"Simple Skincare Routine"

Follow my blog with Bloglovin





သနပ်ခါးကို ပြန်လည်နှစ်ခြိုက် စွဲမက်မိခြင်း


ဖြိုးပအကြောင်းကို ချစ်တို့လည်း သိပါတယ်နော်။ Makeup & Cosmetics Crazy မိုလို့ အဲဒါတွေနဲ့ ပတ်သက်တာလေးတွေ ဝေမျှနေသူပါ။
ဒါပေမယ့် ဖြိုးပဒီနေ့တော့ တဖန်ပြန်လည် စွဲမက်မိတဲ့ သဘာဝအသားလှစေတဲ့ ပစ္စည်း ရိုးရာသနပ်ခါးကို ကိုယ်ပိုင်အတွေ့အကြုံလေး ပြောပြပါရစေ။

ပြီးခဲ့တဲ့ New Year Holiday တုန်းက ဖြိုးပ ငပလီကို သွားခဲ့တယ်။ ဟိုရောက်ကတည်းက အသားအရောင်၊ ၀က်ခြံတွေ၊ ပြန်လာတော့ ချေးတွေ အဆီဖုလေးတွေ ရလာပါတယ်။ ဒါတောင်မှ မိတ်ကပ်ကို ၁ရက်ပဲလိမ်းပြီး နေ့တိုင်း sunblock လိမ်းပါတယ်။

ရန်ကုန်ပြန်ရောက်တော့ ထုံးစံအတိုင်း Makeup ပြင်ရုံးသွားမယ်ပေါ့။ အဲ့အချိန်မှ ကိုယ့်အသားရေပေါ် Foundation တင်မရ မိတ်ကပ်ကို Primer ခံတာတောင် မညီညာ၊ အဖုတွေ ပိုထွက်ဆိုတော့ လုံးဝလုံးဝကို Cosmetics တွေကို လိမ်းမရတော့ပါဘူးရှင်။ လိမ်းမယ်ဆိုလည်း ပိုဆိုးတော့မှာကိုးး ။

ဒါကြောင့် မေမေပေးထားတာ ကြာပြီ ဖြစ်နေတဲ့ သနပ်ခါးတုံး သေးသေးလေးကို ပြန်ထုတ် ရေဆေး နေလှန်းပြီး အပွေးကိုသေချာ ခပ်ပြစ်ပြစ်လေး သွေးလိမ်းတဲ့ အကျင့်ကို မရရအောင် လုပ်ရတော့တာပဲလေ။
ဖြိုးပက ၂၂ နှစ်လောက်တည်းက Makeup လိမ်းခဲ့ပြီး ကြားထဲ သနပ်ခါးကိုဆို လုံးဝမလိမ်းဘူး ဆိုသလောက်ကို ဖြစ်နေသူပါ။ ကိုယ်တိုင်က Makeup colourful look လေးတွေ မျက်နာပေါ် တင်ရတာ နှစ်ခြိုက်သူမို့ ပါးကွက်လိမ်းပြီးရင် စာဥလို့ပဲ မြင်ပြီးချက်ချင်း ပြန်ဖျက်လိုက်တာပါ။
ဖြိုးပက ဘယ်ရမလည်း ပျက်ဆီးနေတဲ့ အသားရေကို ပြန်ရောက်တဲ့ တပတ်လုံး Skincare တွေနဲ့ ပြန်ကု Exfoliate တွေလုပ် Mask တွေသုံး။ အို ဘယ်လိုလုပ်လုပ် မထူးတော့ပါဘူးရှင် ။
အဲ့ဒါကြောင့် ရုံးသွားတော့ Makeup တင်မရ ပျက်ဆီးတဲ့ မျက်နာကို ဖုံးဖို့ သနပ်ခါးကိုပဲ ရွေးချယ်ရတော့တာပေါ့။

