Foods for people who are reducing weight

ဝိတ်ချနေသူတွေအတွက် အဆင်ပြေဆုံး အစားအစာများ 


ကိုယ်က ဝိတ်ချနေတယ် ဆိုပြီး တစ်ချို့တွေက ဘာမှကို မစား ရဲလောက်အောင်ကို ရှောင်နေ တာတွေကို တွေ့ရပါတယ်။
အဲ့လို လုပ်စရာမလိုပါဘူး... ဝိတ်ချနေပေမဲ့ ပြည့်ပြည့်၀၀ စားလို့ရတဲ့ အစားအစာတွေလဲ ရှိပါတယ်...
ဘယ်လောက်စားစား ကိုယ့်ကို ထိခိုက်မှုမရှိပါဘူး...

ဒီတစ်ခေါက်မှာတော့ ဖြိုးနဲ့ရှိုးက ဝိတ်ချနေသူ မမတို့အတွက် ကြိုက်သလောက် စားလို့ရတဲ့ အစားအစာတွေကို ပြောပြပေးပါ့မယ်...

သူတို့က ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်ပိုပါတာမို့ ၀လာမှာ စိတ်ပူစရာမလိုပဲ ၀ိတ်ချနေတာကို ပိုလို့တောင် အဆင်ပြေပါတယ်... ဆက်ဖတ်ပေးနော်။

ဖရဲသီး // ဖရဲသီး တစ်စိတ်ကို ကယ်လိုရီ ၆၀ ပဲပါဝင်ပါတယ်... အဲဒါကြောင့် တစ်နေကုန် ထိုင်စားလဲ ဘာမှ မဖြစ်ပါဘူး။ သူက ဗိုက်ကို ပြည့်စေပြီးတော့ ခနာကိုယ်ထဲက အချို့မလိုတဲ့ အရည်တွေကို ဖယ်ရှားပေးပါတယ်။

လိမ္မော်သီး၊ ဂရိတ်ဖရုသီး // ဒီ အသီးတွေက ဗီတာမင် C ၊ အမျှင်ဓာတ်တွေ ပါဝင်တဲ့အတွက် အစာခြေစနစ်ကို ကူညီပြီးတော့ အသည်းကျန်းမာရေးကို ကောင်းစေပါတယ်။ ဒါတွေကိုတော့ တစ်နေ့တစ်လုံး စားဖို့ပြောပါရစေ။

သခွားသီး // ရေဓာတ် ၉၆ % ပါဝင်ပြီး ဝိတ်ချနေတဲ့သူတွေ အတွက် စားသင့်တဲ့ အသီးပါ။ ခနာကိုယ်အတွင်းက ရောင်ရမ်းမှုတွေကို သက်သာစေပြီးတော့ သဘာဝအတိုင်း ခန္ဓာကိုယ်ကို လှပစေပါတယ်။

မုန်လာဥနီ // တစ်လုံးစာမှာ ၄၀ ကယ်လိုရီပါဝင်ပြီး မဂန်စလိုမျိုး အာဟာရဓာတ်တွေ ပါဝင်တဲ့အတွက် သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေပြီး ကြွက်သားတေ့ကို သန်မာစေပြီး အဆီတွေကို လောင်ကျွမ်းစေပါတယ်။

နာနတ်သီး // သူမှုာ ပါဝင်တဲ့ ဘရိုမီလိန်းတွေက ပရိုတင်းကို ထိရောက်စွာ ချေဖျက်ပေးပြီး အဆီကို ဖယ်ရှားပေးနိုင်တဲ့အတွက် ဝိတ်ချသူတွေ စားသင့်ပါတယ်။

ပန်းသီးနဲ့ ဆီးသီး // ပန်းသီးတစ်လုံးဟာ ကယ်လိုရီ ၅၀ ပါဝင်ပြီး ဆီးသီး ၁၀၀ ဂရမ်မှာ ၄၅ ကယ်လိုရီသာ ပါဝင်ပါတယ်။ ပန်းသီးဟာဆိုရင် ဝမ်းဗိုက်ပြည့်တင်းစေပြီး အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ ဆီးသီးဟာ ပိုတက်စီယမ်နဲ့  ဗီတာမင်C  များစွာပါဝင်တဲ့အတွက် နှလုံးနဲ့  သွေးကြောကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ** ( ပန်းသီးတစ်နေ့ တစ်လုံးစားတာစာ တသက်လုံး ဆရာဝန်ဆီကို မသွားရဘူးလို့ ပြောတာ ကြားဖူးတယ် မလား )

