Let's prevent from Hair Loss



✔✔ ဒီတခါမှာတော့ ဆံပင်နဲ့ ပတ်သတ်တာလေးကို ထပ်​ပြီးတော့ ပြောပြပါရစေနော်...
အခုနောက်ပိုင်းမှာ ဆံပင်တွေကို ကောက်လိုက်၊ ဖြောင့်လိုက်၊ ဆေးဆိုးလိုက်၊ ဟိုလို လုပ်လိုက် ဒီလိုလုပ်လိုက်နဲ့ လုပ်နေတာ ဆံပင်တွေက ပျက်စီးရုံတင်မကပဲ ဦးရေပြားကို ပါ ထိခိုက်လာပြီးတော့ ဆံပင်ကျွတ်ခြင်းတွေကို ဖြစ်စေပါတယ်။

ဒီလို ဆံပင်တွေ ခဏခဏကျွတ်တဲ့အခါမှာ စိတ်တွေလဲ ရှုပ်​ရတဲ့ ပတ်ဝန်းကျင်မှာလဲ ဂရုစိုက်နေရတယ်.... ပြီးတော့ ဆံပင်တွေက ပါးလာပြီးတော့ ရုပ်ဆိုးလာတယ်ပေါ့နော်...
အဲ့လို ဖြစ်နေတာတွေကို မဖြစ်စေချင်တော့ဘူးဆိုရင်တော့ လွယ်ကူတဲ့ သဘာဝနည်းလမ်းလေးတွေ ရှိပါတယ်...

ဆံကေသာကလဲ အရေကြီးတဲ့ အလှတရား တစ်ပါးပဲ မဟုတ်လား။
ဒီတော့ ထိန်းသိမ်းဖို့ကလဲ လိုတယ်လေ... ဒီနည်းလေးတွေက ယောက်ျားလေး မိန်းကလေး မရွေး အဆင်ပြေစေမှာပါ။ အသက်အရွယ်မရွေးလဲ အဆင်ပြေစေမှာပါ...
စပြီးတော့ ပြောပြတော့မယ်နော်...

Olive oil (သံလွင်​ဆီနဲ့ ကုသနည်း)

သံလွင်ဆီလေး ထမင်းစားဇွန်း ၂ ဇွန်းကို စက္ကန့်​ပိုင်းလောက် အပူပေးလိုက်ပါ။ သူက နဲနဲလေး ပူလာပြီးဆိုရင် ဦးရေပြားအထိ ထိုးဖောက်ပြီးတော့ ၁၅ မိနစ်လောက် နှိပ်​ပေးပါ။ နှိပ်ပေးခြင်းအဖြင့် ဦးရေပြားဟာ ချောမွေ့လာပြီးတော့ ဆံကေသာရဲ့ မွေးညှင်းပေါက်လေးတွေကလဲ သန်မာလာပြီး ဆံပင်ကျွတ်တာတွေကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

၁၅ မိနစ်လောက်နိုပ်နယ်ပေးပြီးတဲ့အခါမှာ ဦးခေါင်းပေါ်မှာ မိနစ် ၃၀ လောက် ထပ်ထားပြီးမှ ခေါင်းလျှော်ရည်နဲ့ခေါင်းလျှော်ချလိုက်ပါ။
တစ်ပတ်ကို ၂- ၃ ကြိမ် လုပ်ပေးလို့ ရပါတယ်။


Aloe vera gel (သျှား​စောင်းလက်​ပက်​နဲ့ ကုသနည်း)

ရှာစောင်းလက်ပတ် အနှစ် လက်ဖက်စားဇွန်း ၁ ဇွန်း ( ကိုယ့်မှာ အပင်မရှိရင် aloe vera gel ဘူးတွေကို သုံးလို့ရပါတယ်) ကို ဆံပင် ကျွတ်အများဆုံး ပေါ်မှာ သေချာလေး သုတ်လိမ်းပေးပြီးတော့ ၁ နာရီလောက် ထားပေးပါ။
ပြီးရင်တော့ ခေါင်းလျှော်ရည်န့ဲ​ ခေါင်းလျှော်ရင်လျှော် ရေနဲ့ လဲ ဆေးချလို့ ရပါတယ်။ ရှာစောင်းလက်ပတ်ဟာ Vitamins A,B,C,E ပါဝင်ပြီးတော့ ဦးရေပြားနဲ့ ဆံပင်ကြီးထွားမှုကို အထောက်အကူ ပြုပေးပါတယ်။ တစ်လကို ၃ ကြိမ် ၄ ကြိမ် လုပ်ပေးလို့ ရပါတယ်။ သတိထားရမှာက တစ်ပတ်ကို ခေါင်း သုံးကြိမ်နဲ့ သုံးကြိမ် အထက် မလျှော်ပါနဲ့။

Onion (ကြက်​သွန်​နီနဲ့ ကုသနည်း)

