Overnight beauty tips with Honey



ပျားရည်က အလှအပအတွက် အကောင်းဆုံး သဘာဝ လက်နက်တစ်ခုပါပဲ...
အခုနောက်ပိုင်းမှာ မိန်းကလေးတွေဟာလဲ အလုပ်ကြိုးစားကျတာမို့ အိမ်ကို ညကျမှ ပြန်ရောက်ကျပါတယ်။ ဒီလိုမျိုး ညရောက်တဲ့အခါ အလှအပအတွက် တခြားသော နည်းလမ်းတွေနဲ့ မကာကွယ်နိုင်တဲ့အခါမျိုး မှာ ဒီလို လွယ်လွန်တဲ့ beauty tips လေးတွေနဲ့ ကာကွယ်ပေးလို့ ရပါတယ်နော်....

ဒီတော့ ပျားရည်နဲ့ လုပ်လို့ ရတဲ့ tips လေးတွေကို ပြောပြချင်ပါတယ်။

Dry lips 
နှုတ်ခမ်းက ခြောက်သွေ့ ​နေတယ်ဆိုရင်... နှုတ်ခမ်းလေးပေါ်​ကို သွားတိုက်တံလေးနဲ့ ပွတ်တိုက်ပေးပြီး ညမအိပ်ခင်မှာ နှုတ်ခမ်းပေါ်​ကို ပျားရည်လေး ပါးပါးလေး သုတ်ပြီး အိပ်ပေးပါ။
မနက်မိုးလင်းရင် အစွမ်းကို တွေ့ ​ရပါလိမ့်မယ်။.

Acne
မျက်နှာပေါ်က ဝက်ခြံလေးတွေကို သက်သာစေခြင်ရင်လဲ... မျက်နှာပေါ် ပေါက်နေတဲ့ ဝက်ခြံလေးတွေရဲ့ အနားတဝိုက်ကို ပျားရည်းလေးနဲ့ တို့ ပြီးတော့ စက်စက္ကူ ​လေးကပ်ပြီး အိပ်လိုက်ပါ။ မနက်မိုးလင်းမှ မျက်နှာဆေးချလိုက်ပါ။

Split end
ဆံပင် အဖျားနှစ်ခွ ဖြစ်တယ်ဆိုပြီး စိတ်ညစ်နေရင်လဲ ဒီနည်းလေးက ကူညီပေးပါတယ်။
ပျားရည်ထဲမှာ သံလွင်ဆီန့ဲ ​ရောပြီးတော့ ဆံပင်ရဲ့ အဖျားမှာ သုတ်ထားပြီး အိပ်လိုက်ပါ။ မနက်မိုးလင်ရင် ခေါင်းလျှော်လိုက်ပါ။ လုံးဝကို သိသာပါတယ်။

Glowing skin
မျက်နှာလေးကို ဝင်းပြီးတော့ တောက်ပနေစေချင်ရင်တော့... ပျားရည်ထဲကို ရှားစောင်လက်ပတ်အနှစ်လေးနဲ့ ရောပြီးတော့ မျက်နှာပေါ်မှာ သုတ်ပြီးအိပ်လိုက်ပါ။

Lighten hair
ပျားရည်နဲ့ chamomile လက်ဖက်ရည်နဲ့ ကိုရောပြီးတော့ spary လေးလို ဆံပင်ကို ဖျန်းပေးပါ။
ပြီးရင် ရေချိုးရင် ခေါင်းဆောင် တဲ့ဟာဆောင်းပြီးတော့ အိပ်လိုက်ပါ။

Scar
ည အိပ်ခါနီးမှ အမာရွတ်ရှိတဲ့နေရာလေးမှာ ပျားရည်လေးကို လိမ်းပြီးတော့ တစ်ညလုံးပေးအိပ်လိုက်ပါ။ နေ့တိုင်း မပျောက်မခြင်းလုပ်ပေးပါ။

Blackhead
ဆားဝက်ခြံတွေကလဲ တစ်ခါတလေမှာ စိတ်ညစ်ရပါတယ်။ သက်သာခြင်းတယ်ဆိုရင်တော့... ပျားရည်ကို သံပရာရည်​ သို့ လီမွန်ရည်နဲ့ ​ရောပြီးတော့ ရှိတဲ့နေရာမှာ သုတ်ထားလိုက်ပါ။ ပြီးရင် အိပ်လိုက်ပါ။

ဒီနည်းလေးတွေက ပျားရည်​လေး တစ်​မျိုးထဲနဲ့ လုပ်လို့ရတဲ့ overnight beauty tips လေးတွေပါ။ တကယ်ကိုလွယ်ပြီးတော့ သိသာလာပါလိမ့်မယ်။
စမ်းကြည့်ဖို့ မမေ့နဲ့ ​နော်...
#PhyopapaBlogs #PhyoandShio

Follow my blog with Bloglovin

Comments

Popular Posts