Current Lipstick Obsessions



အားလုံးပဲ မင်္ဂလာပါရှင် .
ဖြိုးပဒီတစ်ခေါက်ပိုစ်လေးမှာ လက်တလော ဖြိုးပအဆိုးများနေတဲ့ Lipsticks လေးတွေအကြောင်း ပြောပြပေးပါမယ်။ ထူးခြားချက်ကတော့ အားလုံးသိတဲ့အတိုင်းပဲ ဖြိုးပကြိုက်ပြီး ဆိုးဖြစ်နေတဲ့ အရောင်လေးတွေကတော့ -purple - မရမ်းရောင်လေးတွေပဲ ဖြစ်ပါတယ်။

ဖြိုးပလဲ Summer ကာလာလေးတွေကို ရပ်ပြီး အရောင်ရင့်လေးတွေကို ဆိုးတဲ့အချိန်လေးရောက်တော့မယ်ဆိုတော့ ကိုယ့်ဘာသာ Transition လုပ်ပြီး အရမ်းလဲ အရောင်ရင့်ပြီး ပုတ်နေတာမျိုးမဟုတ်ပဲ ဖြိုးပမျက်နှာ အသားရောင်ကိုလဲ Compliment ဖြစ်မယ့် အရောင်လေးမျိုးကို  ရွေးချယ်ဆိုးမိပါတယ်။ ပထမဆုံးတော့ Absolute New York ရဲ့ Lip Mousse လေးကို အစ်မတစ်ယောက်က လက်ဆောင်ပေးလို့ စမ်းဆိုးရင် ဖြိုးပမျက်နှာနဲ့ နှုတ်ခမ်းအနေအထားရော အသားရောင်နဲ့ရော လိုက်ဖက်တာတွေ့ရပါတယ်။

ဖြိုးပဒီအရောင်လေး ဆိုးသွားတဲ့ နေ့တွေဆိုရင် အားလုံးနီးပါးက လှတယ်လို့ပြောတယ်လေ ခ်ခ် ။
ဖြိုးပအမြဲလိုလို ဘာမိတ်ကပ်ပဲ ပြင်ပြင် ဒီ Lipstick လေးကိုပဲ ဆိုးဖြစ်နေတော့ ကုန်သွားမှာလဲ လန့်လာတယ်လေ. ဘာလို့လဲဆိုတော့ Absolute New York Cosmetics Brand က ဒီမှာမရောက်သေးတာကြောင့်ပါ။ ဖြိုးပအနေနဲ့ အရမ်းကြိုက်တာလေး ပြောင်သွားရင် အသဲတွေကွဲတက်တော့ Dupe လေးတွေ ရှာရတာပေါ့နော်။

အဲ့အခါမှာ Bella Cosmetics ရဲ့ Suger lips series ထဲက ဖွေးဖွေးရဲ့အရောင်လေး Lollipop ဆိုတာလေးနဲ့ ဆင်နေတယ်လေ ။ ဖြိုးပဆိုးကြည့်တော့လဲ တစ်ကယ်ကို တစ်ရောင်ထဲလိုပါပဲ။ ဖြိုးပက Lillipop လေးကို ရထားတာကြာပေမယ့် မဆိုးဖြစ်သေးဘူး အခုမှ စဆိုးဖြစ်တာပါ။
အဲ့တော့ ဒီတစ်လလုံး ဖြိုးပဆိုးဖြစ်နေတဲ့ Lipsticks လေးနှစ်ခုအကြောင်းကို နဲနဲလေးဆီ Review ပေးပါမယ်။ 