ကြက်သွန်နီရဲ့ အရည် လက်ဖက်စားဇွန်း ၁ ဇွန်းကို ယူပြီးတော့ သူကိုလဲ အကျွတ်များတဲ့နေရာပေါ်ကို အဓိက လိမ်းပြီးတော့ ၁၅ မိနစ်လောက် ထားပေးပြီးတော့မှာ ခေါင်းလျှော်ချလိုက်ပါ။
တစ်ပတ်ကို ၂-၃ ကြိမ်လောက်ပဲ လုပ်ပါ။ သူက ဦးရေပြားပေါ်မှာ ဖြစ်နေတဲ့ ဆဲလ်သေတွေနဲ့ ဆံပင်ကို အသစ်ပြန်ထွက်ဖို့ ကို အများကြီး အကူအညီပေးပါတယ်။

Green tea bag

အသင့်သောက် Green tea bag အိတ် ၂ အိတ်ကို ရေဖျော်ပြီးတော့ အအေးခံပေးပါ။ အေးပြီးဆိုရင် ဦးရေပြားနဲ့ ဆံကေသာပေါ်ကို သေချာလေး ဖျန်ပြီးတော့ပဲ ဖြစ်ဖြစ် သုတ်ပြီးတော့ပဲ ဖြစ်ဖြစ် မိနစ် ၃၀ လောက်ထားပြီးတော့ ခေါင်းလျှော်လိုက်ပါ။
တပတ်ကို ၂ ၃ ကြိမ်လောက်ပဲလုပ်ပေးပါ။ green tea ဟာ ဆံပင်ကို သန်စေပြီတော့ ဦးရေပြားပေါ်​က ဆဲလ် ပြသနာတွေကို ဖြေရှင်းပေးပါတယ်။

Potato Rinse (အားလူးရည်​နဲ့ ကုသနည်း)

အာလူး ၂ လုံးကို ရေ၂ ခွက်နဲ့ ပြုတ်လိုက်ပါ။ ရလာတဲ့ အရေကို စုဆောင်းပြီးတော့ အအေးခံထားပြီး ခေါင်းလျှော်တဲ့အခါ ခေါင်းလျှော်ရည်၊ Conditioner သုံးပြီးပြီးဆို နောက်ဆုံး အာလူးရည်နဲ့ ဆံပင်ကို နောက်ဆုံးပိတ်အနေနဲ့ လောင်းချပေးပါ။ သူကို တစ်ပတ်ကို ၂ ၃ ကြိမ်လုပ်ပေးပါ။
အာလူးကတော့အာလူးကတော့ အာဟာရဓာတ်တွေအများကြီး ပါဝင်ပြီးတော့ ဆံပင်ကို သန်မာပြီးတော့ ဦးရေပြားကိုလဲ ကူညီပေးပါတယ်။

Coconut oil (အုန်းဆီနဲ့ ကုသနည်း)

အုန်းဆီ ထမင်းစားဇွန်း ၂ ဇွန်းကို အပူပေးပြီးတော့ ရလာတဲ့ အဆီကို ဦးရေပြားပေါ်​ကို သေချာရောက်အောင် လုပ်ပြီးတော့ ၁၅ မိနစ်လောက် သေချာလေး နိုပ်နယ်ပေးပြီးမှ မိနစ် ၃၀ လောက်ထပ်ပြီးတော့ ထားပြီးမှ ရေဆေး ခေါင်းလျှော်ချလိုက်ပါ။ တစ်ပတ်ကို ၂ကြိမ်နဲ့ ၃ ကြိမ်ထက် ပိုမလုပ်ပါနဲ့ ။ သူကတော့ သိပြီးသာပါနော်...


Neem Leaves (တမာရွက်​နဲ့ ကုသနည်း)

တမာအရွက်လေး တစ်ခက်လောက်ကို ရေလေးအနဲငယ်နဲ့ ရောပြီးတော့ ကြိတ်ချေပေးပါ။
ရလာတဲ့ ကြိတ်ထားတဲ့ အရာကို ဦးခေါင်းပေါ်​မှာ သေချာလေး သုတ်လိမ်းပေပြီးတော့ ၁၅ မိနစ်လောက်ထားပြီးတော့မှ ခေါင်းလျှော်ပါ။
တပတ်ကို ၃ ကြိမ်အများဆုံးပဲ လုပ်ပါ။ တမာရွက်ဟာ ဆံပင်ကျွတ်ကုတဲ့နေရာမှ အကောင်းဆုံးလို့ ဆိုလို့ ရပါတယ်။

ဒီ အပေါ်မှာ ပြောပြထားတဲ့ ပစည်းလေးတွေနဲ့ လုပ်ပုံလေးတွေကို သေချာမှတ်ထပြီးတော့ အိမ်က ဖေဖေမေမေတို့ ကိုလဲ လုပ်ပေးလို့ ရတယ်...
ကိုယ်ကိုတိုင်လဲ အသုံးဝင်ပါတယ်။ အဲ့တာကြောင့်မို့ တင်ပေးလိုက်တာပါ။
နောက်ဆိုလဲ ကိုယ်အတွက်သာ မကပဲ တစ်မိသားစုလုံးအတွက် အဆင်ပြေတဲ့ နည်းလေးတွေ အရာလေးတွေကို ထပ်ပြီးတော့ မျှဝေပေးခြင်းပါတယ်နော်...

#Phyoandshio #PhyopapaBlogs

Follow my blog with Bloglovin

Comments

Popular Posts