"How to apply Highlighter easily"

Follow my blog with Bloglovin


ပျိုမေတို့အားလုံး အခုနောက်ပိုင်း မဟားတရားဆိုသလို စိတ်ဝင်စားလာကျတဲ့ Highlighter သို့ Illuminator လေးတွေအကြောင်း ပြောပြပေးပါ့မယ်နော်။ 

What is Highlighter?

ဒီ Beauty product ကတော့ အဆင်ပြေအောင် သုံးတက်မယ်ဆိုရင်တော့ မျက်နှာပြင် Features တွေရဲ့ High point နေရာတွေ (နဖူး၊ နှာရိုး၊ ပါးရိုး၊ မေးစေ့) မှာ အသားရောင်က အခြားအပိုင်းတွေထက် ပိုမိုလင်းလက် တောက်ပြောင်ပေါ်လွင် နေနိုင်စေပါတယ်။
Highlighter ကိုလည်း အရောင်မှန်ကန်စွာ ရွေးချယ်တက်ရန် အရေးကြီးပါသေးတယ်။
ဖြိုးပအနေနဲ့ကတော့ Highlight တင်ခြင်းက မျက်နှာပေါ် Reflective ဖြစ်ပြီး Dewy look ဖြစ်စေချင်တဲ့အခါမျိုး၊ ကျန်းမာစိုပြေတဲ့ အသားရေပုံ ဖမ်းချင်တဲ့ အခါမျိုးမှာ သုံးတယ်။
ဒါပေမယ့် အရမ်းကြီး လိမ်းထားတာ သိသာပြီး Shimmer တွေ Glitter တွေမျိုးတော့ အသုံးမိစေချင်ဘူး။ သဘာဝမကျတော့ဘူးပေါ့နော် 

ဒါကြောင့် ၀ယ်ဖို့ Tester တွေစမ်းတဲ့အခါ လက်ခုံပေါ် ခပ်ပါးပါး ဖြန့်ဆွဲကြည့်ပါ။ ခပ်ပြောင်ပြောင် ရေစိုအသွင်အပြင်မျိုး ရမယ်ဆိုရင်တော့ မျက်နှာပေါ်လည်း အဆင်ပြေလှပမဲ့ Highlight မျိုးပါ။
မိမိအသားရောင်နဲ့ ကိုက်တာမျိုး မရှာတက်ဘုဆိုရင် အလွယ်မှတ်နည်းကတော့ 

ညိုသူ - ရွှေရောင်သန်း အညိုရောင်သန်း
လတ်သူ - ပန်းရောင်သန်း Champagne ရောင်သန်း
ဖြူသူ - ပုလဲရောင်သန်း အဖြူသန်း တာမျိုးလေးတွေ ရွေးစေချင်ပါတယ်။ အဖြူရောင် အရမ်းလဲ Glitter မပါတဲ့ အရောင်တေကတော့ ဘယ်အသားရောင်ဖြစ်ဖြစ် လိုက်မယ်လို့ ထင်ပါတယ်။
ဖြိုးပကလည်း Beginner တယောက်ဆိုတော့ Highlighter ကို သုံးလို့ လွယ်တဲ့ မျက်နှာအစိတ်အပိုင်းလေး တွေကို ပြောပြပါ့မယ်။ 

မျက်ခုံးအပေါ်/အောက်၊ ပါးရိုး၊ မျက်လုံးအတွင်းထောင့် (inner corner)၊ Cupid Bow လို့ခေါ်တဲ့ နှုတ်ခမ်းထိပ်ဖျားလေးနဲ့ နှာရိုးတလျှောက် (ဖြိုးပကတော့ မကြိုက်ဘု အဆီပြန်တဲ့ပုံ ပေါက်လိုစ်)
Highlighter ကို powder or cream or liquid ဖြစ်ဖြစ် လိမ်းတဲ့အခါ Fan Brush ဆိုတာမျိုးလေးကို သုံးလိမ်းပေးတာကတော့ အကောင်းဆုံးနည်းဖြစ်ပြီး လက်နဲ့ လိမ်းလည်း အဆင်ပြေပါတယ်။
ဖြိုးပပုံမှာ လိမ်းရလွယ်တဲ့ နည်းလေးကို ပြထားလို့ Daily basic အနေနဲ့ Highlighter လိမ်းမယ်ဆိုရင် ပါးရိုးနဲ့ မျက်ခုံးရိုးကတော့ Natural အကျဆုံးပါပဲရှင်။ 

စာကလည်း အရမ်းရှည်နေလို့ Part 2 မှာ Drugstore best highlighter လေးတွေအကြောင်း ပြောပြပေးမယ်နော်။ လေ့လာလိုက်အုန်းမယ်။
အားလုံး ဒီစာကိုဖတ်ပြီး Highlighter အကြောင်းလေး နဲနဲသိသွားမယ်လို့ မျှော်လင့်မိပါတယ်။ LIKE & SHARE လေးလုပ်ဖို့ မမေ့နဲ့နော်။



Comments

Popular Posts