13 Reasons Why you are not Successful

ဘ၀မှာ မအောင်မြင်ရခြင်း အကြောင်းရင် ၁၃ မျိုး

တခုခုလုပ်ပြီးပြီဆိုရင် “ငါဘ၀ရဲ့ ဘယ်နေရာမှာ ဘယ်လိုအလုပ်တွေလုပ်ပြီး ရှင်သန်နေတယ်” ဆိုတာမျိုးလေးတွေနဲ့ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်မိရဲ့လား.သူငယ်ချင်းတို့ ဖြိုးကတော့ သုံးသပ်မိတယ် ရှိုးကတော့ တခါတလေပါ။
ဖြစ်နိုင်ရင် ကိုယ့်ကိုကိုယ်အမြဲတမ်း ပြန်သုံးသပ်ဖို့ လိုပါတယ်။ ဒါမှ ကိုယ်ဘယ်လောက်ထိ တိုးတက်လာတယ်၊ ဘယ်လောက်တောင် ဆုတ်ယုတ်သွားတယ် သိရမှာပါ။ တချို့တွေက လုပ်တော့ လုပ်နေတာပဲ ဒါပေမဲ့ တိုးတက်လာတယ် အောင်မြင်လာတယ် မရှိပါဘူး။ ဒီတိုင်းက ဒီတိုင်းပဲ၊ ရှိတာထက် ပိုဆိုးသွားတယ်။ ဒီလိုဖြစ် နေတာတွေရဲ့ အဓိက အကြောင်းက ဘာလဲဆိုတာကို ကိုယ့်ကိုကိုယ်လဲ မသိပါဘူး။
ဒါ့ကြောင့်မို့ ဖြိုးနဲ့ရှိုးက ဒီအချက်လေး (၁၃) ချက်ကို ပြောပြပေးပါ့မယ် ဟုတ်ရဲ့လား ငါက အဲ့လိုဖြစ်နေလာဆိုတာတော့ ကိုယ့်ကိုကိုယ် သုံးသပ်ကြည့်ပါ။ ဒါဆိုကိုယ်လိုချင်တဲ့ Life goal ကို ဘာလို့ရောက်ဖို့ဝေးနေတာလဲဆိုတဲ့ အကြောင်းလေးတွေတော့ ရလာမှာပါ.

1/ Laziness (ပျင်းခြင်း)
ပျင်းတာက ပြင်ရခက်ပါတယ်။ တကယ်ဆို အောင်မြင်နေတဲ့သူတိုင်းက သူတို့အတွက် သူတို့က ပျင်းဖို့အတွက် အချိန်မပေးပဲ ကြိုးစားနေကြတာပါ။ ပျင်းတာက ကိစ္စတော့ မရှိပေမဲ့ ဘယ်တော့မှ အောင်မြင်လာမှာ မဟုတ်သလို သူဌေးလဲ ဖြစ်လာမှာ မဟုတ်ပါဘူး။#PhyoandShio 

 2/ Entitlement (ခံစားပိုင်ခွင့်)
လောကမှာ တစ်ချို့လူတွေက မွေးလာထဲက ကံကောင်းတဲ့ ကဒ်လေးကိုင်ပြီး ထွက်လာတာတွေ ရှိတယ်။ တို့တွေက အဲ့ထဲမှာ ပါလား??? တို့တွေက ကိုယ်လိုချင်တာ ရအောင်လို့ ကိုယ့်ကိုတိုင်း ကြိုးစားရမှာ။ ငါက ဘာကြီးပိုင်တယ် ညာကြီးပိုင်တယ်လို့ မတွေးပါနဲ။ ကိုယ်လိုချင်တာအတွက် အလုပ်လုပ်ပါ။

