Sweet Savior for Healthy Body and Skin








ဖြိုးပ မှီဝဲဖြစ်နေတဲ့ Vitamin C ဆေးပြားလေးအကြောင်း ပြောပြချင်လို့ပါလေ။
ဖြိုးပကို တော်တော်များများကလဲ Beauty Supplements တွေ သောက်လား ဘာညာမေးလေ့ရှိကြတယ်။ တစ်ကယ်တော့ ဖြိုးပကတော့ ဆေးဝါးထွေထွေထူးထူးတွေ အသားရေအတွက် Collagen တွေ စားသုံးတာမျိုးတော့ မရှိပေမယ့် ၂၀၁၇ နှစ်လည်ထဲက သောက်လာတဲ့ Vitamin C ဆေးပြားလေးတွေတော့ ရှိတယ်။
ဖြိုးပကို အသိသူငယ်ချင်းတစ်ယောက်ကနေ
Taiwan မှာ နာမည်ကြီးတယ်ဆိုပြီး မကြာခန ပို့ပေးလေ့ရှိလို့ သောက်ဖြစ်တယ်ပေါ့နော်။
ပထမဆုံးတော့ အလကားရလို့ သောက်သုံးရင်းကနေ ၃ ထုပ်လောက်မှာတော့ ဖြိုးပအရမ်းသဘောကျတာကြောင့် များများ စာစားမှာယူ သောက်သုံးခဲ့ပါတယ် ။
ဒီ Vitamin C လေးအကြောင်းလေးကို လဲ တစ်ချက်လောက် ပြောပြချင်ပါတယ်။

What is Vitamin C?
အားလုံးသိပြီးသား အချက်လဲဖြစ်တယ် ဖြိုးပတို့တွေ Vitamin C (Ascorbic Acid) ဓာတ်ကို ကိုယ်ခန္ဒာရဲ့ ကျန်းမာရေးအရရော အလှအပ ရေးရာရော အမှန်အကန်လိုအပ်ပါတယ်။ Vitamin C ကို အသီးအနှံ အစားအသောက်တော်တော်များများကနေလဲ ရနိုင်သလိုပဲ အခုလို့မျိုး ဆေးဝါးတွေကနေလဲ အားဖြည့်လေ့ရှိကြတယ်မလား ။ လိုအပ်တဲ့ Vitamin C mg က ဖြိုးပတို့အတွက် နေ့စဉ်ထောက်ပံ့ပေးနိုင်တဲ့ Vitamin လေ။  တို့တွေ သိထားတဲ့ အတိုင်းပဲ အစားအသောက်ထဲမှာလည်း Vitamin C တွေ များစွာရှိတယ်။ (ဥပမာ-သံပုရာသီး၊ လိမ္မော်သီး၊ Kiwi သီး၊ သရက်သီး၊ ကျွဲကောသီး၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး၊ မုန်ညင်းဖြူနှင့် ကြက်ဟင်းခါးသီးတွေ စတဲ့ အသီးနှံတွေမှာက Vitamin C ဓာတ် ကောင်းစွာပါသောကြောင့် အမြဲစားပေးပါ။)
ဖြိုးပကတော့ Vitamin C ကို တစ်ရက်ကို ၂၅၀ mg မှီဝဲလေ့ရှိတယ်.
အဓိကကတော့ လန်းလန်းဆန်းဆန်းဖြစ်အောင်ရယ် ကျန်းမာရေး အတွက်ရယ်ပါ။

Vitamin C ရဲ့ ကောင်းကျိုးလေးတွေကိုလဲ ချုံပြောပြပါမယ်။ ချဲပြောနေရင် ပြီးတော့မယ်မထင် -

  1. သွားကိုကျန်းမာစေပြီး သွားဖုံးအတွက် အဟာရဓာတ်တွေ ဖြည့်ဆည်းပေးတယ်။ Vitamin C တွေအရမ်းချို့ဓာတ်နေရင် သွားဖုံးရောင်ခြင်း၊ သွေးထွက်ခြင်း၊ သွားကျဲတာ မျိုးတွေဖြစ်တတ်တာလေ။
  1. အနာကိုလည်း မြန်စွာကျက်ပြီး သွေးကြောတွေရဲ့ လည်ပတ်မှုနှင့် အရိုးအဆစ်အတွက်လဲ သန်မာစေလို့ ကိုယ်ခန္ဒာ ကျန်းမာရေးးအတွက်လဲ ကောင်းတယ်။
  1. ခုခံအားကောင်းစေပြီး၊ ရောဂါကူးစက်မှုကိုလည်း ကာကွယ်စေတယ်။
  1. ဆံပင်ရှည်မြန်အောင် လုပ်ပေးနိုင်စွမ်းရှိပါတယ်။ ဆံပင်ကျွတ်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ဗောက်တွေ မှိုတွေ ဖြစ်ပေါ်တာကနေ ကာကွယ်ပေးနိုင်ပါတယ်။Vitamin C က ဆံသားကို ပိုပြီးတော့ သန်စွမ်းလာစေတယ်၊ ဆံပင်ပါးတာလှီတာတွေ မဖြစ်ဘူးပေါ့နော်။ဆံပင်တွေ မရွယ်မတိုင်ခင် ဖြူလာတာမျိုးတွေကိုလဲ တားဆီပေးပါတယ်။ ဆံသားတောက်ပမှုနဲ့ ချောမွေ့အောင်လဲ လုပ်ပေးနိုင်ပါတယ်။
  1. လူရဲ့အသက် တဖြည်းဖြည်းကြီးလာလေ ခန္ဓာကိုယ်ထဲက ဗီတာမင် C က တဖြည်းဖြည်းနဲ့ လျော့လာတယ်။ ဒါကြောင့် နေ့တိုင်း ဗီတာမင်တွေ ဓာတ်ဖြည့်ပေးရမယ်။ ဗီတာမင် C ကို အမြဲသောက်ပေးရင် သို့ Vitamin C ပါတဲ့ အသီးအနှံတွေ စားပေးခြင်းဖြင့်လဲ ကင်ဆာကို ကာကွယ်ပေးနိုင်တယ်။

