Product that my hair loves


ဖြိုးပက လက်​တ​လော ကတုံးဘဝက​နေ ကျွတ်​လွတ်​ပြီး ဆံသားကို ဖြစ်​သလို ထားလို့မရ​တော့တဲ့ အ​ခြေ​နေကို ​ရောက်​ပြီ​လေ။

ဒါ​ပေမယ့်​ အားလုံးထင်​ထားတဲ့ အလှအပကြိုက်​သူ ​ဒေါ်ဖြိုးပက တကယ်​​တော့ ဆံသားထိန်းသိန်းမှု​တွေ လုပ်​မယ်​ဆို စွန်း​ပျင်းတာပါ 😜🙌🙌
(အတည်​​ပြောသည်​ မ​နောက်​ပါ)

ကံ​ကောင်းချင်​​တော့ ပြီးခဲ့တဲ့ လက Beauty Diary က Lucky Bag ​လေးထဲကို Dr.In ရဲ့ ပန်း​ရောင်​ ​ခေါင်း​လျှော်​ရည်​​ အ​သေးဗူးလဲ ပါတာ​တော့ သုံးကြည့်​ရင်း အရမ်းခိုက်​သွားတယ်​ပဲ ​ပြောရမယ်​။

ဖြိုးပဆံပင်​ကို အားသန်​လာ​စေတယ်​။ အရမ်း​ပျော့​ပျောင်း​နေတာ မဟုတ်​​ပေးမယ့်​ ဆံသားကို ​ပျော့​စေတယ်​။ ပန်း​ရောင်​ဗူး​လေးက ဆာကူရာပန်းအဆီအနှစ်​နဲ့ လုပ်​ထားလို့ အရမ်းလဲ​မွှေးတယ်​​လေ။
သူက Damaged Hair ​တွေအတွက်​လို့ ​ဖော်​ပြထားပါတယ်​။ ဆံပင်​ဆိုးထားသူ​တွေ​ရော သုံးလို့ရပြီး all hair type အတွက်​လဲ အိုစ​ကေတယ်​​လေ။

ဖြိုးပတို့ ညီအမ ၂ ​ယောက်​လုံး အရမ်းသ​ဘောကျတာ​​ကြောင့်​ အ​သေးဗူး​လေးကို ​ရေ​ရောသုံးရတဲ့ အထိဖြစ်​သွားတယ်​။ အာ့​ကြောင့်​ ဒီအပတ်​ထဲ ဗူးသစ်​​လေးတစ်​​ဗူး​ပြေးဝယ်​ဖြစ်​တယ်​။
ဒီတစ်​ခါ​တော့ ​ဗူးကြီး​ပေါ့​နော်​. ဖြိုးပက Products line 4 မျိုးထဲကမှ ​ဗောက်​​ပျောက်​တယ်​ဆိုတဲ့ အမျိုးအစားကို ယူလာခဲ့ပါတယ်​။ Ice deep clean ဆိုပဲ ... သူက ပန်း​ရောင်​​လေးလို အရမ်းမ​မွှေး​ပေမယ့်​ အနံ့​လေးသင်းပါတယ်​။

လက်​တ​လော​တော့ အာ့​လေးအရမ်းကြိုက်​​နေတယ်​.
ဘာလို့လဲဆို​တော့ ဖြိုးပ​ပျော့​ဆေး​တွေလဲ သုံး​နေစရာမလိုသလို ဖြိုးပဆံပင်​ကို သူ့ဘာသာသူ ပုံကျ​စေတယ်​​လေ။
အခုချစ်​တို့ သ​ဘောကျတယ်​​ပြော​နေတဲ့ ဖြိုးပဆံပင်​​ကေကို ဘာပုံသွင်းတာမှကို မလုပ်​တာပါ။
ဒါ​လေးပဲ သုံးပါတယ်​လို့ ...

ဈေး​တွေကလဲ အရမ်းသက်​သာတယ်​။ ဗူးအကြီးက ၆၅၀၀ ကျပ်​​လေ 😘
အာ့လာ​ပြောတာပါ .. bye .. ဂွတ်​ည​နော်​.

#PhyopapaBlogs
Declaimer - this post is not sponsored 
Follow my blog with Bloglovin

Comments

Popular Posts