ဘယ်ရီသီးများ // ဘယ်ရီသီးဟာ ဗီတာမင် C များစွာပါဝင်ပြီး ဆီးရွှင်စေတဲ့ အတွက် ခနာကိုယ်မှာ ပိုလျှံနေတဲ့ အရည်တွေကို ဖယ်ရှားပေးပါတယ်။ စတော်ဘယ်ရီးသီးဟာ အာဟာရပြည့်ဝစေပြီးတော့ အစာခြေစနစ်နဲ့ နှလုံးသွေးကြောစနစ်ကို ကျန်းမာစေပါတယ်။

 ဂေါ်ဖီထုပ်၊ ဂေါ်ဖီပွင့် // ဝိတ်ချနေချိန်မှာ အစားစသင့်ဆုံးပါ။ ကယ်လိုရီဟာ အလွန်နည်းပါတယ်။ ဒါပေမဲ့ သူက ခနာကိုယ်အတွင်းမှာ အိုင်အိုဒင်းဓာတ် ရရှိမှုကို နည်းစေတဲ့အတွက် နေ့တိုင်းမစားသင့်ပါဘူး။ တစ်ပတ်ကို ၂ ကြိမ်လောက်ပဲ စားပါ။

ကြက်ဥ // နေ့ည မပျက်စားနိုင်တဲ့ အစားအစာပါ။ ကြက်ဥကြော်ကို ပြောတာ မဟုတ်ပါဘူး။ ကြက်ဥပြုတ်ကို စားပါ။ ခရမ်းသီး ခရမ်းသီး ကြိုက်တယ်ဆိုရင်တော့ မီးဖုတ်ထားတဲ့ ခရမ်းသီးကို စားသင့်ပါတယ်... သူ့မှာ ကယ်လိုရီ ၂၄ ပဲ ပါဝင်ပါတယ်။ ခရမ်းသီးမီးဖုတ်သုတ် … ရှလွတ် ပြောရင်းစားချင်လာပြီ :P

တရုတ်နံနံ // တရုတ်နံနံဟာဆိုရင် ရေဓာတ် ၉၅ % ပါဝင်ပါတယ်... ဆီးရွှင်စေတဲ့အပြင် ခနာကိုယ်ထဲမှာ ရှိတဲ့ အဆိပ်အတောက်တွေကိုလဲ သူက ဖယ်ရှားပေးနိုင်တာမို့ ဝိတ်ကျစေပါတယ်။

ရေညှိရေမှော် // ရေညှိတို့ ရေမှော်တို့မှာ အိုင်အိုဒင်းဓာတ်ပါဝင်တဲ့ အတွက်ကြောင့် သိုင်းရွိုက်လုပ်ဆောင်တာတွေကို အားပေးပါတယ်။ ဟော်မုန်းဓာတ်ကို ထိန်းပေးပြီးတော့ ဝိတ်မတတ်အောက် ကာကွယ်ပေးနိုင်ပါတယ်။
အာ့ကြောင့် စပီရူလိုင်းနားဆေးနဲ့ ရေညှိပြားတွေကို စားကြဖို့ ဆရာဝန်တွေပြောတာပါ။

ပြောင်းဖူးပေါက်ပေါက် // ရုပ်ရှင်ရုံတွေကလို သကြားတွေ ထောပတ်တွေအများကြီးထည့်ထားတဲ့ဟာတွေ မဟုတ်ပဲ... ရိုးရိုးပေါက်ပေါက်ဟာ တစ်ခွက်ကိုမှ ကယ်လိုရီ ၃၀ ပဲပါဝင်ပါတယ်။

ဒီ အသားအစာတွေ အားလုံးဟာ ဝိတ်ချနေတဲ့အချိန်မှာ ဘယ်လောက်စားစား ဘာမှ မဖြစ်ပါဘူး။ ဒါ့ကြောင့် ဝိတ်ချနေတဲ့ ပျိုမေတို့ အတွက် အဆင်ပြေစေမှာပါ။

ဖြိုးနဲ့ရှိုးက ဒီလိုမျိုးလေးတွေ ပြောပြရတာ ကြိုက်တော့ နောက်လဲ ပြောပြပါအုန်းမယ်နော်...
#Phyoandshio #PhyopapaBlogs

ဒီအကြောင်းအရာတွေကို www.myhealthylife.com ကနေရှာဖွေ ဘာသာပြန်ထားပါတယ်။
Follow my blog with Bloglovin

Comments

Popular Posts