3/ Fear (ကြောက်စိတ်)
သင် အမြဲကြောက်နေတာလား? ဆွဲဆောင်မှုမရှိတာလား? ရိုးရှင်တာလား? ကြည့်မကောင်းမှာကို ကြောက်တာလား? အိမ်က မိသားစုတွေနဲ့ သူငယ်ချင်းတွေက ပြောမယ့်စကားတွေကို ကြောင်တာလား? အားလုံးကို ကြောက်နေတာလား? အဲ့ဒီကြောက်နေတဲ့ စိတ်ကို ဖျောက်ပစ်လိုက်ပါ။ ဘယ်သူမှ သင့်ရဲ့ ယုံကြည်ချက်တွေ အမှန်တရားတွေကို တားလို့ရမှာ မဟုတ်ဘူး။ သင့်ရဲ့ ကြောက်နေတဲ့ စိတ်ပျောက်သွားတဲ့အထိ သင့်ကို ဘာတွေက စောင့်နေမှာလဲ ဘာမှ မစောင့်ဘူး။ ကြောက်နေတာကို ဖျောက်ပြီး ကြိုးစားရမှာပါ။

4/ Negativity (သဘောမကျခြင်း၊ အလိုမကျခြင်း)
ဒီအချက်က တစ်ခါတရံမှာ ကိုယ်ကိုတိုင်းတောင် သတိမထားမိတတ်ပါဘူး။ ဒါပေမဲ့ ကိုယ်နဲ့ ပေါင်းသင်းဆက်ဆံနေရတဲ့ သူတွေကတော့ အဲ့ဒီအချက်ကို မကြိုက်ကျဘူး။ ဒါကတော့ မွေးရာပါ အကျင့်တစ်ခုဖြစ်တယ်။ ကိုယ့်နားက သူတွေ တစ်ယောက်ပြီးတစ်ယောက် အောင်မြင်နေတာတွေကိုလဲ သဘောမကျတဲ့ သူမျိုးပေါ့။ အခု အဲ့ဒီအကျင့်ကို ဖျောက်လိုက်ပါ။ ကိုယ့်ဘေးက အောင်မြင်သွားတဲ့ သူတွေလို ကိုယ်လဲ လိုက်ပြီးတော့ ကြိုးစားလိုက်ပါ။#PhyoandShio 

 5/ Stop thinking (အတွေးနဲ့ ပြီးမသွားပါဘူး)
ဒီလိုမျိုးတချိန်လုံး ထိုင်ပဲ တွေးနေနိုင်တဲ့ လေးဖြတ်နေတဲ့ လူလဲမဟုတ်ပါဘူး။ တစ်ချိန်လုံး ငါက ဘာလုပ်နေရမှာ ဘာလိုဖြစ်သင့်တာလို့ပဲ အမြဲတမ်းတွေးနေတတ်တယ်။ လက်တွေးသမားတိုင်းက ကိုယ်ဖြစ်ချင်တာကို ကိုယ်ရအောင် လုပ်တယ်။ တခြားသူတွေလဲ ထို့နည်းတူပဲ။ ကိုယ်ကလဲ အတွေးသမားဘဝကိုရပ်ပြီး လက်တွေ့သမားတွေလို ကိုယ်လိုချင်တာကို ကိုယ်ရအောင် ယူလိုက်ပါ။

6/ No goals (ရည်မှန်းချက် မရှိဘူး)
ဘာအစီအစဉ်မှာမရှိဘူး။ ကိုယ်လိုချင်တဲ့ အရာက တစ်နည်းမဟုတ် တစ်နည်းနဲ့ ဖြစ်လာမှာပါဆိုပြီးတော့ ယုံနေတဲ့ သူမျိုးပေါ့။ နားနဲ့ပါးစပ်နဲ့ပဲ အလုပ်လုပ်တဲ့ သူမျိုးကို ပြောတာ။ ကိုယ့်ဖြစ်ချင်တဲ့ ပန်းတိုင်ကိုတော့ ကိုယ်က ပစ်မှတ်ထားတာမှ အဆင်ပြေမှာပါ။ အခုဟာက ရေထဲမှာ လမ်းလျှောက်နေတဲ့ သူတစ်ယောက်လို ဖြစ်နေပါတယ်။ သွားတော့ သွားတယ် ဘယ်ကျွန်းကို သွားရမလဲ မသိတဲ့သူပေါ့။

