Organic Ways to get rid of dark skin on your body


ဒူး၊ တံတောင်ဆစ်နဲ့ ဂျိုင်းတွေမည်းနေလို့စိတ်ညစ်နေရင် 

Hello …..  ဒီတစ်ခါ post လေးကတော့ အတိုဝတ်ဖို့ အတွက် အခက်အခဲဖြစ်နေတဲ့ ချစ်တို့အတွက်နဲ့ လက်ပျက်တွေဝတ်ဖို့ အဆင်မပြေဖြစ်နေတဲ့ ချစ်တို့အတွက်ပဲ ဖြစ်ပါတယ်။ ဒူးတွေ ဂျိုင်းတွေနဲ့ တံတောင်ဆစ်တွေ မဲနေလို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိဘူးလို့ ပြောပြောနေတဲ့ သူငယ်ချင်းတို့ရေ ဒီနည်းလေးတွေက ကူညီပေးပါလိမ့်မယ်။

လွယ်ပြီးတော့ အိမ်မှာအချိန် နာရီဝက်လောက်ပေးရုံနဲ့ သိသာစေတဲ့ နည်းလေးတွေပါ။ တချို့ကတော့ မျိုးရိုးအလိုက်မဲတာတွေ ရှိပါတယ်။ တချို့ကတော့ အနေအထိုင်ကြောင့် အရောင်ပြောင်းသွားတာပါ။ ကဲ ဘယ်လိုနည်းလေးတွေ ဖြစ်မလဲ ဆက်ဖတ်ကြည့်ပါအုန်းနော်။

Olive oil, Salt and Lemon (သံလွင်ဆီ၊ ဆားနဲ့ သံပရာ Scrub)

            ဒါလေးကတော့ Scrub အမျိုးအစားလေးပါ။ လီမွန်သီးရည် ထမင်းစားဇွန်း၂ ဇွန်း၊  သံလွင်ဆီ လက်ဖက်စားဇွန်း ၁ ဇွန်း၊ ဆားကိုတော့ ခွက်ရဲ့ တစ်ခွက်လောက် နီးပါးထည့်ပေးပါ။ ခွက်ထဲမှာ အားလုံးကို နှံ့အောင် သေချာလေးရောမွှေပါ။ လီမွန်သီးရည်က ဆဲလ်သေတွေကို ဖယ်ရှာပေးပြီးတော့ အသားအရေကို လင်းလက်စေပါတယ်။ ဆားကတော့ ဆဲလ်သေတွေကို တိုက်ထုတ်ဖို့အတွက် အရမ်းကောင်းပြီးတော့ သံလွင်ဆီကတော့ ရေဓာတ်ပြန်ဖြည့်ပေးနိုင်ပါတယ်။ ဒီ Scrub ကို တစ်နေ့ကို ၁၀ မိနစ်လောက် ဒူးနဲ့ တံတောင်ဆစ်နေရာတွေကို  အေးဆေးလေး ပွတ်တိုက်ပေးပါ။ ဂျိုင်းအတွက်တော့ မသုံးပါနဲ့။

Baking Soda and Milk (မုန့်ဖုတ်ဆော်တာနဲ့ နို့)

             Baking soda ကတော့ အသားအရေကို သန့်ရှင်းပြီးတော့ နူးညံ့ဖြူစင်အောင် လုပ်တဲ့နေရာမှာ အကောင်းဆုံးပါ။ နို့ကလဲ အသားအရေကို ဖြူစေပါတယ်။ ဟိုအရင်ခေတ်က အမျိုးသမီးတွေဆို နို့နဲ့ရေချိုးတာ ကြားဖူးလား မသိတကယ်လှတာ။ ဒီနှစ်မျိုးကို ကိုယ်လိုသလောက် ပမာဏယူပြီးတော့ အနှစ်ရအောင်လုပ်ပါ။ ပြီးရင် ဒူး၊ တံတောင်ဆစ်နဲ့ဂျိုင်းနေရာတွေကို ဖြေးဖြေးလေးစီ ပွတ်ပေးပါ။ ၁၀ မိနစ်လောက်ပဲ ပွတ်ပေးပါ။ နေတိုင်းပွတ်ပေးလို့ရပါတယ်။ ဂျိုင်းကိုတော့ ၅ မိနစ် အများဆုံးပဲပွတ်ပါ။ ဂျိုင်းကအသားနုတော့ နဲနဲလေး ဂရုစိုက်ပေးပါ။ အခန့်မသင့်ရင် ပိုညိုမဲသွားနိုင်ပါတယ်။

Charcoal and Honey (မီးသွေးမှုန့်နဲ့ပျားရည်)

