All about Aloe Vera Beauty Remedies


 
Hellooo ... အားလုံးပဲမင်္ဂလာပါရှင့်
🌵🌵🌵🌵
ဖြိုးပအခုတ​လော Video ​တွေပဲ အတင်​များ​နေတာ​ကြောင့်​ အားလုံးအတွက်​ Naural Homemade remedies ​လေး​တွေနဲ့ DIY ​လေး​တွေအသစ်​တင်​မ​ပေးတာကြာလို့ ဒီရှား​စောင်းလက်​ပတ်​နဲ့ face mask လုပ်​နည်း​လေး​တွေ ပြင်​ဆင်​​ပေးလိုက်​ပါတယ်​။

အခုလက်​တ​လော ဖြိုးပတို့နားက ​ဈေးထဲမှာ​ရော အိမ်​ကအပင်​က​ရော အရမ်းကိုသုံးလို့​ကောင်း​နေ​တော့ လိုက်​လုပ်​ဖြစ်​​နေလို့ ပြန်​ Share ​ပေးလိုက်​ပါတယ်​။

ရှာစောင်းလက်ပတ်ဟာ အလှအပအတွက် အရမ်းကို ကောင်းတာကတော့ ထပ်ပြောစရာ မလိုလောက်ဘူးလို့ ထင်မိပါတယ်။ ဒီတခါမှာ mask လုပ်နည်းလေးတွေနဲ့ ဘယ်နေရာအတွက် ဘယ်လို လုပ်ရမလဲဆိုတာကို သီးသန့်​လေး ပြောပြချင်ပါတယ်။

For face scrub

- ရှာစောင်းလက်ပတ် အနှစ် လက်ဖက်စားဇွန်း 2 ဇွန်း
- ငှက်ပျောသီး အသေးတစ်လုံး
- သကြား လက်ဖက်စားဇွန်း ၁ ဇွန်း
- ဒိန်ချဉ် လက်ဖက်စားဇွန်း ၁ ဇွန်း
ရှာစောင်းလက်ပတ်ရယ်၊ ငှက်ပျော်သီးရယ် နဲ့ သကြားကို အရင်​ရော​မွှေ​ပေးပါ။ ဒိန်ချဉ် ကို ရောပြီးတော့... မျက်နှာပေါ်မှာ ၃ မိနစ်လောက်လေး ဖြေးဖြေးချင်ပွတ်တိုက်ပေးပါ။
ပြီးရင် မျက်နှာပေါ်မှာ မိနစ်၂၀ လောက် ထားပေးပြီးမှ ရေးဆေးချပေးပါ။ တစ်​ပတ်​တစ်​ခါလုပ်​ပါ သိသိသာသာ ဖြူဝင်းပြီး ​ချွေး​ပေါက်​​တွေသန့်​စင်​​ပေးနိုင်ပါတယ်​။

For acne free skin
- ရှာစောင်းလက်ပတ် လက်ဖက်စားဇွန်း ၂ ဇွန်း
- ကွမ်းသီးမှုန့်​ လက်ဖက်စားဇွန်း လေးပုံ တစ်ပုံ
- လီမွန်ရည် တစက်နှစ်စက် (သံပရာရည်​)
အားလုံးကိုရောပြီးတော့ မျက်နှာပေါ်မှာ မိနစ်၂၀ လောက်ထားပြီးတော့ မျက်နှာသစ်လိုက်ပါ။ ဒီထက်​ကြာ​အောင်​မထားပါနဲ့ သံပရာပါ​တော့ ​ချွေး​ပေါက်​ကျယ်​​စေနိုင်​လို့ပါ။ ၁ ပတ်​တစ်​ခါလုပ်​ပါ. အဆီဖုနဲ့ ဝက်​ခြံပုန်း​တွေကို ဖယ်​ရှားနိုင်​ပါတယ်​။
For dry skin
- ရှာစောင်းလက်ပတ် လက်ဖက်စားဇွန်း ၂ ဇွန်း
- သံလွင်ဆီ လက်ဖက်စားဇွန်း တစ်ဝက်
- ပျားရည် လက်ဖက်စားဇွန်း ၁ ဇွန်း
အားလုံးကိုရောပြီးတော့ မျက်နှာပေါ်မှာ မိနစ် ၃၀ လောက်ထားပါ။ ပြီးမှ မျက်​ နှာ သစ်လိုက်ပါ။ အသားအရေခြောက်သူတွေ အတွက် အဆင်ပြေပါတယ်။ အသား​ရေစို​ပြေပြီး နူးညံ့​ချော​မွေ့​စေပါတယ်​။ ၁ပတ်​ ၂ ခါထိ လုပ်​လို့ရပါတယ်​။