  1. ၃။ ကိုယ်ဝန်ဆောင်ချိန် ကာလတွင်းမှာ ဗီတာမင် C ဓာတ်က ခါတိုင်းကိုပြီး လျော့နည်းသည့် အတွက် အလွယ်တကူ အားနည်းတာ၊ ဖျားနာတာတွေ ဖြစ်တတ်တယ်။ အဖျားပျောက်ဆေးတွေ သောက်တော့လည်း ကိုယ်ဝန်ရှိသူအတွက် မကောင်းဘူးလေ။
  2. အသားရေတွက်ကတော့ ဖြိုးပတို့ရဲ့ အသားရေအပေါ်လွှာကနေ ကြည်လင်လှပဖို့ကို အတွင်းထဲကနေ ပြုပြင်ပေးတယ်။
အမဲစက်တွေနဲ့ အသားရောင် မညီတာတွေရော၊ အသားရေ ရောရဲနေတာတွေကအစ အထောက်အပံ့ပေးနိုင်တာကြောင့် မိန်းကလေးတွေရော အမျိုးသားတွေရော မှီဝဲနိုင်ပါတယ်။

ဖြိုးပရဲ့ ဒီ Vitamin C ဆေးပြားလေးနဲ့ ပတ်သက်ပြီး အရမ်းကြိုက်ရတဲ့ အချက်လေးတွေ ပြောပြမယ်လေ။

  • ဒီ Vitamin C ဆေးပြားလေးက Daily အတွက်လိုအပ်တဲ့ ၂၅၀ mg ပါတယ် ။ (မိမိက ဘယ်လောက်လိုတယ်ဆိုတာ သိအောင် ဆရာဝန်နဲ့တိုင်ပင်ပါ)
  • သူက Sugarless ဖြစ်ပြီး Artificial Colors တွေလဲ မပါဘူးပေါ့နော်။ ချောင်းဆိုးမှာ စိတ်ပူစရာမလိုပါ။
  • အရသာကတော့ ချိုချဉ်လေးဖြစ်ပြီး ငုံထားလို့ရတဲ့ ဆေးပြားစတိုင်လေးပါ။

ဖြိုးပကတော့ သောက်လာတာ ၅ လရှိပြီဆိုတော့ သိသိသာသာကို ထူးခြားတာကတော့

  • ဖြိုးပ ဖျားနာမှု နှုန်းကျတယ်။ သာမာန်အားနည်းရုံလောက်နဲ့ ရာသီအကူအပြောင်း ကာလတွေကအစ ဖြိုးပရဲ့ ကိုယ်ခုခံအားကကောင်းနေတာပေါ့နော်။
  • မိန်းကလေးတွေ သိချင်ဆုံးဖြစ်နေတယ် အသားရေရဲ့ ကောင်းကျိုးရှိလားဆိုတော့ အသားရေလေးကို ၀င်းနေစေတယ်။
  • ဖြိုးပက အပြင်မှာ အရမ်းကြီး အသားမဖြူပါဘူး ဒါပေမယ့် အသားရေ စိုစိုပြေပြေရှိတယ်။
  • အရောင်ညီညာပြီးတော့ UV Rays တွေကနေ ထိခိုက်မှုနှုန်းကိုလဲ ကာကွယ်ပေးတယ်။
  • Anti-oxidant အနေနဲ့လဲ သုံးနိုင်တယ်။
  • ဖြိုးပသွားတွေရော အသားရေအတွက်ရော အတည်ကောင်းတာပါ။

ဆေးဝါး တစ်မျိုးဖြစ်နေတော့ အများကြီးတော့ မရှင်းတက်ပေမယ့် Vitamin C Supplements ကိုတော့ လူတိုင်းကို သောက်သုံးဖို့ သတိပေးချင်ပါတယ်။ အခုခေတ် အစားအသောက်တွေကနေ Vitamin ဓာတ်တွေက ရနိုင်တာလဲ မဟုတ်ဘူးလေ။

ဒီ Vitamin C ဆေးပြားလေးတွေကို အခုအောက်မှာပေးထားတဲ့ လင့်ကနေ ၀ယ်လို့ရပါတယ်။ အခုသူတို့က Promotion ရှိနေတယ်။
ကျန်းမာရေးနဲ့ ဆေးဝါးကွတ်ကဲမှုကလဲ ထောက်ခံထားလို့ စိတ်မပူပါနဲ့နော်။
ဆေးပြား ၁၀ ပြားပါတဲ့ အထုပ်သေး တစ်ထုတ်ကို ၂၂၀၀ ပဲတဲ့

OK … ချစ်တို့ သိချင်နေတဲ့ Vitamin C လေးအကြောင်း ပြောပြီးဘီဆိုတော့
Good Night နော်

#PhyopapaBlogs 

Comments

Popular Posts