              ဒီနည်းလေးကတော့ ပြောပြဖူးပါတယ်။ မီးသွေးမှုန့်လေးနဲ့ပျားရည်ကို ရောပြီးတော့ ကိုယ်လိုချင်တဲ့ နေရာမှု သုတ်ပြီးတော့ ၁၅ မိနစ်လောက်ထားပြီး ရေနွေးလေးနဲ့ ဆေးချလိုက်ပါ။ တစ်ခါဆို တစ်ခါ အလျှောက် သိသာပါတယ်။ နေ့တိုင်းလုပ်ပေးလို့ ရပါတယ်။ ဖြူလာတဲ့အထိပေါ့။ မီးသွေးရဲ့ အစွမ်းက ဖြူစေပါတယ်။ ပျားရည်ကတော့ အသားအရေကို စိုပြည်စေပါတယ်။


Lemon juice and Coconut oil (သံပရာရည်နဲ့ အုန်းဆီ)

            အုန်းဆီ ထမင်းစားဇွန်း ၁ ဇွန်းနဲ့ လီမွန်ရည် ထမင်းစားဇွန်း တစ်ဝက်ကို ကောပြီးတော့ ဒူး တံတောင်ဆစ် နေရာတွေကို Message လုပ်ပေးပါ။ ဖြေးဖြေးချင်း မိနစ်၂၀လောက် လုပ်ပေးပြီးတော့ ၁၀ မိနစ်လောက်ထားပြီးမှ tissue လေးနဲ့ သုတ်ပေးပါ။ အသားကို ဖြူစေပြီးတော့ စိုပြည်ပြီး လှသွားမှာပါ။

Honey and Lemon juice (ပျားရည်နဲ့သံပရာရည်)

            လီမွန်သီးရည်ကို ပျားရည် ထမင်းစားဇွန်း ၁ ဇွန်းနဲ့ ရောပြီးတော့ လိုချင်တဲ့ နေရာမှာ မိနစ် ၂၀ ထားပြီးတော့ ရေဆေးချလိုက်ပါ။ လီမွန်းသီက အသားကို ဖြူစေတယ် ဆဲလ်သေတွေကို ဖယ်ပေးတယ်။ ပျားရည်ကတော့ ရေဓာတ်ဖြည့်ပေးတဲ့ နေရာမှာ အရမ်းကောင်းပါတယ်။ ဂျိုင်းပေါ်မှာတော့ ၁၀ မိနစ်လောက်ပဲ ထားပေးပါ။ နေ့တိုင်းလုပ်လို့ ရပါတယ်။ တစ်ပတ်ဆို အရမ်းသိသာပါတယ်။

Aloe vera gel (သျှားစောင်းလက်ပက်အနှစ်)

            ရှားစောင်လက်ပတ်အနှစ်က အသားအရေအတွက် အရမ်းကောင်းတဲ့ ဆေးတစ်မျိုးပါ။ တခါတလေမှာ နေရောင်ကြောင့် အရောင်ပြောင်းသွားတဲ့ ဒူးတို့ တံတောင်တို့ အတွက်လဲ ကောင်းသလို ဂျိုင်းကြား အသားအရေကိုလဲ ဖြူစေပါတယ်။ ရှားစောင်လက်ပတ်အနှစ်ကို ဒူး၊ တံတောင်ဆစ်တို့ပေါ်မှာ ၁ နာရီလောက် အေးဆေးထားပြီးမှ ရေဆေးချလိုက်ပါ။ လုံးဝကို ဖြူပြီးတော့ သိသာလာမှာပါ။

အပေါ်က အချက်တွေအပြင် အပိုအနေနဲ့အသားဖြူစေတဲ့ အသီးအနှံတွေကလဲ ဒီလိုပြသနာတွေကို ဖြေရှင်းပေးနိုင်ပါသေးတယ်။ ဥပမာ - ခရမ်းချဉ်သီး၊ စပျစ်သီးအစိမ်း၊ လီမွန်သီး စတာတွေကလဲ အသားဖြူစေတဲ့ ဂုဏ်သတိရှိတာကြောင့် ထိရောက်ပါတယ်။ ရိုးရိုးလေး ပွတ်ပေးတာတို့ စားပေးတာတို လုပ်လို့ ရပါတယ်။
           
   ဒီနည်းလေးတွေက ဒူးမည်းလို့ ဂျိုင်းမည်းလို့ တံတောင်ဆစ်မည်းလို့ အဝတ်အစားဝတ်ရမှာ အခက်အခဲ ဖြစ်နေတဲ့ သူတွေအတွက် အထူးတင်ပေးလိုက်တာပါ။ တစ်ကယ်ကို ထိရောက်တဲ့ နည်းလေးပါ။ သဘောကျပြီးတော့ လိုက်လုပ်မယ်လို့ ထင်မိပါတယ်နော်။ သိချင်တဲ့ အကြောင်းအရာလေးတွေကို Comment မှာ ပြောခဲ့ပါ နောက်ထပ် post တွေတင်ပေးရင်နဲ့ ပြောပြပေးသွားပါမယ်။

#Phyoandshio #PhyopapaBlogs 
Follow my blog with Bloglovin

Comments

Popular Posts