For oily skin

- ရှာစောင်းလက်ပတ် လက်ဖက်စားဇွန်း ၂ ဇွန်း
- ဒိန်ချဉ် လက်ဖက်စားဇွန်း ၁ ဇွန်း
- ခရမ်းချဉ်သီး အရည် လက်ဖက်စားဇွန်း ၁ ဇွန်း
အားလုံးကို ရောပြီးတော့ ဇွန်းလေးနဲ့ ခရင်မ်​လို​လေး မဖြစ်မချင်မွေးပေးပါ။ ပြီးရင် မျက်နှာပေါ်ရော လည်ပင်းရောကိုပါ လိမ်းပြီးတော့ မိနစ် ၃၀ လောက်ထားပေးပါ။ ပြီးမှ ရေဆေးချလိုက်ပါ။ ​ရေချိုးခါနီးလုပ်​ရင်​ အဆင်​​ပြောတယ်​. ခရမ်းချည်​သီး​ကြောင့်​ အဆီပိုနဲ့ ဝက်​ခြံ​တွေကို ကာကွယ်​နိုင်​ပါတယ်​။ တစ်​ပတ်​တခါလုပ်​ပါ။

For sensitive skin

- ရှားစောင်းလက်ပတ် လက်ဖက်စားဇွန်း ၂ ဇွန်း
- သင်္ဘောသီးဖျော်ရည် လက်ဖက်စားဇွန်း ၁ ဇွန်း
အားလုံးကိုရောပြီးတော့ ခရင်မ် ဖြစ်အောက်လုပ်ပြီးတော့ မျက်နှာရော လည်ပင်းရောပေါ်မှာ လိမ်းပြီးတော့ မိနစ်၃၀ ထားပြီးတော့ မျက်နှာသစ်ချလိုက်ပါ။ sensitive skin သမား​တွေက ရှား​စောင်းလက်​ပတ်​ချည်းပဲ သီးသန့်​သုံးပဲလဲ ပို​ကောင်းပါတယ်​. အသား​ရေကို ကြည်​လင်​ဖြူဝင်းပြီး Allergy ​တွေရှိရင်​လဲ ချက်​ချင်း​ပျောက်​နိုင်​ပါတယ်​။ တစ်​ပတ်​ကို ၂ ပတ်​သုံးလို့ရပါတယ်​။

For de-pigmentation

- ရှာစောင်းလက်ပတ် လက်ဖက်စားဇွန်း ၂ ဇွန်း
- မုန်လာဥနီ တစ်စိတ်
- အာလူးရည် လက်ဖက်စားဇွန်း ၁ ဇွန်း
- သကြား လက်ဖက်စားဇွန်း ၁ ဇွန်း
ရှာစောင်းလက်ပတ်ရယ်၊ သကြားရယ်၊ မုန်လာဥနီရယ်ကို အရင်ဆုံး blender ထဲကို ထည့်ပြီးတော့ ပျစ်ပျစ်လေးဖြစ်အောင်လုပ်ပြီး အာလူးရည်ကို ရောပါ။ ရလာတဲ့ အရည်ကို မျက်နှာပေါ်မှာ ငါးမိနစ်လောက် အရင်ဆှုး နှိပ်ပေးပါ။ပြီးမှ မိနစ်၂၀ ထားပြီးတော့ ရေဆေးချလိုက်ပါ။ အသား​ရောင်​မညီတာ​တွေ နီရဲ့​နေတာ​တွေကို ချက်​ချင်းဆိုသလို ​ပေါက်​ကင်း​စေပါတယ်​။

ဒီနည်းလေးတွေဟာ ရှာစောင်းလက်ပတ်နဲ့ လုပ်လို့ ရတဲ့ face masks လေးတွေပါ။
တကယ်ကို မိုက်တယ်နော်... အသားအရေအမျိုးမျိုး ပြသနာအမျိုးမျိုး အလိုက် သေချာလေး လုပ်ပေးထားပါတယ်နော်...

ကိုယ်​နဲ့ အဆင်​​ပြေတာကို ​ရွေးချယ်​လိုက်​လုပ်​ရုံပဲ​လေ။

sharing is caring နော်...
ချစ်​ရသူတို့ကို Share ​ပေးပါဦး #PhyopapaBlogs

Follow my blog with Bloglovin

Comments

Popular Posts