1. Absolute New York Lip Mousse (Decoy)

          ဖြိုးပဒီ Brand ကို မကြားဖူးပါဘူး လက်ဆောင်ရတော့မှသာ Internet ထဲမှာ ရှာဖွေရင်း USA မှာ Designed လုပ်ပြီး Made in PRC Brand ဖြစ်ပါတယ်။ ဒီ Lipstick လေးကတော့ သူတို့ရဲ့ www.absolutenewyork.com/ မှာရောင်းဈေးကတော့ USD 6.99 $ ဆိုတော့ ဒီအရောက်ဆိုရင်တော့ သောင်းကျော်နိုင်ပါတယ်။
အိုကေ … Products Quality လေးကို အရမ်းကြွေပါတယ်။ ဘာလို့လဲဆိုတော့ သူ့က lip cream လိုလေးပါ. အရမ်းကို Soft ဖြစ်ပြီး တစ်ထပ်ဆိုးတာနဲ့ကို အရောင်ထွက်အား အရမ်းကောင်းပါတယ်။ Longlasting ကလဲဖြစ်သလားမမေးပါနဲ့ အနဲဆုံး ၆ နာရီလောက်ခံပါတယ်။ ဆီပါတဲ့ အရာတွေစားမိတာတောင် သူ့ဘာသာသူ ပြန်ခြောက်သွားရင် မပျက်ပါဘူး နှုတ်ခမ်းပေါ်မှာ နူးညံ့နေပြီး ဖူးဖူးလေးဖြစ်စေပါတယ်။ matte type ​တော့မဟုတ်​​ပေမယ့်​ တစ်​​နေကုန်​ခံပြီး နှုတ်​ခမ်းသားကို အရမ်း​ခြောက်​​စေတဲ့ Type မျိုးမဟုတ်​ပါဘူး ။ lip balm ​လေး​တော့ ခံဆိုးသင့်​ပါတယ်​။ သူ့မှာအနံ့​လေး တစ်​မျိုးရှိပါတယ်​။ ဖြိုးပတို့ငယ်​ငယ်​က အရမ်းသ​ဘောကျခဲ့တဲ့ boss ​ဘောပင်​ကရတဲ့အနံ့မျိုးပါ။ အနံ့​လေးက ​ဆွဲ​ဆောင်​မှု မရှိလှ​ပေမယ့်​ ဆိုး​နေတုန်းပဲ အနံ့ရပြီး ပြီးရင်​ပျယ်​သွားတာမို့ ဖြိုးပအတွက်​ အဆင်​​ပြေပါတယ်​။ ဒီလိုမှမဟုတ်​ရင်​ ကြာကြာစွဲဆိုးရင်​ နှုတ်​ခမ်းသား ​ခြောက်​​စေပါတယ်​။

2. Bella Suger Lips Lipstick (Lollipop)

Bella suger lips ​လေးက​တော့ Quality ​ကောင်းတဲ့ Bella Lipstick ​တွေထဲကတစ်​ခုပါ။ Bella ရဲ့​ရောင်းအားအ​ကောင်းဆုံး အမျိုးအစားလဲ ဖြစ်​ပါတယ်​။ ​ဈေးနှုန်းက​တော့ ၃၀၀၀ ဝန်းကျင်​ပဲဖစ်​ပြီး ဖြိုးပလဲ အရမ်းကြိုက်​ပါတယ်​။ အ​ရောင်​ထွက်​အားက​တော့ အရမ်း​ရေးကာင်းပြီး ဖြိုးပယှဉ်​ပြထားသလိုပဲ အ​ရောင်​ထွက်​လဲ တူ​နေပါတယ်​။
ဒီ Lipsticks ​လေးနှစ်​မျိုးရဲ့ Quality ကွဲပြားတာ​လေးက​တော့ Absolute NewYork က ပိုပြီး Soft ဖြစ်​တယ်​ ဆိုးထားရင်​ နှုတ်​ခမ်း​ပေါ် တင်း​နေတာမျိုးမရှိဘူး ဆိုးထားမှန်းလဲ မသိသာဘူး​ပေါ့​နော်​။ ပြီး​တော့ နှုတ်​ခမ်း​ပေါ်​ရောက်​ရင်​ Absolute New York ကပန်း​​ရောင်​​လေး​ဖောက်​ပါတယ်​။ Bella ​လေးက​တော့ နဲနဲ Matte type ​လေးဖြစ်​​တော့ နဲနဲ​ခြောက်​ပါတယ်​။ သူရဲ့ပို​ကောင်းတာက​တော့ ပိုကြာကြာခံပါတယ်​။


ဒီ​တော့ ဖြိုးပလတ်​တ​လော ဆိုးဖြစ်​​နေတဲ့ ခရမ်း​ရောင်​နှုတ်​ခမ်းနီ​လေးအ​ကြောင်း ​မေးသူ​လေး​တွေအတွက်​ ​ဝေမျှ​ပေးလိုက်​ပါတယ်​။

#Phyopapablogs #Lipsticks  

Comments

Popular Posts