How to transform your Makeup into Winter


ချစ်ချစ်တုံးလေးတို့ရေ ဖြိုးပတို့ ရန်ကုန်မြို့ကြီးလည်း အခုတလော ဆောင်းရဲ့အအေးဓာတ်ကို ခံစားလာရတဲ့ ဒီဇင်ဘာအချိန်ကာလကို ရောက်ရှိလာပြီနော်။ 
အဲ့ဒါကြောင့် ဆောင်းတွင်းအချိန်လေးအတွက် နောက်ကျနေပြီ ဆိုပေမယ့် ခါတော်မှီလေး ဆောင်းရာသီနဲ့ကိုက်တဲ့ cosmetics တွေအဆင်သင့်ဖြစ်အောင်ပြင်ဆင်ကြစို့နော် ..ဖြိုးပလည်း သိထားသလောက် လေးတွေပြန်ပြောပြဖို့ အဆင်သင့်နေပါပြီ။

နွေရာသီနဲ့ အခြားအချိန်တွေမှာ သုံးတဲ့ BB & CC Cream တွေကို ခဏသိမ်းထားလိုက်ပြီး Foundation ကိုအစားထိုးသုံးလိုက်ပါ။ သတိထားရမှာကတော့ အရမ်းအေး ခြောက်သွေ့တဲ့ ဒေသတွေက ချစ်တို့ကတော့ Foundation မလိမ်းခင် Moisture ဖြည့်ထားဖို့တော့ မမေ့နဲ့နော်။ 

နှုတ်ခမ်းလေးတွေ ခြောက်ခမ်းမကွဲအက် စေဖို့ကိုတော့ Lip Balm ကိုအမြဲလိုလို အိတ်ထဲရှိနေဖို့ လိုမယ်နော်။ ဆောင်းအငွေ့အသက်လေးတွေ ခံစားချင်သူများကတော့ ပါးလွှာပြီး အရောင်ဖျော့တဲ့ နှုတ်ခမ်းဆိုးဆေးတွေနေရာမှာ ထူထူထဲထဲနဲ့ အရောင်ရင့်ရင့် နှုတ်ခမ်းဆိုးဆေးတွေကို အစားထိုးလိုက်ပါ ။

မျက်ဝန်းအလှအပတွက်တော့ အပြောင်တွေပါတဲ့ (Shimmer Eye Shadows) ရှဲဒိုးနေရာမှာ အရောင်သပ်သပ်ရှဲဒိုး (matte) တွေကိုအစားထိုးလိုက်ပါ။ 

Baked Bronzer တွေနဲ့ ခပ်ပြောင်ပြောင်လတ်လတ် နေလောင်ခံ ထားသလို ပါးပေါ်မှာမချယ်တော့ပဲ Matte effects ပေးနိုင်တဲ့ Bronzer နဲ့မျက်နှာအစိတ်အပိုင်းတွေကို ပိုမိုထင်ရှားအောင် contour ပြောင်းလုပ်ပေးပါ။ 

ကဲ…. အဲ့ဒါဆိုရင်တော့ ရန်ကုန်ဆောင်း မအေးတအေးမှာ မိတ်ကပ် ထင်းထင်းပြင်ပြီး အအေးဒဏ်ကို အံတုကြရင်း ဖြိုးပရဲ့ ချစ်စစ်တို့ အားလုံး အမြဲလှပနေနိုင်ပါစေနော်။ 

အစဉ်ကြိုးစားလျက် #phyopapablogs

Comments

Popular Posts