STOP !! Social Media Negativity

Follow my blog with Bloglovin

အားလုံးနားနေပြီလားတော့ မသိဘူးနော်။
ဖြိုးပအခုမှ စိတ်ထဲတွေးမိတာလေးနဲ့ တွေဝေနေတာတွေကို ရေးချချင်စိတ်ပေါက်လာလိုပါ။
အခုနောက်ပိုင်း Anti Social Media လူသားတယောက်လိုတောင် ဖြစ်လာနေမိတယ်။ ဖြိုးပ Daily Social Media life မှာ တနေ့တနေ့ ကောင်းတာ ဆိုးတာတွေ အမျိုးမျိုးဘဲ တွေ့လာတယ်။ သတိထားမိလာတယ်။ မမြင်ချင် မသိချင်လို့ ရှောင်လို့တောင် မရဘူး Noti တွေတက်တာများ Deactivate တောင်လုပ်မိတယ်။
ပြောလို့ပြောတာမဟုတ်ဘူး။ လူတိုင်းလိုလိုက အခုနောက်ပိုင်း positive reasons တွေထက် negativity တွေပေးချင် မျှချင်လို့ သုံးနေသလိုပဲ ခံစားနေရတယ်။ 

ဥပမာ
လူတယောက်က Facebook post တခုမှာ Comment တခုဝင်ပေးသွားတယ်။ ကောင်းတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဆိုးတာလည်း ဖြစ်ချက်ဖြစ်မယ်။ တကယ်လိုများ Negative vibe လေးတခုကိုများ ရေးမိပါက နောက်ကနေ တပြုံလိုက်ကြီး လိုက်ပြီး Negative အကြောင်းအရာတွေ မဆီမဆိုင်ဝင်ဆဲ ပြောဆိုတာတွေ အရမ်းများတယ်။
ဒါမျိုးတွေ တွေ့တဲ့အခါ ကျမမေမေဆိုရင် ?
" သြ ညည်းတို့ social media ဆိုတာ စစ်ရင်ပြင်တခုပဲ။ စစ်ပွဲတွေက မရိုးရဘူး ဘယ်ကိုကြည့်ကြည့် အချင်းချင်း ခနဲ့ ကဲ့ရဲ့ မနာလို အမဲဖျက် နေတဲ့နေရာပဲ တဲ့ "
တကယ်လည်း အဲ့လိုဖြစ်နေတယ်လေ။ သူမှန်နေတယ်။ ဖြိုးပတို့ အဲ့လိုနေရာကို တနေ့နေ့ မရောက်မနေနိုင် ၂၄ နာရီ ဖုန်းပွတ်နေတာ အလကား ကိုယ်ဘ၀နဲ့မဆိုင်တဲ့ တိုးတက်ရာ တိုးတက်ကြောင်းမရှိတဲ့၊ ကိုယ်ကိုကိုယ်လည်း စိတ်ညစ်ညူးနေတဲ့နေရာကို ၀င်ဝင်ပြီး Negativity တွေ ထုတ်လွှတ်လိုက် ယူသွင်းလိုက် လုပ်သင့် မလုပ်သင့် စဉ်းစားပါအုန်း။ 

အဲ့လိုပဲ ဖြိုးပစာရေးတယ်။ sharing တွေမျိုးစုံလုပ်နေတယ်။ တက်နိုင်သလောက် ဖြိုးပရဲ့ အဆိုးဆုံးတနေ့တာရဲ့ အကောင်းဆုံးအချိန်လေးတွေကို ဖဲ့ဖဲ့ပြီး အားလုံးကို Positive vibes တွေ ဝေမျှနေတယ်။ ဒီပေ့ခ်ျလေးရဲ့ ရည်ရွယ်ချက်ကိုက အားလုံးကို Entertainment & Knowledge ပေးနေရင်း နေ့တနေ့ရဲ့ အဆိုးတွေထဲကနေ ဖြိုးပစာလေးတွေကြောင့် ၁၅ မိနစ်လောက် အဆိုးတွေ မေ့ပျောက်သွားစေချင်တာပါ။
ဒါတော့ဒါပေါ့ အချို့သော ဖြိုးပကို မသိသေးသူတွေ ကျမကို Negative vibes တွေတနေ့နေ့ လွှတ်နေတာများပါတယ်။ ဒါတွေကိုလည်း လာမယ်ဆိုတာသိရက်နဲ့ လုပ်နေတာပါ။ ကြိုးစားပြီး မေ့ထားတယ်။ အနည်းဆုံးတော့ ဖြိုးပ post တွေဖတ်နေတဲ့ လူသားအနည်းငယ်မျက်နှာကို ငဲ့ပြီး အမြဲ Active ဖြစ်နေအောင် လုပ်ပေးပါတယ်။ 

