18 things we learnt at 18



 ဖြိုးနဲ့ရှိုး နှစ်ယောက်လုံးကတော့ ၁၈ ကျော်ပြီပေါ့နော်။
📚🔖📖
ကိုယ်တွေ ၁၈ နှစ်အရွယ်တုန်းကလဲ ဒါလေးတွေ ဖြစ်ခဲ့ဖူးတယ်... ချစ်တို့ရော အောက်က အကြောင်းအရာတွေ ခံစားချက်တွေနဲ့ တိုက်ဆိုင်မှု ရှိမလား။

1/ အလွယ်တကူ အချစ်ဦးနဲ့ အချစ်စစ်ကို ယုံခဲ့တယ်။

2/ အချိန်တိုအတွင်းမှာ အချစ်နဲ့ ပြတ်စဲခဲ့တယ်။

3/ သင့်ကလှနေတယ်ဆိုရင် လူတွေကို သင့်ကိုပိုဂရုစိုက်ကြတယ်။

4/ လူတွေကသင့်မှာ မကောင်းချက်လေး အားနဲချက်လေးရှိတာနဲ့ လူဆိုးလို့သက်မှတ်ချင်မယ်။

5/ သင့်က ဝနေရင် (သို့) ပိန်ကပ်နေရင် လူတွေကသင့်ကို စနောက်ကြလိမ့်မယ်။

6/ သင်က အရမ်းလှပြီးတော့ ဆွဲဆောင်မှုရှိရင် ကောင်လေးတွေက သင့်ကို ချစ်ပါတယ် ကြိုက်ပါတယ်လို့ ချက်ချင်းဆိုသလို လာပြောတတ်ကြမယ်။ ဘယ်တော့မှမယုံပါနဲ့

7/ လူတွေက စိတ်မမှန်တာကို သိလာလိမ့်မယ်။

8/ သင်မှန်ကန်တယ် ထင်တဲ့အရာအတွက် အတွက်ရပ်တည်သင့်တယ်။

9/ သင်က sexy ကျတဲ့ ပုံစံဝတ်စားရင် စကပ်တိုလေးဝတ်ရင် လူတွေက သင့်ကို မိန်းမပျက်လို့ ခေါ်တာ ခံရလိမ့်မယ်။

10/ တဖြည်းဖြည်းနဲ့ ကိုယ့်ကိုကိုယ် ပိုချီးကျူးတတ်လာမယ်။

11/ ကိုယ့်ကိုကိုယ့် ပိုချစ်တတ်လာလိမ့်မယ်။

12/ သူတစ်ပါး ထင်မြင်ချက်ဟာ သင့်ယုံကြည်မှုကို ဟိုးအောက်ထိ ပြန်ဆွဲချသွားနိုင်တယ်။

13/ လူတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ထင်မြင်ချက်တွေက သင့်ကိုမကူနိုင် မကယ်နိုင်ပါဘူး။ ကိုယ့်ဘ၀အတွက် တချိန်လုံး အစိုးမိုး မခံပါနဲ့။

14/ ဘ၀မှာ ပေါ်ပြူလာဖြစ်တာ နာမည်ကြီးတာ နဲ့ လူအများရဲ့ ရွေးချယ်ခံရတဲ့ အရာတွေထက် ပိုတန်ဖိုးကြီး ထိုက်တန်တာတွေကို ရရှိလာလိမ့်မယ်။

15/ ကမ္ဘာကြီးက ရက်စက်ပါတယ်... ဒါကြောင့် အရွယ်ကောင်းမှာ လုပ်စရာရှိတာတွေကို စတင်ပါ။

16/ Social media ဟာ ဟန်ဆောင်ကောင်းသူတို့ ရဲ့ နတ်ပြည်ဆိုတာကို သိလာလိမ့်မယ်။

17/ ကိုယ့်ရဲ့ လွှတ်လပ်မှုကို စတင်ရှာဖွေပါ။ အချုပ်ချယ်မခံပါနဲ့။ လူ့ဘ၀က တိုးလွန်းတယ်လေ။

18/ ဒီအချိန်မှာ အချစ်စစ်ဆိုတာက မရှိသေးပါဘူး။ ဒါကြောင့်မို့ ကိုယ့်အတွက် ကိုယ်အရင် ကြိုးစားပါ။ ကိုယ့်ကိုကိုယ်ချစ်ပါ။ သူတစ်ပါးကို ချစ်ဖို့ မဟုတ်သေးပါဘူး။

အခုပြောပြသွားတဲ့ အချက်လေးတွေက ၁၈ နှစ်တုန်းက ခံစားကြုံတွေ့ရတာလေးတွေပါ။ 
တိုက်ဆိုင်တယ်ဆိုလဲ share ပေးအုန်းနော်...
Sharing is caring နော်..
#phyopapaBlogs #PhyoandShio

Follow my blog with Bloglovin

Comments

Popular Posts