Soft and Flawless V Day Makeup Look

Follow my blog with Bloglovin


ပျိုမေတို့ရေ ဖြိုးပ လိမ်းရတာ လွယ်ကူတယ်၊ မိန်းကလေးတိုင်းနဲ့ လိုက်ဖက်ပြီး နေ့ပိုင်းလိမ်းချယ်လို့ သင့်တော်တဲ့ Date သွားမယ့် လူငယ်မိန်းကလေးတေသာမက မိတ်ကပ်သား ညတ်ညတ်လေးနဲ့ Natural ဆန်ချင်သူ အမျိုးသမီးတိုင်းတွက် ဒီ Makeup Look လေးကို ပြန်ဝေမျှပေးလိုက်ပါတယ်။ 





Model - နှင်းရှိုးရှိုးအောင် (instagram - @shio.shio123)

အသုံးပြုထားသော Product list
Foundation - Catrice Matte plus foundation (warm beige)
Concealer - elf full coverage concealer
Powder - Baby Powder (၀ိုင်အိုလက်)
Bronzer - Wet N Wild
Blusher - Catrice
Brows - elf brows kit medium
Eye shadow - Catwalk Cosmetics 60 colors
Falsie - NessyChoice 04
Eyelid tape - Hello eyelid tape
Lips gloss - Loreal Paris 


Face ပိုင်းကိုတော့ တက်နိုင်သလောက် Matte လေးဖြစ်အောင် ပြင်ပေးထားပါတယ်။ ညမလေးက အဆီဖုလေးတွေ ရှိပေမယ့် Catrice Matte Plus foundation ကို brush လေးနဲ့ မျက်နာအလယ်ပိုင်းကနေ အပြင်ကို ဆွဲဖြန့်တဲ့ နည်းလေးနဲ့ Dewy Look လေးဖန်တီးထားပါတယ်။ 

ပြီးတော့မှ nose line နာတံတလျှောက်ကို elf concealer ထဲက light ဖြစ်တာလေး တင်ဖြန့်ပေးလိုက်တော့ သဘာဝအတိုင်း Highlight လေးဖြစ်နိုင်စေပါတယ်။ Highlighter တွေ သုံးထားတာ မဟုတ်တော့ အဆီပြန်တော့ ကြည့်ရဆိုးမှာ စိတ်ပူစရာ မလိုတော့ပါဘူး။ 

Wet and Wild Bronzer လေးကို Brush ခပ်သေးသေးတခုနဲ့ ပါးရိုးပေါ်အောင် နည်းနည်းလေး အရောင်ထည့်ပြီး Catrice ပန်းရောင် Blush လေးကို ခပ်ပါးပါး ပါးရိုးတလျှောက် နားထင်ထိ ချယ်ပေးထားပါတယ်။ 

မျက်လုံးချယ်နည်း အဆင့်ဆင့်ကတော့ ၄ဆင့်ထဲမို့ ပုံမှာလည်း လေ့လာနိုင်ပါတယ်။
Step -1 မျက်လုံးမျက်ရစ်လေး ပေါ်အောင် Hello eyelid tape ဇာတိတ်လေး ကပ်ပေးပြီး Natural အ၀ါလေးကို ခပ်ပါးပါးလေး ချယ်ပေးထားတယ်။
Step -2 မျက်လုံး အစွန် Outer V ကို ချယ်မှာဖြစ်တဲ့တွက် အတိအကျလေး ဖြစ်အောင် တိတ်လေးကပ် အုတ်ကျိုးရောင်လေး ချယ်ပေးလိုက်တယ်။
Step -3 Blending Blush နဲ့သေချာလေး Blend လုပ်ပြီး တိတ်လေးကိုခွာ အောက်မျက်ခန်းကို ပါတယ်ဆိုရုံလေး အုတ်ကျိုးရောင်လေး ထည့်ပေးတယ်။
Step -4 မျက်လုံးကို Minimal စတိုင်လေး လုပ်ပေးထားတော့ Falsie လေး တပ်ပေးလိုက်တော့ အရမ်းသဘ၀ကျပြီး Daytime အတွက် အဆင်ပြေတဲ့ eye makeup လေးဖြစ်သွားပြီပေါ့။

အားလုံးပြီးမှ Flirty lip လေးပိုင်ဆိုင်အောင်လို့ Loreal paris က lipgloss 030 shade လေးကို ခပ်ပါးပါးလေး ချယ်ပေးလိုက်ပါတယ်။ 

အားလုံးပြီတော့ ငယ်ရွယ်နုပျို သဘာဝကျပြီး ပန်းရောင်သွေး Flawless look လေးရပြီပေါ့။

ဖြိုးပသုံးပေးထားတဲ့ ထဲက
Elf product တွေဆို @SweetandCheap
Catrice Product Catrice Myanmaryanmarု
Wet n Wild Product The Beauty Boutiqueutiqueု
မျက်တောင်တု နဲ့ eyelid tape ProductေCosmetics Crazy Crazy
နေရာတွေမှာ ရနိုင်ပါတယ်။ 


#‎phyopapablogs

Comments

Popular Posts