စစလိမ်းချင်းကတော့ သဘောမကျပေမယ့် သူကတနေကုန်အေးနေစေပြီး ရုံးထိုင်ဝန်ထမ်းတွေတွက်တော့ အလှမပျက် အသားရေ ထိန်းလို့ကောင်းပါတယ်။ အခုဆို ဖြိုးပရုံးကို နေ့တိုင်း သနပ်ခါးလိမ်းသွားပါတယ်။ ၃ ပတ်ပြည်တော့မယ်ပေါ့နော်။
အရင်ဖြစ်နေကျ မနက်က လိမ်းထားတဲ့ Makeup တွေက ချေးဖြစ်ပြီး ဘယ်လို Cleaning လုပ်လုပ် ဖုပေါက်တာ လုံးဝမရှိတော့ဘူး။ ဖုတွေလည်း မသစ်မပေါက်တဲ့ အပြင် ရှိတဲ့ဟာလေး ပြားသွားတော့ ချစ်မိပြီပေါ့။
ချွေးပေါက်တွေ သိသိသာသာကျဉ်းသွားပြီး အသားလေးလည်း ချောမွေ့ပြီး အသားရောင် ပြန်ညီသွားပါပြီ။ ဖြိုးပလေ အဲ့ Results တွေလိုချင်ရင် အရင်က product ၆ မျိုးလောက် သုံးရတယ်။ အခုတော့ သဘာဝသနပ်ခါးက လုပ်ပေးပါတယ်။ 

သနပ်ခါးစစ်စစ်ကို ပြောတာနော်။ ဘူးတေ အခဲတွေကို ပြောတာမဟုတ်ဘူးနော်။
ဒီ Results တွေကို ခနအတွင်းရတာကတော့ ဖြိုးပက ကြားထဲ ဘာ Makeup product ကိုမှမလိမ်းဘူး။ Skincare ရိုးရိုးရှင်းရှင်း Process လေးပဲ လုပ်ဖြစ်ပါတယ်။ Skincare routine ကများပြီး Product များရက်လည်း မထိရောက်ပဲ ပိုဆိုးတာမို့ အခုတလော ဖြိုးပ Skin care routine လေး ပြောပြပေးလိုက်တယ်နော်။ 

 


Morning Skincare Steps


Face Cleanser >> Victoria Sweden Egg Soap (oily skin)
Facial Mist >> DIY Chamomile Mist
Serum >> Red Bird Nest Serum
>> သနပ်ခါး 



Evening Skincare Steps


Cleanser >> Bio AQUAR Cleansing Water
Face Cleanser >> S Mone Clear Natural Face Soap
Facial Mist >> DIY Chamomile Mist
Night Mask >> S Mone Miracle Bee Night Mask 


ဒါလေးပါပဲ။ အဆင့်တွေက ထိရောက်ပြီး best results ပေးနိုင်ပါတယ်။ 

ဖြိုးပအခု မိတ်ကပ်ပြန်လိမ်းတော့ လူတိုင်းက လာလာမေးလောက်အောင် ကို အသားလေး ညက်ပြီး Makeup သားတက်တယ် တနေကုန်ခံပြီး အဖုအပိတ်တွေ အနာအစာတွေမရှိတော့ ခပ်ပါးပါးလေးနဲ့ ကြည့်ကောင်းနေတာပေါ့။
ဒါကြောင့် Makeup Lover တဦးဆိုပေမယ့် နေ့တိုင်း Makeup ထူကြီးလိမ်းတာကို ရှောင်ပြီး special occasion မှ အမိုက်စားလိမ်းဖို့ Skin ထိန်းတဲ့အနေနဲ့ ဘယ်လိုလိမ်းလိမ်း ကောင်းတဲဘ သနပ်ခါးကိုပဲ စွဲလိမ်းဖို့ ဆုံးဖြတ်လိုက်ပါပြီ။

ဖြိုးပ ပြောပြသွားတဲ့ Products လေးတွေကို Review လိုချင်ပြောနော်။
Night Mask ကတော့ ဒီပိုစ့်လေး မတိုင်ခင် Review လေးတင်ထားပါတယ်။ တကယ်ကောင်းပါတယ်။ သွားဖတ်လိုက်အုန်းနော်။

#‎phyopapablogs
 

Comments

Popular Posts