What is Ance & What to do about it ?

Follow my blog with Bloglovin

ဝက်ခြံဆိုတာဘာလဲ။ ဘာကြောင့်ဖြစ်နေတာလဲ။ ဖြစ်ရင်ရော ဘာတွေလုပ်သင့်လဲ။


တကမ္ဘာလုံးလူသားတွေရဲ့ ၈၅% က ၀က်ခြံကို အကြောင်းအမျိုးမျိုးကြောင့် skin problem အဖြစ်ရှိနေကြတဲ့အတွက် မိမိတယောက်တည်း ဖြစ်တာမဟုတ်ပါဘူး။ စိတ်ပိန်မနေနဲ့
ဒီမေးခွန်းတွေက ၀က်ခြံဖြစ်ခြင်းရဲ့ အရင်းအမြစ်ကို ဖော်ထုတ်နိုင်မှာပါ။ ဖြိုးပကိုယ်တိုင်တောင် ၀က်ခြံမတရားပေါက်လို့ အမြဲစိတ်ညစ်နေရတယ်။ အရင်ကတော့ အသက်အရွယ်ကြောင့်၊ လိမ်းမိတာတေကြောင့်၊ ညစ်ပတ်တာတွေကြောင့် အစုံပဲ ထင်ခဲ့မိတယ်။ ဒါကြောင့် အခြေခံသဘောလေး သိအောင်လေ့လာထားတာလေး ပြန်ဝေမျှပါရစေနော်။ 

ဝက်ခြံဆိုတာဘာလဲ။


ကျမတို့ရဲ အရေပြား မွှေးညင်းလေးပေါက်လေးတွေ (ချွေးပေါက်) လေးတွေက အဆီအညစ်ကျေးတွေ၊ အရေပြားဆဲလ်သေတွေနဲ့ ပိုးမွှားတွေကြောင့် ပိတ်ဆို့နေပြီဆိုရင်တော့ ၀က်ခြံအမျိုးမျိုး ထွက်လာပါတယ်။ 

ဝက်ခြံဘယ်နှမျိုးရှိလဲ။

ဝက်ခြံက ၅ မျိုးရှိတယ်။

၁ ဆားဝက်ခြံ (black head)
၂ ဆားဝက်ခြံဖြူ အချို့ကလည်း အဆီဖုလေးတွေလို့ ခေါ်တယ်။ (white head)
၃ ၀က်ခြံပုန်း (အနီရောင် ဖုသေးသေးလေးတွေ)
၎ ၀က်ခြံ (ထိပ်ပိုင်းမှာ စူပြီးထွက်နေတဲ့ အနေတော် ဖုတွေ)
၅ နောက်ဆုံးတမျိုးတော့ ဖြိုးပဘယ်လိုခေါ်ရမလဲတောင်မသိဘု 
အာ့ကဖြိုးပဖြစ်တာပါ (ဖုက အရေပြားပေါ်မထွက်ဘု သေးသေးလေးပဲ မြင်ရတယ်။ သို့ ဖိလိုက်ရင် အရေပြားအတွင်းထဲထိ နာကျင်ပြီး ညစ်မရပဲ တာရှည်ဖြစ်နေမယ်)။

ဝက်ခြံဖြစ်တဲ့ အကြောင်းအရင်းတွေက ဘာလဲ။ 
 
 အဓိက အရင်းအမြစ် ၅ မျိုးရှိတယ်။ 
 
၁ Hormones တွေကြောင့် မိမိသွေးသား ကိစ္စတွေကြောင့် ဖြစ်တယ်။
၂ အစားအသောက်တွေကြောင့် အချို့တွေ စားသောက်နေတဲ့ Diet လုပ်တာမျိုးတွေက ၀က်ခြံကို ပိုဆိုးစေတယ်လို့ သိရပါတယ်။
၃ Genes မိမိမျိုးရိုး ဗီဇသွေးသားကြောင့် မလွှဲရှောင်နိုင်အောင် ၀က်ခြံတွေပေါက်နိုင်တယ်။
၎ Infection ညစ်ပတ်တာတွေနဲ့ အမျိုးမျိုးသော Bacterial အကြောင်းအရာတွေကြောင့် ၀က်ခြံတွေက ကူးစက်နိုင်တယ်။ အခုနောက်ပိုင်း ဖုန်း Screen တွေကနေ ပါးကို ၀က်ခြံတွေကူးစက်တာတွေလာရတယ်။ ဖုန်းပွတ်တဲ့သူတွေ လက်ကို သန့်အောင်ထားပါ။
၅ Stress တွေများတာ ညအိပ်မပျော်တာက ၀က်ခြံဖြစ်နိုင်ချေကို ၅၀% လောက် မြှင့်တင်ပေးနိုင်တယ်လို့ သိရတယ်။ များများအိပ် 

ဝက်ခြံဖုများ ရရှိခြင်းနဲ့ ပတ်သက်ပြီး လူတွေဘာလုပ်နေကြလဲ။


ဝက်ခြံဖုထွက်ပြီဆိုတာနဲ့ လူတိုင်းဟာ ပျောက်ချင်စိတ်များပြီး မိမိဘာသာ လုပ်ခြင်းတွေကြောင့် ၀က်ခြံအမာရွတ်တွေ အသားချိုင့်တွေ ဖြစ်ပေါ်စေနိုင်တယ်။ ပျောက်ကင်းဖို့ထက် ပိုဆိုးနိုင်ပါတယ်။ ဒါကြောင့် မိမိက ဘယ်လို ၀က်ခြံအမျိုးအစားပေါက်နေတာလည်း မသိရင် Specialist နဲ့ပြသဖို့ အကောင်းဆုံးပါ။ သို့ ၁၀၀ မှာ ၇၀ လောက်ကတော့ ကိုယ့်နည်းကိုဟန်နဲ့ ပျောက်ကင်းအောင် လုပ်နေကြတယ်လို့ ကြားဖူးတယ်။ 

အဲ့ဒါဆို ၀က်ခြံထွက်လာရင် ဘာတွေအဓိက လုပ်သင့်လဲ။

အဓိကကတော့
၁။ မိမိဖုကို ကြီးကြီး သေးသေး မညစ်မိအောင် ကြိုးစားပါ။ တက်နိုင်သလောက် သန့်အောင်ထားပါ။
၂။ အစားအသောက် ဂရုစိုက်ပါ။ အစေ့အစံ၊ အသီးအနှံတွေ၊ ငါးအမျိုးမျိုးစားပါ။ ဂျူံလျော့စားပါ။
၃။ အသားရေကို Exfoliate လုပ်ပေးပါ ပြီးနောက် ရေနွေးငွေ့ခံပြီး ပေါင်းတင်သန့်ရှင်းရေး လုပ်ပေးပါ။
၎။ ပြီးနောက် ၀က်ခြံဖုကို ဆေးတခုခုသို့ specialist ညွှန်ကြားတဲ့တိုင်း Treatments တွေလုပ်ပြီးကုသပါ။

ဒီအမေးအဖြေ အချက်လေးတွေက ဖြိုးပလည်း ၀က်ခြံကုဖို့ လေ့လာရင်း အဓိက ကျတာလေးတွေ ပြန်ဝေမျှပေးတာပါ။ 

Comments

Popular Posts