What you need to know about using Sunscreen

Follow my blog with Bloglovin


လူတော်တော်များများဟာ ကျန်မာရေးနှင့် အလှအပအတွက် အသားအရေ ထိန်းသိမ်းသည့် ပစ္စည်းများကို အသုံးပြုရာမှာ မှားယွင်းနေကြပါတယ်။ ထိုကြောင့်ထိရောက်မှု မရှိတတ်ပါဘူး။

အထူးသဖြင့် နေရောင်ကာ ခရင်မ်တွေကို မှားယွင်စွာ အသုံးပြုတတ်ကြပါတယ်။

>> အသားညိုသူတွေက သူတို့အတွက် နေရောင်ကာခရင်မ် လိမ်းစရာမလိုဘူးလို့ ထင်နေကြပါတယ်။

>> အသားလတ်တဲ့သူတွေကလည်း အသုံးပြုပုံ မှားနေတာတွေလဲ ရှိပါတယ်။ ဒီလို မှားသုံးတာဟာ အသားအရေကို ပိုမိုခြောက်သွေ့နိုင်ပါတယ်။

ဒီလို မဖြစ်စေဖို့ နေကာခရင်မ်လိမ်းရာမှာ မှားတတ်တဲ့ အချက် ငါးချက်ကို ဖော်ပြထားပါတယ်။

Summer Skincare Tips လေးတွေကို မဖတ်ရသေးရင် အောက်ကလင့်မှာ သေချာရှင်းပြထားတယ်နော် ...

မျက်နှာအသားရေအတွက် တကယ်ကောင်းတဲ့ UV protector လေးဖြစ်တဲ့ Loreal UV perfect ရဲ့ Review လေးကတော့ ဟောဒီလင့်လေးကို နှိပ်လိုက်နော် ☺☺



>> နေရောင်ကာ ခရင်မ် မလုံလောက်ခြင်း


နေရောင်ကာ ခရင်မ် မလိမ်းခြင်တာ၊ အနှံ့မခံနိုင်တာ တွေကြောင့် နည်းနည်းလေးပဲ ပြီးစလွယ် လိမ်းတာမျိုး မလုပ်ပါနဲ့။ မျက်နှာ၊ လည်ပင်၊ လက်နှင့် ခြေထောက်တွေကို လုံလောက်တဲ့ နေရောင်ကာ ခရင်မ် ရအောင် လိမ်းပေးဖို့လိုပါတယ်။


>> နေရောင်ကာ ခရင်မ် ထပ်မံမလိမ်းခြင်း


နေရောင်ကာ ခရင်မ် တစ်နေ့တစ်ခါလိမ်းလိုက်ရုံနှင့် မပြည့်စုံပါဘူး။ နှစ်နာရီခြား တစ်ခါ၊ သုံးနာရီခြားတစ်ခါ လိမ်းပေးဖို့လိုပါတယ်။ တကယ်လို့ သင်က ရေစိုခံခရင်မ်၊ ချွေးစိုခံ နေကာခရင်မ်တွေ လိမ်းထားတယ်ဆိုရင်တော့ အချိန်သုံးနာရီလောက် ကြာတိုင်း တစ်ခါ ပြန်ဖြည့်လိမ်းပေးဖို့လိုပါတယ်။ တကယ်လို့ ရေကူးတာနဲ့ဘချွေးထွက်တဲ့ အလုပ်တွေ လုပ်ပြီးရင်း နေကာခရင်မ် မကြာခဏ ပြန်လိမ်းပေးပါ။


>> SPF အနည်းငယ်ပါသော နေရောင်ကာခရင်မ် လိမ်းပြီးနေရောက်အောက် ထွက်ခြင်း


အကယ်လို့ သင်ဟာ နေရောင်အောက်မှာ သွားလာရမယ်ဆိုရင် အနည်းဆုံး SPF 30 ဆနဲ့ အထက် ပါဝင်တဲ့ နေရောင်ကာခရင်မ်ကို လိမ်းဖို့လိုပါတယ်။ ပြီးတော့ ရေစိုခံ၊ ချွေးထွက်ခံတဲ့ အမျိုးအစားဖြစ်ဖို့လဲ လိုပါတယ်။ တကယ်လို့ SPF ပါဝင်မှုနည်းနေရင် (ဒါမှမဟုတ်) ချွေးထွက်လို့ ပျက်သွားရင်တော့ မကြာခဏ ပြန်လိမ်းပေဖို့ အရေးကြီးပါတယ်။


>> SPF ပါဝင်မှု များသွားမည်ဟု ထင်ခြင်း


နောရောင်ကာ ခရင်မ်မှာ အဓိက က SPF ပါဝင်မှုဖြစ်ပါတယ်။ တချို့တွေက မတူညီတဲ့ SPF တွေဟာ ပေါင်းသွားမယ်လို့ ထင်ကြပါတယ်။ ဥပမာ- SPF ၁၅ ဆပါတဲ့ နေရောင်ကာ ကရင်မ်ကို လိမ်းပြီး SPF ၁၀ ဆပါတဲ့ နေရောင်ကာ ခရင်မ်းကို ထက်လိမ်းခြင်းဖြင့် SPF ၂၅ ဆ ဖြစ်သွားမယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ပထမ လိမ်းထားတဲ့ SPF ၁၅ ဆ ပါပဲ။


>> UVB ကိုပဲ ကာကွယ်သော နေရောင်ကာခရင်မ် အသုံးပြုခြင်း


လူအများစုက UVB ပါတဲ့ နေရောင်ကာခရင်မ် နဲ့တင်လုံလောက်ပြီဟု ထင်တတ်ကြပါတယ်။ တကယ်တော့ နေရောင်အောက်သွားလာ လှုပ်ရှားမယ်ဆိုရင် UVB/UVA ရောနှစ်မျိုးလုံးပါတဲ့ နေလောင်ကာ ခရင်မ်ကို အသုံးပြုသင့်ပါတယ်။ UVA ကို ကြာရှည်စွာထိတွေ့မယ်ဆိုရင် စောစီးစွာ အိုမင်ရင့်ရော်စေပါတယ်။ UVB က နေလောင်တာနှင့် အမည်းစက်တွေ ဖြစ်စေပါတယ်။

ကဲ ပျိုမေတို့ ဒီလောက်ဆို ကိုယ်ဘယ်လိုတွေ လုပ်ဖြစ်နေလည်း သိလောက်ပြီပေါ့နော် ...

မှားနေခဲ့ရင်လည်း ပျက်အစဉ်ပြင်ခနမို့ မှန်တဲ့လမ်းကြောင်းလေး အမြန်ပြောင်းလိုက်နာကြစို့်နော်။

အမြဲလှစေချင်လို့ပါ .... #‎Phyopapablogs

Comments

Popular Posts