How Korea Brow Gel Work (REVIEW)

ဖြိုးပဒီနေ့တော့ April လယ်လောက်ထဲက သဘောကျပြီး သုံးဖြစ်နေတဲ့ products လေးအကြောင်း Short Review လေးပြောပြချင်လို့ပါ။ အဲ့ဒီ Products လေးကတော့ Mille Beaute Brand ရဲ့ 6D Tattoo Eyebrow Gel လေးပဲဖြစ်ပါတယ်။


အရင်ဆုံး မသိသေးသူလေးတွေအတွက် Brow Gel လေးတွေအကြောင်း နဲနဲပြောပြပါရစေ။ အခုနောက်ပိုင်း Korea Beauty Products သစ်တွေ ခေတ်စားလာတဲ့အထဲမှာ လူသုံးများလာတဲ့ Products လေးတစ်မျိုးလဲ ဖြစ်ပါတယ်။ Brow gel တွေကိုတော့ မိမိရဲ့ မျက်ခုံးပေါ်မှာ လိုတဲ့ပုံဆွဲပြီး အနဲဆုံး ၁၅ မိနစ်လောက်အထိထား ခြောက်တဲ့အခါ ဆွဲခွာရင် သဘာဝအရမ်းကျတဲ့ မျက်ခုံးလေးတစ်စုံ ရရှိမှာပါ. အချိန်ပေးပြီး ဆွဲထားသလိုမျိုးပါပဲ။

ဖြိုးပမှတ်မိသလောက် Brow Gel နဲ့ Brow Tint တွေက ၂၀၁၆ ခုနှစ်ထဲကပေါ်ပြီး ဖြိုးပအရင်ဆုံး သုံးဖူးတာကတော့ Etude house ကဟာလေးပါ။ ပြီးတော့ ဆက်မသုံးဖြစ်ပဲ အခုလပိုင်းကျမှ ပြန်သုံးဖြစ်တာပါ။ အခုလက်ရှိသုံးဖြစ်နေပြီး သဘောကျနေတဲ့ Mille ရဲ့ 6D Brow Gel လေးကို အားလုံးသိအောင် ပြန်ပြောပြပေးပါမယ်။

Brow Gel တွေကတော့ ချွဲပြစ်ပြစ် အရည်ပုံစံတွေနဲပဲ လာတာများပါတယ်။ Mille Brow Gel ကလဲ အဲ့လိုပါပဲ . သူမှာက အရောင် 4 ရောင်ရှိပါတယ်။ ဖြိုးပဆီမှာ ရှိတာကတော့ mocha brown ဆိုတဲ့ အရောင်လေးပဲ ဖြစ်ပါတယ်။




How to use
ကိုယ်က အခုမှ စသုံးမယ်ဆိုရင်တော့ မျက်ခုံးးပေါ် Gel မတင်ခင် မိမိမျက်ခုံးကို နှုတ်ထားတာဖြစ်ဖြစ် ရိတ်ထားတာဖြစ်ဖြစ် လုပ်ပြီးမှ အပေါ်ကနေ လိုက်ပြီး ဖြည့်ဆွဲပေးတာကောင်းပါတယ်။ ဘာလို့လဲဆိုတော့ Gel တွေကို ညီညီညာညာတင်ပေးဖို့တော့ လိုလိုပါ. ဒါမှမဟုတ် မျက်ခုံးပုံလေးပါတဲ့ မျက်ခုံးဆွဲတဲ့ ကဒ်ပြားလေးနဲ့ဆွဲလို့ရပါတယ်။ ဘယ်ညာ ညီညာအောင်ဆွဲပြီးရင်တော့ ၁၅ မိနစ်အနဲဆုံးထားပေးပါ. ဖြိုးပကတော့ မိနစ် ၃၀ လောက်ထားတယ်။ ပုံထဲမှာ ပြထားတာကတော့ နာရီဝတ်ထားပြီးပြန်ခွာလိုက်တာပါ။
·         ဖြိုးပညမလေး ရှိုးဆိုရင် တစ်ညလုံးထားပါတယ်။ မိုးလင်းတော့ သူ့ဘာသာ ခြောက်ပြီးခွာစရာတောင် မလိုဘူး ကွာသွားပါတယ်။

