Back to school Essentials for state schoolers



ကျောင်းတွေ ဖွင့်တော့မယ်ကွယ်🎒🎓🎒🎓
ချစ်ညလေးတို့ ရင်တွေ ခုန်နေပြီမလား? ဒီတခါမှာတော့ ချစ်ရတဲ့ ညလေးတွေအတွက် back to school လေး တင်ပေးမယ်နော်...

ကိုယ်တွေတုန်းကလဲ ဒီအချိန်လေးဆို လိုအပ်တာတွေကို အပြေးအလွှာလေး ဝယ်နေရတာ ပြင်ဆင်နေရတာဆိုတော့လေ... ရင်တွေလဲ ခုန်ရတာ အရမ်းပဲ 😁😁

1/ စာအုပ်အပို > ကျောင်းစဖွင့်တဲ့အခါမှာ စာတွေတော့ အရမ်းမသယ်သင့်ပါဘူး ဒါပေမဲ့ အပိုလေးတွေတော့ ဆောင်သွားပါ... ကျောင်းဖွင့်ပြီး ၂ ရက် လောက်နေရင် စာတွေ စသင်လာရင် စာအုပ်မလောက်တာတို့ သူများတွေကိုလဲ ငှားလို့ ရတာပေါ့...

2/ Pad > မိန်းကလေးလစဉ်သုံး ပစ္စည်းကိုပြောတာပါ... အမြဲတမ်းတစ်ခုလောက်ကိုတော့ ကျောပိုးအိတ်ရဲ့ အတွင်းအကန့် ထဲမှာ သယ်သွားပါ။ တကယ်အရေးကြီးတယ်နော်... ကိုယ့်ကိုကိုယ် အထိန်းသိမ်းတက်သေး လာရက် မခန့်မှန်းတက်သေးတဲ့ အချိန်မဟုတ်လား ။ သူငယ်ချင်းအခက်အခဲကြုံလာလဲ ကူညီလို့ ရတာပေါ့။

3/ Wet Tissue > ကျောင်းစစဖွင့်ရင် တကယ်ချွေးပြန်တယ်နော်... မိုးရာသီဆိုပေမဲ့လိုတယ်နော်... ဖြစ်နိုင်ရင် wet tissues လေးကိုတော့ ဆောင်ထားနော် ရိုးရိုးဟာလဲဆောင်ထား။

4/ အဆီစုပ်စက္ကူ > အဆီအရမ်းပြန်တတ်တယ်ဆိုရင်တော့ tissue ထက် ဒီလို အဆီစုပ်စကူလေးတွေက ပိုကောင်းပါတယ်။ အလှအပကြိုက်တဲ့ ကောင်မလေးတွေကတော့ မရှိမဖြစ်ပဲလေ။

5/ ခေါင်းစီးကြိုး ကလစ် > ဆံပင်ရှည်ထားတဲ့ ချစ်ညလေးတွေက ခေါင်းစီးကြိုး လှလှလေး နှစ်ကွင်း ဒါမှမဟုတ် သရေခေါင်းစီးကွင်းလေးတွေကို ဆောင်ထားနော်... ဆံပင်တိုတယ်ဆိုရင်လဲ ကလစ်လေးတွေတော့ ဆောင်ထားပါ။ ကျောင်းမှာ ချွေးထွက်တာဖြစ်ဖြစ် ဆရာမက ဆံပင်စည်းရမယ်ပြောရင် ကွက်တိဖြစ်တာပေါ့။

6/ သကြားလုံး > တခါတလေ ခေါင်းမူး ခေါင်းကိုက်တတ်တယ်ဆိုရင်တော့ သကြားလုံးလေး ဖြစ်ဖြစ် အိတ်ထဲမှာ ဆောင်ထားပေးပါ။ အိပ်ခြင်းလာရင်လဲ သကြားလုံးလေး ငုံလို့ ရတာပေါ့။ အမှိုက်တော့ မဖွဖို့ သတိပေးပါတယ်နော်။

7/ လက်ဆေးဆပ်ပြာရည် > hand wash gel လေး တစ်ဗူးတော့ ဆောင်ထားပါ။ လက်က အမှုန်တွေ အညစ်အကျေးတွေ အရမ်းကပ်လွယ်တာမို့ ဆောင်ထားပေးပါနော်။ ကျောင်းဘေစင်မှာ ဆပ်ပြာကုန်နေလို့ လိုအပ်ရင် သုံးလို့ရတာပေါ့။

8/ Hand cream > လက်ခြောက်တတ်တဲ့ ညလေးတို့ ကတော့ မပါမဖြစ်လေး ဆောင်ထားပါ။ ကျောင်းက အိမ်သာတွေမှာ ထားတဲ့ ကာဘော်လိတ် ဆပ်ပြာတွေကလေ လက်ကို ခြောက်စေတတ်ပါတယ်။ အဲ့ဒါကြောင့်ပါနော်...

9/ Water bottle > ရေဘူးကတော့ မပါမဖြစ်နော်... ကျောင်းကိုရေခွက်နဲ့ မသောက်တတ်ဘူးဆိုတဲ့ ညလေးတို့ အတွက်ပေါ့နော်... ရေဘူး လှလှလေးတစ်ဘူးတော့ လိုတယ်နော်....

10/ Perfume သို့ ​ဂျိုင်းသုတ်​​ဆေး > ကိုယ်နံ့ ထွက်တက်​တယ်ဆိုရင်တော့ အိတ်ဆောင် ရေမွေးဘူးသေးသေးလေး ဆောင်ထားပါနော်...

ဒါလေးတွေကတော့ stage ကျောင်းသူလေးတွေ ဆောင်ထားရမဲ့ အရာလေးတွေနော်... ကျောင်းတွေ ဖွင့်တော့မယ် ရင်ခုန်တယ် ဂယ်ပဲ ဂယ်ပဲ... ကိုယ်တွေလဲ

အဖြူအစိမ်းလေးဝတ်ပြီးတော့ ကျောင်းလေးတောင် ပြန်တတ်ချင်လာပြီး 😁
#Phyoandshio #PhyopapaBlogs 

Follow my blog with Bloglovin

Comments

Popular Posts