7/ They (သူများတွေ) 
သူတို့ဆိုတာ ကိုယ်မဟုတ်တဲ့ သူများတွေရဲ့ ထင်မြင်မှုကို စိတ်ထဲမရှိအောင် ကြိုးစားပါ။ ကိုယ့်ရဲ့ အောင်မြင်မှုတွေ ကျရှုံးမှုတွေ အကုန်လုံးက သူတို့နဲ့မဆိုင်ပါဘူး။ သူတို့ဆိုတဲ့ အတွေးကိုလဲ ကိုယ်ကိုတိုင် ဖျောက်ပစ်လိုက်ပါ။ ကိုယ်တစ်ယောက်ထဲသာ အမှန်တကယ် ကိုယ်ဖြစ်ချင်တာ အတွက်ကို ကြိုးစားရမှာပါ။ ဘယ်အရာမှာပဲ ဖြစ်ဖြစ် သူတို့ဆိုတာ မဆိုင်ပါဘူး။ အဲ့လိုတွေးနေတာက အရမ်းကို ပျော့ညံ့ပါတယ်။#PhyoandShio

 8/ No "x" factor (ပါရမီ မရှိတာလား)
ငါမလုပ်နိုင်ဘူး ဘာလို့လဲ ဆိုတော့ ငါက အဲ့လောက် မတက်ကျွမ်းလို့။ ငါက စိတ်ပိုင်းဆိုင်ရာ အားနည်းလို့၊ ငါက ပါရမီမှ မပါတာ။ အဲ့မြဲ အဲ့လို အကြောင်းပြချက်တွေ ပေးပြီးတော့ ရှောင်လွဲနေတာလား? ကိုယ့်အနားမှာ ဘာမဟုတ်တဲ့ သူတွေတောင် အောင်မြင်နေတာကို မြင်နေရက်နဲ့ ငါက မလုပ်နိုင်ဘူးလို့ ပြောနေရင်တော့ ကိုယ်နဲ့ဆိုင်သွားပြီး။ အဓိကက ပါရမီဆိုတာလဲ ကိုယ်က ကြိုးစားပြီး လုပ်ယူရတယ် ဆိုတဲ့အရာပါ။ ပါရမီပါတာပဲလို့ ထိုင်နေလို့ အောင်မြင်လာတာ မရှိပါဘူး။

9/ Waste time (အချိန်ဖြုန်းခြင်း) 
သင်ဟာ အချိန်အဖြုန်းနိုင်ဆုံး လူလဲဖြစ်တယ်။ သင်က အချိန်တိုင်း အချိန်တိုင်းကို ဘာမဟုတ်တာတွေနဲ့ အလုပ်ရှုပ်နေတဲ့သူပါ။ လုပ်နေတဲ့အရာတွေက တစ်ခုမှ တိုးတက်မှုမရှိပါဘူး။ ဒီလို အချိန်ဖြုန်းပြီးတော့ လုပ်နေတဲ့ အလုပ်တိုင်းက အောင်မြင်မှာလဲ မဟုတ်ဘူး တိုးတက်လာမှာလဲ မဟုတ်ပါဘူး။ တိုးတက်ခြင်းတယ် အောင်မြင်ခြင်းတယ်ဆိုရင် အဲ့လို အချိန်ဖြုန်းတာတွေကို လျော့မှ ဖြစ်ပါမယ်။

10/ Social Big smile (မပြုံးတတ်ခြင်း)
လူတွေ ကြားထဲမှာတော့ အချိန်ကြာကြာ အလုပ်လုပ်နေတယ်။ ဒါပေမဲ့ သင့်မျက်နှာရဲ့ အမူအရာကြောင့် တိုးတက်မှုထဲက ၅၀ ရာခိုင်နှုန်းဟာ ဘယ်လိုမှ ပြောင်းလဲ မသွားတဲ့အပြင် ပိုဆိုးသွားစေတတ်တယ်။ ဒါကိုကိုယ်ကိုတိုင်လဲ သတိထားမိတယ်။ ဒါပေမဲ့ ပြင်ဖို့ကို တော်တော်ကို ခက်နေတယ်။ ဒါက တကယ်တော့ တော်တော်ကို ဝမ်းနည်းဖို့ကောင်းတဲ့ အချက်လဲဖြစ်တယ်။ ကိုယ်တိုးတက်ခြင်းတယ်ဆို ဒါကြီးကိုတော့ ဖျောက်ပစ်မှုကို ရမှာပါ။#PhyoandShio 

