Light Weight Milky Sunscreen for Face & Body








Hello …. အားလုံးပဲ မင်္ဂလာပါရှင့်

Face & Body နှစ်မျိုးစလုံးသုံး အဆင်ပြေစေတဲ့ Milky Sunscreen Review

ဒီကနေ ပေးမယ့် Review လေးကတော့ ချစ်တို့လဲ သိပြီးသား လာမည် လာမည်နဲ့ ပြောနေတဲ့ Sunplay Sunscreen Review လေးပါ။ နဲနဲနောက်ကျနေပေမယ့် ခရီးသွားရာသီမကုန်သေးတာရော New Year ခရီးထွက်မယ်သူလေးတွေအတွက် ဖြိုးပက ခါတော်မီ လာပေးလိုက်ပါတယ်။

အခုပြောပြမယ့် နေလောင်ကာဆေးလေးကို ဖြိုးပ November လထဲက စတင်သုံးခဲ့ပြီး ခရီးစဉ်တိုင်းမှာလို သူက Essential ပါ။ ဘာလို့လဲဆိုတာကိုလဲ ပြောပြပေးမယ်နော်။

November ထဲမှာတုန်းက ဖြိုးပက ငပလီခရီးစဉ်ရှိတော့ မျက်နှာအတွက် ရေစိုလဲခံ သုံးလို့လဲကောင်းတဲ့ Sunscreen လေးကို လိုက်ရှာတော့ Sunplay Super Block လေးစမ်းသုံးဖို့ အသိအမတစ်ယောက်ကပြောလို့ စမ်းခဲ့ပါတယ်။ သူက မျက်နှာရော ကိုယ်လုံးမှာရော သုံးလို့ရတယ်ဆိုတော့ အော် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ ဆိုပြီး နဲနေမှာစိုးလို့ ၃ ဗူးယူခဲ့တယ်။ အိမ်ကအမေက သူလဲလိုချင်တယ်ဆိုလို့လေ. သူကတစ်ဗူး ကိုယ်က ၂ ဗူးပေါ့။ ဖြိုးပသွားတဲ့ ခရီးတွေက ပင်လယ်ကမ်းခြေက ၂ ခု၊ မန်းလေးရယ်သွားဖြစ်တယ်လေ။

Packing >> ကတော့ သေးကျစ်ကျစ် လက်တစ်ဝါးစာ ဗူးလေးပါ။ အဖုံးအနီလေးနဲ့ အဖြူရောင် ဗူးလေးပါ။ 
Sunplay က Sunscreen အမျိုးစုံထွက်တဲ့အထဲမှာမှ SPF 81 ရှိတဲ့ Super Block အမျိုးအစားကိုပဲ ယူလာတာပါ။ အနီဗူးလေးက 30 g ပဲပါပါတယ်။ ဗူးအပြင်မှာလဲ အာနိသင်နဲ့ သုံးနည်းကို သေချာဖော်ပြထားပါတယ်။ အဖုံးကလုံခြံပြီး အရည်ထွက်တဲ့ ထပ်သေးကတော့ ကျဉ်းတဲ့ Tube လေးပုံစံနဲပါ။

Quality >> စွန်းကောင်းလို့ ပြောပြချင်တယ်။ သူက Milky Type လေးပါ။ သူ့အထဲမှာ Vitamin C နဲ့ E အပြင် Aloe Vera Extract ဖြစ်လို့ အေးမြပြီး အစိုဓာတ်ထိန်းနိုင်တယ်လေ။ UV Block အမျိုးအစားဖြစ်လို့ UVA နဲ့ UVB ကိုလဲ ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ ဖြိုးပ သဘောကျဆုံးကတော့ ရေစိုခံတာပါပဲ ။ ထင်ယောင်ထင်မှားမဟုတ်ဘူး သေချာစမ်းသပ်ထားတာပါ။
  1. Milky Type လေးဖြစ်ပြီး လိမ်းတော့မယ်ဆိုရင် အပြင်မသွားခင် ၁၅ မိနစ်လောက် ကြိုလိမ်းရမယ်
  2. မလိမ်းခင် ဗူးကို အရင် Shake လုပ်ပေးပါ။
  3. Milky Type ဖြစ်လို့ လိမ်းတဲ့အခါ ဖြန့်ရလွယ်တယ်၊ အသားထဲအလွယ်တစ်ကူ စိပ့်ဝင်တယ်။
  4. All skin type သုံးလို့ရတယ်၊ အနံ့မရှိဘူး စေးကပ်မှုမရှိပါဘူး. ဖြိုးပမေမေက Sensitive Skin သမားပါ။ သူတောင်သုံးပါတယ်။ No Allergy ပါရှင့်
  5. လိမ်းပြီးအသားပေါ် စေးကပ်မှုမရှိပဲ ခြောက်လွယ်ပါတယ်
  6. အဖြူရောင် Milky အရည်တွေက လိမ်းကာစတော့ အသားပေါ်ဖြူနေပေမယ့် ၅ မိနစ်နေရင် အသားရောင်အတိုင်း ပြန်ဖြစ်သွားပါတယ်။
  7. ရေစိုခံတယ်။ ပင်လယ်ထဲဆင်းစိမ်ပြီး ၃ နာရီကြာတဲ့အထိ အသားပေါ်မှာ အလွှာလေးတစ်ခုအနေနဲ့ ကျန်ရှိနေတယ်
  8. နေဒဏ်သာမက လေဒဏ်ပါခံလို့ အသားညိုမဲခြင်းမှ ကာကွယ်ပေးတယ်
  9. Sunplay Sunscreen က အသားရေညိုညစ်တာ အနီရောင်ဖြစ်တာ အမဲစက်လေးတွေကို ထိရောက်စွာ ကာကွယ်ပေးပါတယ်။
ဒီခရီးစဉ်တွေအပြင် အခုရန်ကုန်မှာလဲ အပြင်သွားတိုင်း လိမ်းဖြစ်နေပါတယ်။ မလောက်မှာစိုးလို့ အများကြီးဝယ်ပြီးသယ်စရာတောင် မလိုဘူး တစ်ဗူးထဲနဲ့တင် အခုထိခံသေးတယ်လေ။ အော် …. ဈေးနှုန်းကတော့ တစ်ဗူးကိုမှ ၄၂၀၀ ကျပ်ပါတဲ့ ။

Sunplay Sunscreen တွေကို Acnes ကောင်တာတိုင်းနဲ့ Cosmetics ဆိုင်တွေမှာ convenience Store တွေမှာ ၀ယ်ယူရရှိနိုင်ပါတယ်နော့။ နယ်တွေမှာလဲရပါတယ်။ မသေချာလို့သိချင်လို့ မေးမြန်ချင်တယ်ဆိုရင်တော့ SunplayMyanmar Facebook Page မှာမေးလို့ရပါတယ်ချစ်တို့ရေ .. 

OK ဒီတော့ ပွင့်လင်းရာသီခရီးသွားများ အသားရေအတွက် Protection Sunscreen ဆောင်မယ်ဆိုရင်တော့ Sunplay Sunscreen လေးရှိပါတယ်လို့

ချစ်တဲ့

#PhyopapaBlogs #SunplaySunscreenReview

Comments

Popular Posts