Non-Chemical Teeth Whitening Methods you need to try now
Coconut Oil
Banana peel
Turmeric
Baking soda with salt
Charcoal
Apple Vinegar
#Phyoandshio
Follow my blog with Bloglovin
Unicode Version 
Chemical တွေမပါပဲ သွားကိုဖြူအောင် လုပ်ကြမယ်
“ လူတွေထဲမှာ အယောက် ၁၀၀ မှာ ၂၅ ယောက်လောက်ဟာ ရယ်တဲ့အခါမှာ သူတို့ရဲ့ သွားတွေကို ဖုံးပြီး ရယ်တာကို သတိထားမိပါတယ်။ ဘာလို့လဲ ဆိုတော့ သွားဖော် ပြီးရယ်ရမှာကို သူတို့ရှက်ကြပါတယ်။”
သွားကျန်းမာရေးဆိုင်ရာ အဖွဲ့သွားဆေးခန်းကို လာတဲ့ သူတွေထဲက ၆၀ % လောက်ဟာ သွားဖြူအောင် လုပ်ပေးဖို့ကို တောင်းဆိုတာကို  တွေ့ရပါတယ်။ အသက်အရွယ် ၄၀ ကနေ ၆၀ အတွင်းသူတွေက ပိုတောင်းဆိုတာကိုလဲ တွေ့ရပါတယ်။ ပြီးတော့ လူတွေဟာဆိုလဲ သွားဖြူအောင်လုပ်တဲ့ ဆေးဝါတွေ Chemical တွေကို များစွာသုံးစွဲလာတယ်လို့လဲ ဆိုပါတယ်။”ဖြိုးနဲ့ရှိုးကအစ ဒီလိုပါပဲ။ အိမ်မှာ သွားဖြူအောင် တစ်နည်းမဟုတ် တနည်းနဲ့ ရှာကျန်ပြီးတော့ လုပ်ယူနေရတာပါ။ ဘာလို့လဲဆိုတော့ အခုခေတ် အစားအသောက်တွေကနေ သွားတွေကို အရောင်ပြောင်းစေပြီး မဖြိုးရဲ့ အဓိက သွား၀ါတာက ကော်ဖီသောက်လို့ပါ။ဒီလို သွားဖြူစေတဲ့ ဆေးတွေ Chemical တွေက ဆိုးကျိုးတွေကို ဖြစ်စေပါတယ်။ သွားဖုံးစပ်ကွဲတာ၊ အပေါ်က အုပ်ထားတဲ့ ကြွေလွှာကွာကျတာ၊ မညီမညာ ဝါနေတာ၊ သွားတွေပဲ့သွားတာတို့ ဖြစ်တတ်ပါတယ်။သွားဖြူဆေးတွေ သုံးမယ်ဆိုလဲ ADA မပါတဲ့ဟာဆိုရှောင်ပါ။ ဒါအပြင် အိမ်မှာပဲ လုံးဝ Chemical လွှတ်တဲ့ သွားဖြူနည်းတွေကိုလဲ သဘောကျတဲ့ လူတွေ ရှိပါတယ်။ ဒီနည်းလေးတွေကို ဆက်ပြောပြပေးပါ့မယ်။ ဖြိုးနဲ့ရှိုးလဲ စမ်းသပ်နေတာမို့ ယုံကြည်လိုက်ပါ.