ဒါကြောင့် တခါတလေ ပိုစ့်နဲ့ မဆိုင်တာမျိုးတွေဝင် Negative and haters vibes တွေရေး အချင်းချင်း ငြင်းခုံ။ Comment box ဆိုတာက စိတ်ဝင်စားစရာ Discussion box ဖြစ်မယ့်အစား အမေပြောတဲ့ Social Media War ဖြစ်သွားတယ်။
ဘယ်သူမှလည်း ဒီ Social Media War မှာနောက်ဆုံး ချေပြောလိုက်ရလို့ ပျော်မဆုံး ဖြစ်နေမယ်လို့တော့ ဖြိုးပမထင်ပါဘူး။ ညကော အိပ်ပျော်ပါ့မလားလို့တောင် တွေးမိတယ်။
ကျေးဇူးပြုပြီး မလုပ်ပါနဲ့။ ကျမပိုစ့်တွေမှာပဲ မဟုတ်ပါဘူး။ ဘယ် Social media မှ Negativity တွေမလုပ်ပါနဲ့ အထူးသဖြင့် မိန်းခလေးတွေ အချင်းချင်း ကူညီဖေးမပေးပါ။
နောက်ဆုံး ကျမကို ရုပ်ဆိုးတယ် ကြည့်မရဘူး။ မျက်လုံးပြူးတယ်။ နှုတ်ခမ်းထော်တယ်။ ဘာမှမတက်ဘူး ထင်တယ်ဆိုရင် ဂရုမစိုက်နဲ့ ၀င်မကြည့်နဲ့ ၀င် Hater မလုပ်နဲ့။ အားလုံး မိမိကိုယ်ကို လူဆိုးဖြစ်အောင် မလုပ်စေချင်ဘူး။ 

ကျမတနေ့တနေ့ တင်နေတာတွေကြောင့် negativity တွေဖြစ်နေလား။ ok ! Unfollow လုပ်လိုက် unfriend လုပ်လိုက်။ ကျမအတွက ဘာမှမထိခိုက်သလို အားလုံးလည်း အမုန်းပွား ဝေဖန်နေတဲ့တာဝန်ပေါ့ပြီး Social media negativity လျော့မှာပါ။ 

နောက်ဆုံးတခုလေးတော့ ပြောပါရစေ။
လူတိုင်းကတော့ တနေ့နဲ့ တနေ အမြဲ Positive ဖြစ်ပြီး ပျော်နေဖို့က တော်တော်ကို မလွယ်တာပါ။
သို့ ပေမယ့်
ဘယ်သူမှလည်း Social media စစ်ပွဲတွေမှာ အခြေအတင်နိုင်ပြီး အောင်မြင်ပျော်ရွှင်တယ်ဆိုတာ လုံးဝလုံးဝ မရှိပါဘူး။ 

အာ့းလုံး အကောင်းလေးတွေပဲ ဝေမျှကြပါ။ 

Social Media က Positive ဖြစ်နေလေ ပိုပျော်ဖို့ကောင်းလေးပါနော်။
အားလုံးလည်း မိမိအတွေးလေး ပြောပြခဲ့နော်။ ပြန်လည် စေမျှပေးအုန်းနော်။
Love you all #‎phyopapablogs

Comments

  1. this was such a great post!!
    Have a great day,
    Madalena

    www.maadalenaaa.blogspot.com

    ReplyDelete
    Replies
    1. Ohhh....
      Thank you so much.

      Love all of your blogs too.
      you are so cute.
      "Greetings from Myanmar"

      Delete

Post a Comment

Popular Posts