 11/ Thinking small (အတွေးမကျယ်ပြန့်ဘူး)
ဘယ်အရာကိုဖြစ်ဖြစ် နဲနဲလေးပဲ စဉ်စားတယ် တွေးမိတယ်။ ဒီနေ့ဆို ဒီနေ့အတွက်ပဲ ကိုယ့်ရဲ့ အနာဂတ်အတွက် ကြိုမစဉ်းစားထားဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်က ရှေ့ကို ဘယ်လို ကြိုတွေးရမလဲ လဲမသိဘူး။ ဘယ်လို ကိုယ့်ကိုကိုယ် ဦးဆောင်ရမလဲ လဲမသိဘူး။ အကြောင်းအရင်းကတော့ သူများနောက်ကပဲ အမြဲလိုက်နေရလို့ မှီခိုနေရလို့ ။

12/ Don't want it (မလိုချင်လို့)
မအောင်မြင်ချင်လို့။ ပြောတာပဲ အဲ့စကားကို တချို့လူတွေလဲ ဒါပေမဲ့ အဓိက ကတော့ အောင်မြင်ခဲ့ရင် ငါ့ကို ဘယ်သူတွေက ဘယ်လိုပြောမှာ ဆိုတာကြီးကို ကြောက်နေလို့ပဲ။ အဲ့ဒီအတွေးက သင့်ကို တားနေတာ။ တကယ်တော့ အောင်မြင်သွားပြီးဆို ကိုယ်ဟာလဲ ပြောင်းလဲသွားတယ် ပြီးတော့ အဲ့ဒီ ခံစားချက်က ဘာနဲ့မှ လဲလို့မရအောင်ကို မိုက်တယ်။ အဲတော့ ကိုယ့် ဦးနှောက်က ပြောနေတဲ့ အဲ့ဒီ အတွေးကို လွှင့်ပစ်ဖို့က ကိုယ့်တာဝန်ပဲ။

13/ Don't have belief (အယုံအကြည် မရှိခြင်း)


ငါ ဒါကို လုပ်ဖို့ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကိုယ့်အတွေးမှာ လူတွေက မျှော်လင့်ထားရင် နဲနဲပဲ ရတတ်တယ် အဲ့လိုပဲ တွေးနေတတ်တာကြောင့်ပါ။ လူတိုင်းအဲ့လိုပဲ ကျော်ဖြတ်သွားတာပါ။ ကိုယ်လဲ ပိုင်ဆိုင်ခြင်းရင် ဒီလို ကနေ စရမှာပဲလေး ဆိုရိုးစကားတောင် ရှိတယ် " ရင်လောက်မှန်းမှ ဒူးလောက်ကျတယ် " ဆိုတာ။ ဒီအချက်ကို ကျော်ဖြတ်သွားမှာ လိုချင်တာကိုလဲ ရမယ် ဖြစ်ချင်တာကိုလဲ ဖြစ်ရမှာပါ။ ဒါကို ယုံကြည်ချက်လို့ ခေါ်တာပါ။
ဒီ အချက်တွေထဲမှာ အခုထိထွန်းထွန်းပေါက်ပေါက် မရှိသေးတဲ့ ရှိုးနဲ့တိုက်ဆိုင်တဲ့ အချက်တွေက အများကြီးပါ။ အခုဆို ညီမ နှစ်ယောက်လုံးက လုံးဝကို ပြောင်းလဲ လိုက်ပါပြီ။ ကိုယ်လိုချင်တာအတွက် ကိုယ်သာလျှင် အဓိကမို့ ကြိုးစားဖို့ကို ပြောချင်ပါတယ်။ တကယ်ဖြစ်ချင်ရင် တကယ်လုပ်လိုက်ပါ။ 
မကြာမီမှာ ဖြစ်လာပါလိမ့်မယ်။ အချိန်တော့ ပေးရပါတယ်။ ကျရှုံးမှုတွေက တခဏပါပဲ ။

#Phyoandshio #PhyopapaBlogs

Comments

Popular Posts