Sultry Cat eyes & Nude Lips

Follow my blog with Bloglovin



ပျိုမေတို့ရေ ဒီတခါ Makeup Look လေးကိုတော့ ဖြိုးပ ခပ်ပြင်းပြင်းရှရှ ပုံစံလေး ရအောင် Cat eyes Liner လေးဆိုးပေး Contour လေးလုပ်ပြီးတော့ Nude lips လေးဖြစ်အောင် ကလေးရုပ်ညမလေးကို ပြင်ပေးထားပါတယ်။
ဒီ Makeup Look လေးကို မိမိကိုယ်ကို Sexy ကျကျ ပြင်းပြင်းရှရှ ခံစားချက်ရှိချိန် ဘယ်အချိန်မဆို လိမ်းချယ်နိုင်ပြီး Day to night အဆင်ပြေတဲ့ ပုံလေးပါ။
အရင်အပတ်ကတော့ Soft ဖြစ်တာလေး ချယ်သပေးထားတာလေးကိုလဲ စိတ်ဝင်စားတယ်ဆို အရင်ပိုစ်လေးတွေမှာ ပြန်ရှာလေ့လာလို့ ရပါတယ်။ 






သုံးထားတဲ့ Product list
Foundation - Loreal Truematch Foundation
Face Powder - Loreal Mineral Powder
Contour - Wet n Wild Bronzer
Eyes Shadow - Catwalk 60 Colors Shadow
Liquid liner - Mille Pen Eyeliner
Blusher - Jordana Stardust Blush
Lipstick - Foumei L014
False Lashes - NessyChoices - 04 


Face & Foundation လိမ်းမှုအပိုင်းကိုတော့ Primer. တောင်ခံချာမလိုတဲ့ Truematch foundation ကို N7 shade လေးကို ပုံထဲကအတိုင်း အစက်ချပြီး Beauty Blender လေးနဲ့ ပုတ်လိမ်းပေးထားပါတယ်။
Contour ကိုတိတိကျကျ ထင်းနေအောင် Bronzer ကို Concealer Brush လေးနဲ့အစင်းလေးချလိုက်တယ်။ အပေါ်ကနေမှ Brush အကြီးနဲ့ ပြန်ဖြန်ပေးလိုက်တော့ အဆင်တော်တော် ပြေသွားပါတယ်။ Cream Contour လုပ်ရင်လည်း ဒီနည်းလေးပဲ Setting ချပေးရပါတယ်။ Contour ကိုပိုပေါ်စေချင်လို့ Blush ကိုလည်းအညိုဖတ် သန်းတာလေးကို ခပ်ပါးပါး လိမ်းချယ်ပေးလိုက်ပါတယ်။ 

Eye makeup step by step ကိုတော့ ပုံလေးနဲ့ ပြထားပါတယ်။ ဖြိုးပတဆင့်လေး ကျော်သွားပါတယ်။ အဲ့ဒါကတော့ Cut - crease မျက်ရစ်လိုင်း အတုလေး ထင်းနေအောင် လုပ်တဲ့ဟာပါ။ စလိမ်းတုန်းကတော့ အဲ့လိုမလုပ်ပဲ eyeliner ကိုပဲ ဆွဲပေမယ့် မျက်တောင်တုတပ်တော့ ပိုပေါ်အောင် Cut crease လေးထဲ့လိုက်တာပါ။ Cat eyes liner လေးကတော့ ပုံမှန် Wing liner ထက်ပိုပေါ်စေပြီး မျက်လုံးအချိုးစားကို ပိုထင်းစေတယ်။ Pictorial လေးတင်ပေးချင်ပါတယ်။ 

မျက်တောင်တုကို Nessy Choices က Dramatic စတိုင်ကျတဲ့ ထူတဲ့ပုံလေး တပ်ပေးလိုက်ပါတယ်။

Lips ကိုတော့ Foumei lip liner က No. L014 ကိုဆိုးပေးလိုက်ပါတယ်။ 

Cat eyeliner က မျက်နာကို Attractive ဖြစ်စေပြီး Contour ကြောင့်မျက်နာလည်း အချိုးကျသွားပါတယ်။ မျက်လုံးကို ပိုပေါ်အောင် နှုတ်ခမ်းကို nude lipstick လေးဆိုးပေးလိုက်တာပါ။ ဘာဆိုးဆိုး အဆင်ပြေနိုင်ပါတယ်။ 

အားလုံးလည်း နားလည်မယ်ထင်ပါတယ်။ အရှင်းတာ တောင်းဆိုချင်တာလည်း ပြောခဲ့နော်။ ဖြိုးပသိသလောက် ပြန်ဖြေပေးပါတယ်ရှင့်။
#‎phyopapablogs

Comments

Popular Posts