအေးလေးနဲ့ ဆေးကြောပေးပါ။ တစ်နေ့ နှစ်ကြိမ် ပြုလုပ်ပေးပါက ၁၅ရက်၊ ရက်၂၀အတွင်း မျက်နှာဖြူဖွေး လာပါလိမ့်မယ်။


(၆) ကိုယ်ခန္ဓာပေါ် အမဲကွက်နဲ့ အစက်အပျောက်ဖြစ်နေခဲ့ရင်

အာလူးတစ်လုံးကို ရေစင်အောင်ဆေးပြီး ပါးပါးလှီးပါ။ ညစဉ် အမဲကွက်နဲ့ အစက်အပျောက်ဖြစ်တဲ့ နေရာတွေမှာ ကပ်ပြီးအိပ်ပါ။ နဂိုအသားအရေ အတိုင်း ပြောင်းလဲလာပါလိမ့်မယ်။

(၇) အသားအရေ ဖြူ လိုပါသလား

လိမ္မော်သီးအခွံကို နေပူလှမ်းပါ။ ခြောက်သွေ့သွားတဲ့အခါ ပေါင်ဒါလို အမှုန့်ဖြစ်သွားအောင် ကြိတ်ပါ။ ထိုအမှုန့်နဲ့ နွားနို့နဲရောပြီး ပျစ်ခဲနေတဲ့ အရည်ကိုအရေပြားပေါ်မှာ လိမ်ပေးပါ။ အရေပြား ခြောက်သွေ့သွားပြီ ဆိုရင် ရေနွေးနွေးလေးနဲ့ ဆေးကြောပေးပါ။ နေ့စဉ်ပြုလုပ်ပေးပါက တစ်ဖြည်းဖြည်း အသားဖြူဝင်းလာပါမယ်။

အမြဲသတိထားဖို့ ⚠⚠⚠

  • Whitening Product တွေကို ဝယ်ယူတဲ့အခါ အလှကုန်ပစ္စည်းတွေဟာ အဆီပြန်တဲ့အသားရေ၊ ခြောက်သွေ့သော အသားအရေဆိုပြီး သီးသန့် ထုတ်လုပ်ထားတဲ့အတွက် မိမိအသားအရေနဲ့ မလိုက်ဖက်တာ ဝယ်ယူခြင်းကို သတိပြုသင့်ပါတယ်။
  • အသားဖြူချင်တယ်ဆိုရင် ဆီများတဲ့ အစားအစာ၊ အစပ်များတဲ့ အစားအစာတွေကို ရှောင်ရှားပါ။ အဆီ၊ အစပ်တွေက အရေပြားပေါ်က ရေဓာတ်ကို ခြောက်ခမ်းစေပြီး မည်းကွက်လာစေပါတယ်။
  • ကာယလေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပေးရပါမယ်။ ဒါမှသာ သွေးလေလည်ပတ်မှု အားကောင်းပြီး အသားထဲကို ဆေးစိမ့်ဝင်မှာ ဖြစ်ပါတယ်။
  • Whitening product တွေဘယ်လောက်သုံးသုံး လေ့ကျင့်ခန်းမလုပ်ဘူးဆိုရင် အကျိုးထိရောက်မှု နှောင့်နှေးပါတယ်။


ဒါကြောင့် ဖြိုးနဲ့ရှိုးချစ်ရတဲ့ သူလေးတွေအတွက် အသားဖြူနည်းလေးတွေ လိုက်လုပ်ဖို့ရော လိုက်နာဖို့ရော ဝေမျှပေးလိုက်ပါတယ်။ သေချာလိုက်နာပြီး တစ်နေ့ထက်တစ်နေ့ပိုလှနိုင်ပါစေနော်.

Love you

#PhyoandShio #PhyopapaBlogs 

Comments

Popular Posts