How it last
ကြာကြာခံတာကတော့ တကယ် ကြာကြာခံပါတယ်. နာရီဝက်ပဲ ထားတဲ့ ဟာတောင် Makeup Remover မသုံးရင် ၂ရက်တိတိခံပါတယ်။ တစ်ညလုံးထားတဲ့ ဟာ ညမလေး ရှိုးဆိုရင် ၄ ရက်လောက်ခံပါတယ်။

How to draw brows
ဖြိုးပကတော့ အခုနောက်ပိုင်း Skincare ပဲလုပ်ဖြစ်ပြီး Makeup လိမ်းတဲ့ နေ့နဲတာကြောင့် ဒီ Brow Gel လေးသုံးဖြစ်တာပါ. Foundation လိမ်းတဲ့နေတော့ မျက်ခုံးကို နဲနဲဖုံးသွားတော့ အပေါ်ကနေ Pencil လေးနဲ့ ထပ်ဆွဲပေးပါတယ်.


Good Point

·         Makeup Remover နဲ့ မျက်ခုံးကို မဖျက်မချင်း မပျက်ပါဘူး. Long lasting တစ်ကယ်ဖြစ်ပါတယ်။
·         မျက်ခုံးကို ပြန်ဆွဲခွာတဲ့အခါ မျက်ခုံးမွှေးကျွတ်တာ ယားယံတာမဖြစ်ပါဘူး။
·         သဘာဝကျကျ အရောင်နဲ့ မျက်ခုံးလေးကို ရစေပါတယ်. ညထဲက ကြိုလုပ်ထားရင် မနက်မနက် အချိန်ပေးပြီး မျက်ခုံးဆွဲနေရတဲ့ ဒဏ်သက်သာပါတယ်။ ပြီးတော့ အခုလို မိုးတွင်းအတွက် Waterproof Brows Products အတွက်ဆိုရင်လဲ ရွေးချယ်သင့်ပါတယ်။


Weak Point

·         ဖြိုးပ Gel မှာရတဲ့ အနံ့ကို သဘောမကျပါဘူး ။ Chemical အနံ့ထွက်နေတယ်ပေါ့နော်။ အသားရေကို ဘာပြသနာမှတော့ မပေးပါဘူး။

·         ပြီးတော့ စုတ်တံထိပ်လေးက ဒီထက်ပိုပြီး ချွန်ချွန်သွယ်သွယ်လေးဆို ဆိုးလို့ပိုကောင်းမယ်လို့ ထင်မိပါတယ်ရှင့်။ ဈေးကတော့ ၁၃၅၀၀ ကျပ်ပါ.

Overall Review နဲ့ Rating - ပေးပါဆိုရင်တော့ 4/5 Stars ပေးပါမယ်။


ဈေးသက်သာတယ်။ သုံးရလွယ်ပြီး အချိန်ကုန်သက်သာပြီး ရေစိုခံတဲ့ မျက်ခုံးဆွဲတံလေးမို့ စိတ်ဝင်စားနေတဲ့ ချစ်တို့ စမ်းသုံးဖို့ Review လေးပေးလိုက်ပါတယ်။ ၀ယ်ယူဖို့ကောင်တာတွေကိုတော့ အခု tag လုပ်ထားတဲ့ Mille Beaute Myanmar page မှာ ၀င်ရောက်မေးလို့ရတယ်နော်။

Thank you for reading (Love you all)


#PhyopapaBlogs #MilleBeauteMyanmar #6DTattooBrowGelReview 
Follow my blog with Bloglovin

Comments

Popular Posts