Coconut Oil
ပိုးတွေကို သေစေနိုင်တယ်၊ သွားဖုံနားခြင်းတွေကို လျော့ချစေပါတယ်။ အုန်းဆီ လက်ဖက်စာဇွန်း တစ်ဇွန်ကို ပါးစပ်ထဲမှာ ငုံထားပြီးတော့ ပလုတ်ကျင်သလိုမျိုး ၅ မိနစ်လောက် ပါးစပ်ထဲမှာ ငုံးထားပြီးမှာ သွားတိုက်ချလိုက်ပါ။ မနက်တိုင်း ညတိုင်း အဆင်ပြေစွာ လုပ်လို့ရပါတယ်။
Banana peel
ငှက်ပျော်သီးခွံထဲမှာ Potassium, Magnesium, Manganese ဓာတ်တွေပါဝင်ပါတယ်။ သွားပေါ်က အညစ်အကြေးတွေကို ဖယ်ရှာပေးနိုင်ပါတယ်။ ငှက်ပျော်သီးခွံကို အနဲငယ် ပိုင်းဖြတ်ပြီးတော့ သွားပေါ်မှာ ၂ မိနစ်လောက် သေချာလေး ပွတ်ပေးပါ။ ပြီးရင် သွားတိုက်ချလိုက်ပါ။ တစ်ပတ်ကို တစ်ခါပဲသေချာလုပ်ပေးရင် ထိရောက်ပါတယ်။
Turmeric
နနွင်းက အရမ်းကောင်းတဲ့ အာနိသင်တွေ ရှိပါတယ်။ သွားကို ဖြူစေပြီးတော့ ခံတွင်းပြသနာတွေကိုပါ ကာကွယ်ပေးပါတယ်။ သွားကို ပေါ်လစ်တင်သလိုမျိုး ဖြစ်စေပါတယ်။ သူ့ကိုကတော့ နနွင်း ၂ ခါယူစာ၊ အုန်းဆီ ၂စက်လောက်၊ မုန့်ဖုတ်ဆော်ဒါ ၁ ခါယူစာလောက်ကို ရောမွေးပြီးတော့ အနှစ်လေး ဖြစ်အောင်လုပ်ပြီးတော့ ၂ မိနစ်လောက် သွားပေါ်မှာ ပွတ်ပေးပါ။ ပြီးမှ ရေလေးနဲ့ ဆေးချလိုက်ပါ။ တစ်ပတ်ကို တခါထက် မပိုနဲ့။
Baking soda with salt
သွားကို ဖြူဝင်းတောက်ပစေပြီးတော့ ခံတွင်း ပြသနာတွေကိုပါ ကာကွယ်ပေးပါတယ်။ baking soda လက်ဖက်စားဇွန်း တစ်ဝက် နဲ့ ဆား လက်ဖက်စားဇွန်း တစ်ဝက်ကို ဆတူ ရောပြီးတော့ မွှေပါ။ သွားတိုက်တံကို ရေစွတ်ပြီးတော့ သွားတိုက်တံနဲ့ မွှေပါ ပြီးတော့ ပုံမှန် သွားတိုက်သလိုမျိုးပဲ တိုက်ပေးပါ။ တစ်ပတ်ကို တစ်ကြိမ်ထက်မပိုပါနဲ့။
Charcoal
မီးသွေးကတော့ သွားကို ဖြူစေတဲ့နေရာမှာ ပြောစရာမရှိပါဘူး။ အခဲလိုက်ကြီး ပွတ်ရင် သွားဖုံးတွေ ကွဲတတ်ပါတယ်။ အမှုန့်ကြိတ်လိုက်ပါ ပြီးရင် ရေနဲ့ နဲနဲရောပြီးမှ တိုက်ပေးပါ။ ၃ မိနစ်လောက် သွားပေါ်မှာ ထားပေးပါ။ ပြီးရင် ရေဆေးချလိုက်ရုံပါပဲ။ တစ်ပတ်ကို ၂ ကြိမ်ထက် မများပါစေနဲ့။
Apple Vinegar
ပန်းသီး ရှာလကာရည်က ပိုးတွေကို သေစေပါတယ်။ ပလုတ်ကျင်ရေအနေနဲ့သုံးရင် အရမ်းထိရောက်ပါတယ်။ ရေဘူးထဲကို ပန်းသီးဗင်နီကာ တစ်ဆ ရေနှစ်ဆနဲ့ ရောပြီး သုံးပေးပါ။ မနက်တိုင်း သုံးပေးပါ။ သွားပိုးတွေ သေစေပြီး သွားဖြူစေပါတယ်။
ဒီနည်းတွေက Chemical လုံးဝ မပါတဲဘ နည်းလေးတွေနဲ့ တကယ်အဆင်ပြေတဲ့ နည်းလေးတွေပါ။ ဘယ်လို အသုံးပြုရမယ်။ ဘယ်နှစ်ကြိမ်လဲဆိုတာပါ ပြောပြထားပေးပါတယ်။ သွားကျန်းမာရေးကို ဂရုစိုက်ကြပါလို့ တိုက်တွန်းပါရေစေရှင့်။
Comments
Post a Comment
Popular Posts